စိုင်းကို တောင်ကြီးရဲ့တနင်္ဂနွေအကျိုးပြုစျေးကွက်

စိုင်းကို တောင်ကြီးရဲ့တနင်္ဂနွေအကျိုးပြုစျေးကွက်

မနေ့တုန်းကရာသီအစမို့ အကျိုးပြုစျေးကွက်ကို မရေးဖြစ်ခဲ့ဘူး။ အလုပ်ကများသလို ရာသီအဖွင့်ညစောင့်ကြည့်ချင်တာကြောင့်လည်းမရေးဖြစ်ခဲ့တာပါ။ကြုံတုန်းပြောရရင်ညတုန်းကရာသီအဖွင့်ပရီးမီးယားလိဂ်မှာအပေါ်အသင်းတွေအောင်ပွဲခံခဲ့တာ တွေ့ရတယ်။စုစုပေါင်း ၇ပွဲရှိတာ ဝက်ဖို့ဒ်တစ်သင်းတည်းသာ အောက်ကြေးအောင်ခဲ့ပြီး ကျန်၆ပွဲမှာတော့ အပေါ်သင်းတွေဖြစ်ကြတဲ့ မန်ယူ၊ ဘရိုက်တန်၊ ချဲလ်ဆီး၊ အဲဗာတန်၊ လက်စတာ၊ လီဗာပူးတို့ အောင်ပွဲဆင်ခဲ့ကြတယ်။

ဒီကနေ့ည ပရီးမီးယားလိဂ်မှာတော့ ကစားဖို့ ၂ပွဲကျန်ရှိသေးတာကြောင့် အဲဒီ ၂ပွဲစလုံးကို လိဂ်အလိုက်ကြေးလေ့လာသူတွေက အောက်ကြေးအောင်မယ်လို့ ခန့်မှန်းထားကြတယ်။ဒါကလည်း ပွဲစဉ်တစ်ခုလုံးနီးပါးချည်း အပေါ်သင်းတွေအောင်လေ့အောင်ထနည်းပါးတဲ့ အစဉ်အလာအရ စဉ်းစားကြတာပါ။ကျွန်တော်ဆွဲထုတ်လာတဲ့ ဖော်မြူလာက ကိုမင်းနဒီရဲ့ Change၊ ကိုကျော်မျိုးအောင်ရဲ့ Follow တို့နဲ့ သဘောတရားချင်း အတူတူပါပဲ။တစ်ခါတလေ ကြေးပြင်းရာဘက်ကို လိုက်တယ်။ ရံဖန်ရံခါ ကြေးပျော့ဘက်လိုက်တယ်။ ဒါလေးပဲ ကွာခြားတာပါ။ကျွန်တော်ကတော့ ဒီရာသီမှာ ပြင်းလေရှောင်လေဖော်မြူလာကို သုံးဖို့ဟန်ပြင်ထားတယ်။ပြင်းလေရိုက်လေဖော်မြူလာက မနှစ်ကရာသီမှာ အလုပ်သိပ်မဖြစ်ခဲ့လို့လေ။ကိုင်း အင်္ဂလန်ပရီးမီးယားလိဂ်ရပ်ဝန်းဆီ စတင်အတောင်ပံဖြန့်ပြီဗျာ။


နယူးကာဆယ်-ဝက်စ်ဟမ်းပွဲမှာ ဝက်စ်ဟမ်းဘက်ကနေ သရေ ၆၀အရှုံး စတင်အကျောပေးခဲ့တယ်။ ဒါပေမဲ့လည်း နောက်ပိုင်း ဝက်စ်ဟမ်းရဲ့အကျောပေးမှု တစ်ရိပ်ရိပ်ပျော့ကျလာလိုက်တာ အခုဆိုရင် သရေ ၂၀ရှုံးပဲ ရှိတော့တဲ့အထိပဲ။ပြား ၄၀အထိ ပြောင်းသွားတာဖြစ်လို့ ပြင်းပြင်းရှရှဆင်းတာမျိုး မဟုတ်ပေမယ့် ရွေးချယ်မှုလုပ်လို့ရတဲ့ အနေအထားပါ။ ဒီပွဲရဲ့ဂိုးပေါင်းစျေးကတော့ ၂-၉၀ ကနေ ၃+၉၀ဖြစ်လာလို့ အရမ်းကြီးမထူးခြားလှဘူး။အခုလို စျေးကျလာရတာဟာ နယူးကာဆယ်ဘက်ကို လူကြိုက်များနေပြီး သူတို့ရဲ့ရာသီကြိုရလဒ်တွေကလည်း အားရစရာကောင်းနေလို့ပါ။

ဝက်စ်ဟမ်းရဲ့မာကျောထက်မြက်မှုကိုကျတော့ ဘာလို့မမြင်ကြတာလဲ။ မျက်လုံးကန်းနေလို့လား။ ဒီလိုကြေးအတက်အဆင်းတွေကဆိုက်ဝါးဖြစ်နိုင်တယ်ဆိုတာပြီးခဲ့တဲ့ရာသီကတည်းကကျွန်တော်တို့သိခဲ့ကြပြီးပြီမလား။ပြီးခဲ့တဲ့ရာသီနှစ်ကျော့စလုံး နယူးကာဆယ်ကချည်းပဲနိုင်ထားတဲ့ မှတ်တမ်းမှတ်ရာကြောင့်လည်း ဖြစ်နိုင်တယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်ကတော့ နယူးကာဆယ်ကိုအထင်မကြီးဘူး။ မာယာဆိုတာတွေ ထောင်ချောက်ဆိုတာတွေကိုရှောင်ရှားပြီး ပျော့လာလေလေ ကြိုက်လေလေ ဖော်မြူလာကို လက်ကိုင်စွဲမှာမို့လို့ ဝက်စ်ဟမ်းကို နံပါတ်တစ်ပစ်မှတ်အဖြစ်ရွေးချယ်လိုက်ပါတယ်။တူကြီးကိုင်မြှောက်လို့ ငှက်ကျားအစုတ်ပလုတ်ကို ထုလိုက်ကြပါစို့ဗျာ။

စပါး-မန်စီးတီးပွဲကတော့ ဘော်ဒီစျေးမလှုပ်မယှက်။ ဂိုးပေါင်းစျေးကလည်း ပျော့ကျလာတယ်ဆိုပေမယ့် ၂၅ပဲရှိလို့ မရွေးချင်ပြန်ဘူး။အဲဒီတော့ စပိန်လာလီဂါထဲကို ခြေဆက်လှမ်းလိုက်တယ်။ ၃ပွဲရှိတဲ့အထဲကနေ ဆယ်တာဗီဂို-အက်သလက်တီကိုပွဲရဲ့ဂိုးပေါင်းစျေး ပြောင်းလဲနေတာပဲ မြင်မိတယ်။စတင်စျေး ၂-၈၀ကနေပြီး ၂-၂၅အထိ ပျော့ကျသွားခဲ့ရတာဖြစ်တယ်။ အရင်ဖော်မြူလာအတိုင်းဆိုရင်ဘာမှစဉ်းစားမနေတော့ဘဲဂိုးအောက်ကို အပီဆွဲတာပေါ့ဗျာ။အခုကျတော့မယုံရဲတော့ဘူး။ ဘာဖြစ်လို့ ဒီလိုမာယာများပြီးပလီစိခြောက်ချက် ဖြစ်သွားရတာလဲ။တွေ့ခဲ့တဲ့ နောက်ဆုံး ၆ပွဲမှာဂိုးပေါ်အောင်တာရှားရှားပါးပါးတစ်ပွဲတည်းသာရှိလို့ဆိုရင်အစောကြီးကတည်းကဂိုးပေါင်းစျေးပျော့နေရမှာမဟုတ်ဘူးလား။

ဆယ်တာဗီဂိုရဲ့လာလီဂါခြေစွမ်းက တိုက်စစ်ကောင်းပြီး ခံစစ်ကလည်း ဂိုးအလှူပေးတတ်တယ်ဆိုတာ အရှင်းကြီးပါ။ရာသီကြိုခြေစမ်းပွဲတွေမှာ ဂိုးတွေသွင်း၊ ဂိုးတွေပေးနေတဲ့ အက်သလက်တီကိုဆိုတာကလည်း ပြီးခဲ့တဲ့ ရာသီနှောင်းပိုင်းကတည်းက ခံစစ်လုံခြံုအောင်ကစားခြင်းမရှိတော့ပါဘူး။ဒီလိုအခြေအနေတွေကြားထဲကမှ ဂိုးပေါင်းစျေး ပျော့ကျလာပေးနေတယ်ဆိုတာ လူပြိန်းတွေးတွေးတတ်သူတွေကို ချောင်းရိုက်ဖို့ဟန်ပြင်နေသလိုပဲ။ထားပါတော့ တီကိုပွဲဂိုးအပေါ်က စူပါဆန်းဒေးည ဒုတိယပစ်မှတ်ဖြစ်လာခဲ့ရပါပြီ။

ဒီတစ်ပတ် အီတလီစီးရီးအေ မစတင်သေးဘူး။ ဒါကြောင့် ဂျာမန်ဘွန်ဒက်စ်လီဂါထဲ ဝင်လိုက်တယ်။ကစားဖို့ ၂ပွဲရှိတဲ့အထဲမှာ ကြေးပြင်းပြင်းရှရှပြောင်းနေတာ တစ်ကြောင်းမြင်မိတယ်။မိန့်ဇ်-လစ်ဇစ်ပွဲရဲ့ဘော်ဒီကြေးပါ။ ကနဦးမှာ လစ်ဇစ်ဘက်ကနေ ၁+၁၀ အကျောပေးခဲ့ပြီး အခုဆိုရင် ၁-၈၅အထိတောင်ပြင်းရှလာခဲ့ရတယ်။ပြား ၁၀၀လောက်အထိတောင်ကြောက်ခမန်းလိလိပြောင်းလဲချက်ပါပဲ။လူတွေအတော်များများကတော့ထုံးစံအတိုင်းလစ်ဇစ်ကြေးပြင်းနေပြီဟေ့ဆိုပြီး လစ်ဇစ်မှ လစ်ဇစ် ကောက်ကောက်ပါအောင် လိုက်လာကြပါလိမ့်မယ်။အပေါ်အသင်းကြီလည်းဖြစ်နေသကိုးဗျ။ ဒါကကျွန်တော် အေးဂျင့်နဲ့ ကော်မရှင်လုပ်ခဲ့တဲ့ ၁၀နှစ်ကျော်အတွေ့အကြံုအရ သိထားတာပါ။

တကယ်ဆိုရင် လစ်ဇစ်ရဲ့ရာသီကြိုခြေစွမ်းနဲ့ ရလဒ်ပိုင်းတွေက ဘာများမက်မောစရာ ရှိနေလို့လဲဗျာ။ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းရလဒ်တွေကလည်း ခံစစ်အယိုယိုအယွင်းယွင်းနဲ့ ကသောင်းကနင်းနိုင်ခဲ့တာလေ။မိန့်ဇ်ဆိုတာက ရာသီကြိုကာလတစ်လျှောက်လုံး အနိုင်ရလဒ်တွေချည်းစိုက်ထူထားပြီး လီဗာပူးနဲ့ခြေစမ်းပွဲတစ်ပွဲသာ ၁-၀ဂိုးနဲ့ ပွတ်ကာသီကာအရေးနိမ့်ခဲ့တာပါ။လီဗာပူးရှုံးပွဲမတိုင်ခင်သူတို့ရဲ့ပြိုင်ပွဲစုံနောက်ဆုံး၁၇ပွဲမှာလည်း မိန့်ဇ်အသင်း ရှုံးပွဲဆိုလို့ ရှားရှားပါးပါး ၂ပွဲတည်းပဲ ကြံုတွေ့ခဲ့ရတယ်။နောက်ပြီးတော့ ဂီလာနများနေတာကလစ်ဇစ်ပါ။ မိန့်ဇ်ကွင်းမှာ သွားကစားတဲ့ဘွန်ဒက်စ်လီဂါနောက်ဆုံး ၄ပွဲအနက် လစ်ဇစ်နိုင်တာကလည်း ရှားရှားပါးပါးတစ်ပွဲတည်းရယ်။ဒါနဲ့များ လစ်ဇစ်က ဘာလို့ကြေးအရမ်းပြင်းလာနေတာလဲ။ လူကြိုက်တကယ်များလို့လား။ဦးချစ်ကောင်းလိုမျိုး ”သွားစမ်းပါ မာယာတွေရိုးနေပြီကွာ”လို့ သီဆိုရေရွတ်ရင်း မိန့်ဇ်…မိန့်ဇ်…မိန့်ဇ်လို့ အော်ဟစ်လိုက်ချင်ပါတယ်။

အနှစ်ချုပ်ပြောရရင်ဒီညအတွက်ရွေးချယ်ပေးတာ ၃ကြောင်း။ပရီးမီးယားလိဂ်က ဝက်စ်ဟမ်း၊ စပိန်လာလီဂါက အက်သလက်တီကိုပွဲ ဂိုးပေါ်၊ ဂျာမန်ဘွန်ဒက်စ်လီဂါကမိန့်ဇ်တို့ပါပဲ။ကျွန်တော့်ရဲ့ မိတ်ဆွေအပေါင်းအသင်းရောင်းရင်းအားလုံးရွေချယ်ပေးတဲ့ ၃ပွဲစလုံးအောင်ပွဲခံနိုင်ကြပါစေကြောင်းကျွန်တော်စိုင်းကိုကဆုတောင်းပေးလိုက်ပါတယ်။