Premier League Hall Of Fame တွင် ချဲလ်ဆီးဂန္ထဝင်ဖရန့်လမ်းပတ်နှင့်ဒင်းနစ်ဘားကမ့်ထည့်သွင်းခံရ

ချဲလ်ဆီးဂန္ထဝင်ကစားသမားဖရန့်လမ်းပတ်ဟာပရိသတ်များရဲ့မဲဆန္ဒဖြင့် Premier League Hall Of Fame တွင်ထည့်သွင်းခြင်းခံရတဲ့တတိယနှင့်စတုတ္ထမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။

ချဲလ်ဆီးကစားသမားဟောင်းနှင့်အာဆင်နယ်ကစားသမားဟောင်းတို့ဟာရွိုင်ကိန်းနှင့်အဲရစ်ကန်တိုနာတို့ပြီးနောက်ပရိသတ်များရဲ့မဲဆန္ဒဖြင့် Premier League Hall Of Fame တွင်ထည့်သွင်းခြင်းခံရတာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဟာ Premier League Hall Of Fame ကိုကြေညာပြီးနောက်နယူးကာဆယ်ဂန္ထဝင်တိုက်စစ်မှူးအလန်ရှီးယားနှင့်အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူးသီယာရီဟင်နရီတို့ကိုပထမဆုံးထည့်သွင်းခဲ့ပါတယ်။ယင်းနောက်တွင်ပရီးမီးယားလိဂ်ဟာပရိသတ်များရဲ့မဲဖြင့်အဲရစ်ကန်တိုနာ၊ရွိုင်ကိန်း၊လမ်းပတ်နှင့်ဒင်းနစ်ဘားကမ့်တို့ကိုဆက်တိုက်ရွေးချယ်လာခြင်းဖြစ်ပါတယ်။

အသက်၄၂နှစ်ရှိအင်္ဂလန်လက်ရွေးစင်ဟောင်းဖရန့်လမ်းပတ်ဟာဝက်စ်ဟမ်း၊ချဲလ်ဆီး၊မန်စီးတီးတို့တွင်ကစားခဲ့ဖူးပြီးပရီးမီးယားလိဂ်၆၀၉ပွဲကစားကာ၁၇၇ဂိုးသွင်းယူခဲ့သူလည်းဖြစ်ပါတယ်။

သူဟာချဲလ်ဆီးအတွက်သုံးရာသီကစားစဉ်အတွင်းတွင်ပရီးမီးယားလိဂ်ဖလား၃ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။သူဟာ၂၀၀၄-၀၅ရာသီတွင်ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်အောင်အဓိကနေရာမှကူညီနိုင်ခဲ့ပြီးနောက်ချဲလ်ဆီးတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်းဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာအင်္ဂလန်လက်ရွေးစင်အသင်းအတွက်၁၀၆ပွဲကစားခဲ့သူဖြစ်ပါတယ်။

အာဆင်နယ်တိုက်စစ်မှူးဟောင်းဒင်းနစ်ဘားကမ့်မှာလည်း၁၉၉၅ခုနှစ်တွင်အင်တာမီလန်မှပြောင်းရွှေ့လာပြီးနောက်အာဆင်နယ်အတွက်၃၁၅ပွဲကစားကာ၈၇ဂိုးသွင်းယူပေးခဲ့သူလည်းဖြစ်ပါတယ်။အာဆင်နယ်အတွက်ဖန်တီးမှု၉၄ကြိမ်အထိပြုလုပ်ခဲ့တဲ့သူဟာ၂၀၀၃ခုနှစ်တုန်းကနယူးကာဆယ်နှင့်ပွဲတွင်ပရီးမီးယားလိဂ်သမိုင်းတွင်အကောင်းဆုံးဂိုးများထဲမှတစ်ဂိုးသွင်းယူခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

Premier League Hall Of Fame တြင္ ခ်ဲလ္ဆီးဂႏၴဝင္ဖရန႔္လမ္းပတ္ႏွင့္ဒင္းနစ္ဘားကမ့္ထည့္သြင္းခံရ

ခ်ဲလ္ဆီးဂႏၴဝင္ကစားသမားဖရန႔္လမ္းပတ္ဟာပရိသတ္မ်ားရဲ႕မဲဆႏၵျဖင့္ Premier League Hall Of Fame တြင္ထည့္သြင္းျခင္းခံရတဲ့တတိယႏွင့္စတုတၳေျမာက္ကစားသမားျဖစ္လာခဲ့ပါတယ္။

ခ်ဲလ္ဆီးကစားသမားေဟာင္းႏွင့္အာဆင္နယ္ကစားသမားေဟာင္းတို႔ဟာ႐ြိဳင္ကိန္းႏွင့္အဲရစ္ကန္တိုနာတို႔ၿပီးေနာက္ပရိသတ္မ်ားရဲ႕မဲဆႏၵျဖင့္ Premier League Hall Of Fame တြင္ထည့္သြင္းျခင္းခံရတာလည္းျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ဟာ Premier League Hall Of Fame ကိုေၾကညာၿပီးေနာက္နယူးကာဆယ္ဂႏၴဝင္တိုက္စစ္မႉးအလန္ရွီးယားႏွင့္အာဆင္နယ္ဂႏၴဝင္တိုက္စစ္မႉးသီယာရီဟင္နရီတို႔ကိုပထမဆုံးထည့္သြင္းခဲ့ပါတယ္။ယင္းေနာက္တြင္ပရီးမီးယားလိဂ္ဟာပရိသတ္မ်ားရဲ႕မဲျဖင့္အဲရစ္ကန္တိုနာ၊႐ြိဳင္ကိန္း၊လမ္းပတ္ႏွင့္ဒင္းနစ္ဘားကမ့္တို႔ကိုဆက္တိုက္ေ႐ြးခ်ယ္လာျခင္းျဖစ္ပါတယ္။

အသက္၄၂ႏွစ္ရွိအဂၤလန္လက္ေ႐ြးစင္ေဟာင္းဖရန႔္လမ္းပတ္ဟာဝက္စ္ဟမ္း၊ခ်ဲလ္ဆီး၊မန္စီးတီးတို႔တြင္ကစားခဲ့ဖူးၿပီးပရီးမီးယားလိဂ္၆၀၉ပြဲကစားကာ၁၇၇ဂိုးသြင္းယူခဲ့သူလည္းျဖစ္ပါတယ္။

သူဟာခ်ဲလ္ဆီးအတြက္သုံးရာသီကစားစဥ္အတြင္းတြင္ပရီးမီးယားလိဂ္ဖလား၃ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။သူဟာ၂၀၀၄-၀၅ရာသီတြင္ပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္ေအာင္အဓိကေနရာမွကူညီႏိုင္ခဲ့ၿပီးေနာက္ခ်ဲလ္ဆီးတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုလည္းဆြတ္ခူးႏိုင္ခဲ့ပါတယ္။

သူဟာအဂၤလန္လက္ေ႐ြးစင္အသင္းအတြက္၁၀၆ပြဲကစားခဲ့သူျဖစ္ပါတယ္။

အာဆင္နယ္တိုက္စစ္မႉးေဟာင္းဒင္းနစ္ဘားကမ့္မွာလည္း၁၉၉၅ခုႏွစ္တြင္အင္တာမီလန္မွေျပာင္းေ႐ႊ႕လာၿပီးေနာက္အာဆင္နယ္အတြက္၃၁၅ပြဲကစားကာ၈၇ဂိုးသြင္းယူေပးခဲ့သူလည္းျဖစ္ပါတယ္။အာဆင္နယ္အတြက္ဖန္တီးမႈ၉၄ႀကိမ္အထိျပဳလုပ္ခဲ့တဲ့သူဟာ၂၀၀၃ခုႏွစ္တုန္းကနယူးကာဆယ္ႏွင့္ပြဲတြင္ပရီးမီးယားလိဂ္သမိုင္းတြင္အေကာင္းဆုံးဂိုးမ်ားထဲမွတစ္ဂိုးသြင္းယူခဲ့သူလည္းျဖစ္ပါတယ္။