Premier League Hall Of Fame တွင် ထည့်သွင်းခံခဲ့ရတဲ့ သရဲနီဂန္ထဝင်

မန်ယူဂန္ထဝင်အဲရစ်ကန်တိုနာဟာPremier League Hall Of Fame တွင်တတိယမြောက်ထည့်သွင်းခြင်းခံရတဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဟာအသစ်ဖန်တီးလိုက်တဲ့ Premier League Hall Of Fame အတွက်ဆန်ကာတင်စာရင်း၂၃ဦးကိုကြေညာပြီးနောက်ယခုနှစ်အစောပိုင်းတုန်းကသီယာရီဟင်နရီနှင့်အလန်ရှီးယားတို့ကိုထည့်သွင်းခဲ့ပါတယ်။

ယခုအခါမန်ယူကျောနံပါတ်၇ပိုင်ရှင်ဟောင်းဟာလည်း Premier League Hall Of Fame တွင် ထပ်မံထည့်သွင်းခြင်းခံလာရပါတယ်။

ကန်တိုနာဟာပရီးမီးယားလိဂ်ခေတ်အစပိုင်းတွင်စစ်မှန်တဲ့စူပါစတားကစားသမားတစ်ဦးဖြစ်ခဲ့သူဖြစ်ပါတယ်။သူဟာ၁၉၉၂ခုနှစ်၊နိုဝင်ဘာလမှာလိဒ်မှမန်ယူသို့ပေါင်၁.၂သန်းဖြင့်ပြောင်းခဲ့ပြီးနောက်၁၉၉၀ခုနှစ်များတုန်းကပရီးမီးယားလိဂ်ကိုလွှမ်းမိုးနိုင်အောင်မန်ယူအားကူညီခဲ့ပါတယ်။

သူဟာဘောလုံးကျွမ်းကျင်မှုများ၊သွင်းဂိုးတို့ကိုသာမန်ယူသို့ယူဆောင်လာခြင်းမဟုတ်ဘဲမန်ယူအသင်းမှကစားသမားများကိုအနိုင်ရယူရေးတိုက်ပွဲဝင်သူများဖြစ်လာအောင်စိတ်ဓာတ်ပြောင်းလဲပစ်ခဲ့သူလည်းဖြစ်ပါတယ်။

အဲရစ်ကန်တိုနာဟာမန်ယူအသင်း၁၉၉၂-၉၃မှ၁၉၉၆-၉၇အတွင်းပရီးမီးယားလိဂ်ဖလားငါးကြိမ်ဆွတ်ခူးရာမှာလေးကြိမ်ဆွတ်ခူးနိုင်အောင်ကူညီခဲ့သူလည်းဖြစ်ပါတယ်။

သူဟာပရီးမီးယားလိဂ်ဂိုး၇၀သွင်းယူပြီး၅၆ကြိမ်ဖန်တီးမှုပြုလုပ်ခဲ့ပါတယ်။သူကစားတဲ့ငါးရာသီမှာမန်ယူချန်ပီယံမဖြစ်ခဲ့တဲ့ရာသီမှာ၁၉၉၄-၉၅ရာသီတုန်းကပဲလေ့စ်ပရိသတ်တစ်ဦးကိုကွန်ဖူးကစ်ဖြင့်ကန်မှုကြောင့်ကိုးလပွဲပယ်ခံရမှုကြောင့်ဖြစ်ပါတယ်။

အဲရစ်ကန်တိုနာဟာမန်ယူရဲ့Class Of 92 ကစားသမားများဖြစ်ကြတဲ့ရွိုင်ယန်ဂစ်၊ဒေးဗစ်ဘက်ဟမ်း၊ဂယ်ရီနဗီးလ်၊ပေါလ်စခိုးလ်တို့ကိုထိပ်တန်းကစားသမားများဖြစ်အောင်အကူအညီများပေးခဲ့သူလည်းဖြစ်ပါတယ်။

သူဟာအသက်၃၀နှစ်အရွယ်တွင်ငယ်ငယ်ရွယ်ရွယ်ဖြင့်ဘောလုံးလောကမှအနားယူခဲ့ပြီးဘောလုံးလောကတစ်ခုလုံးအံ့ဩသင့်ခဲ့ရပါတယ်။

ZawGyi

Premier League Hall Of Fame တြင္ ထည့္သြင္းခံခဲ့ရတဲ့ သရဲနီဂႏၴဝင္

မန္ယူဂႏၴဝင္အဲရစ္ကန္တိုနာဟာPremier League Hall Of Fame တြင္တတိယေျမာက္ထည့္သြင္းျခင္းခံရတဲ့ကစားသမားျဖစ္လာခဲ့ပါတယ္။

ပရီးမီးယားလိဂ္ဟာအသစ္ဖန္တီးလိုက္တဲ့ Premier League Hall Of Fame အတြက္ဆန္ကာတင္စာရင္း၂၃ဦးကိုေၾကညာၿပီးေနာက္ယခုႏွစ္အေစာပိုင္းတုန္းကသီယာရီဟင္နရီႏွင့္အလန္ရွီးယားတို႔ကိုထည့္သြင္းခဲ့ပါတယ္။

ယခုအခါမန္ယူေက်ာနံပါတ္၇ပိုင္ရွင္ေဟာင္းဟာလည္း Premier League Hall Of Fame တြင္ ထပ္မံထည့္သြင္းျခင္းခံလာရပါတယ္။

ကန္တိုနာဟာပရီးမီးယားလိဂ္ေခတ္အစပိုင္းတြင္စစ္မွန္တဲ့စူပါစတားကစားသမားတစ္ဦးျဖစ္ခဲ့သူျဖစ္ပါတယ္။သူဟာ၁၉၉၂ခုႏွစ္၊ႏိုဝင္ဘာလမွာလိဒ္မွမန္ယူသို႔ေပါင္၁.၂သန္းျဖင့္ေျပာင္းခဲ့ၿပီးေနာက္၁၉၉၀ခုႏွစ္မ်ားတုန္းကပရီးမီးယားလိဂ္ကိုလႊမ္းမိုးႏိုင္ေအာင္မန္ယူအားကူညီခဲ့ပါတယ္။

သူဟာေဘာလုံးကြၽမ္းက်င္မႈမ်ား၊သြင္းဂိုးတို႔ကိုသာမန္ယူသို႔ယူေဆာင္လာျခင္းမဟုတ္ဘဲမန္ယူအသင္းမွကစားသမားမ်ားကိုအႏိုင္ရယူေရးတိုက္ပြဲဝင္သူမ်ားျဖစ္လာေအာင္စိတ္ဓာတ္ေျပာင္းလဲပစ္ခဲ့သူလည္းျဖစ္ပါတယ္။

အဲရစ္ကန္တိုနာဟာမန္ယူအသင္း၁၉၉၂-၉၃မွ၁၉၉၆-၉၇အတြင္းပရီးမီးယားလိဂ္ဖလားငါးႀကိမ္ဆြတ္ခူးရာမွာေလးႀကိမ္ဆြတ္ခူးႏိုင္ေအာင္ကူညီခဲ့သူလည္းျဖစ္ပါတယ္။

သူဟာပရီးမီးယားလိဂ္ဂိုး၇၀သြင္းယူၿပီး၅၆ႀကိမ္ဖန္တီးမႈျပဳလုပ္ခဲ့ပါတယ္။သူကစားတဲ့ငါးရာသီမွာမန္ယူခ်န္ပီယံမျဖစ္ခဲ့တဲ့ရာသီမွာ၁၉၉၄-၉၅ရာသီတုန္းကပဲေလ့စ္ပရိသတ္တစ္ဦးကိုကြန္ဖူးကစ္ျဖင့္ကန္မႈေၾကာင့္ကိုးလပြဲပယ္ခံရမႈေၾကာင့္ျဖစ္ပါတယ္။

အဲရစ္ကန္တိုနာဟာမန္ယူရဲ႕Class Of 92 ကစားသမားမ်ားျဖစ္ၾကတဲ့႐ြိဳင္ယန္ဂစ္၊ေဒးဗစ္ဘက္ဟမ္း၊ဂယ္ရီနဗီးလ္၊ေပါလ္စခိုးလ္တို႔ကိုထိပ္တန္းကစားသမားမ်ားျဖစ္ေအာင္အကူအညီမ်ားေပးခဲ့သူလည္းျဖစ္ပါတယ္။

သူဟာအသက္၃၀ႏွစ္အ႐ြယ္တြင္ငယ္ငယ္႐ြယ္႐ြယ္ျဖင့္ေဘာလုံးေလာကမွအနားယူခဲ့ၿပီးေဘာလုံးေလာကတစ္ခုလုံးအံ့ဩသင့္ခဲ့ရပါတယ္။