Premier League Hall Of Fame တွင် မန်ယူဂန္ထဝင် ဘက်ဟမ်းလည်း ပါဝင်လာ

မန်ယူဂန္ထဝင်ကစားသမားဒေးဗစ်ဘက်ဟမ်းဟာPremier League Hall Of Fame တွင်ရွေးချယ်ခြင်းခံလာရပါတယ်။ဒေးဗစ်ဘက်ဟမ်းဟာသီယာရီဟင်နရီ၊အလန်ရှီးယား၊ဒင်းနစ်ဘားကမ့်၊ရွိုင်ကိန်း၊အဲရစ်ကန်တိုနာ၊ဖရန့်လမ်းပတ်၊စတီဗင်ဂျရတ်တို့ပြီးနောက် Premier League Hall Of Fame တွင်ရွေးချယ်ခြင်းခံလာခဲ့ရတာလည်းဖြစ်ပါတယ်။

ဒေးဗစ်ဘက်ဟမ်းဟာမန်ယူရဲ့Class Of 92 ရဲ့အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပြီးအိုးထရက်ဖို့ဒ်တွင်ကျင်လည်စဉ်အတွင်းပရီးမီးယားလိဂ်၆လုံးအပြင်အက်ဖ်အေဖလား၂လုံးနှင့်ချန်ပီယံလိဂ်ဖလားတို့လည်းဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဘက်ဟမ်းဟာပရီးမီးယားလိဂ်တွင်တိကျသေချာလှတဲ့ဖြတ်တင်ဘော၊ဖရီးကစ်တို့ဖြင့်နာမည်ကျော်ကြားခဲ့သူဖြစ်ပါတယ်။သူဟာပရီးမီးယားလိဂ်တွင်ဖရီးကစ်မှ၁၈ဂိုးအထိသွင်းယူခဲ့ကာပရီးမီးယားလိဂ်သမိုင်းတွင်ဖရီးကစ်ဂိုးအများဆုံးသွင်းယူထားသူအဖြစ်ရပ်တည်နေဆဲဖြစ်ပါတယ်။

ဒေးဗစ်ဘက်ဟမ်းက “ပရီးမီးယားလိဂ်ကကျွန်တော့်ကစားသမားဘဝနဲ့ဘဝရဲ့အရေးအပါဆုံးအစိတ်အပိုင်းဖြစ်ပါတယ်။ကျွန်တော်နဲ့တွဲကစားခဲ့တဲ့စံပြကစားသမားတွေနဲ့အတူအသိအမှတ်ပြုခြင်းခံရလို့ဝမ်းသာရပါတယ်။ပရိသတ်တွေရဲ့မဲဆန္ဒနဲ့ရွေးချယ်တာဖြစ်လို့ပိုပြီးတော့တောင်ဂုဏ်ယူရပါသေးတယ်။ပြီးခဲ့တဲ့တစ်နှစ်တာကာလမှာပရိသတ်တွေအတွက်ဘောလုံးအတွက်ဘယ်လောက်အရေးပါတယ်ဆိုတာပြသလာပါတယ်။ပရိသတ်တွေတဖြည်းဖြည်းနဲ့ကွင်းထဲသို့ပြန်လည်ဝင်ရောက်လာနိုင်တာမြင်ရတာဝမ်းသာလှပါတယ်။သူတို့ကြောင့်ဘဲဘောလုံးပွဲကိုတကယ်ကောင်းလာစေပါတယ်။ကျွန်တော့်ကစားသမားဘဝတစ်လျှောက်လုံးပရိသတ်တွေအဆုံးအထိအားပေးလာခဲ့တာအရမ်းကံကောင်းပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ZawGyi

Premier League Hall Of Fame တြင္ မန္ယူဂႏၴဝင္ ဘက္ဟမ္းလည္း ပါဝင္လာ

မန္ယူဂႏၴဝင္ကစားသမားေဒးဗစ္ဘက္ဟမ္းဟာPremier League Hall Of Fame တြင္ေ႐ြးခ်ယ္ျခင္းခံလာရပါတယ္။ေဒးဗစ္ဘက္ဟမ္းဟာသီယာရီဟင္နရီ၊အလန္ရွီးယား၊ဒင္းနစ္ဘားကမ့္၊႐ြိဳင္ကိန္း၊အဲရစ္ကန္တိုနာ၊ဖရန႔္လမ္းပတ္၊စတီဗင္ဂ်ရတ္တို႔ၿပီးေနာက္ Premier League Hall Of Fame တြင္ေ႐ြးခ်ယ္ျခင္းခံလာခဲ့ရတာလည္းျဖစ္ပါတယ္။

ေဒးဗစ္ဘက္ဟမ္းဟာမန္ယူရဲ႕Class Of 92 ရဲ႕အေရးပါတဲ့အစိတ္အပိုင္းတစ္ခုျဖစ္ခဲ့ၿပီးအိုးထရက္ဖို႔ဒ္တြင္က်င္လည္စဥ္အတြင္းပရီးမီးယားလိဂ္၆လုံးအျပင္အက္ဖ္ေအဖလား၂လုံးႏွင့္ခ်န္ပီယံလိဂ္ဖလားတို႔လည္းဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ဘက္ဟမ္းဟာပရီးမီးယားလိဂ္တြင္တိက်ေသခ်ာလွတဲ့ျဖတ္တင္ေဘာ၊ဖရီးကစ္တို႔ျဖင့္နာမည္ေက်ာ္ၾကားခဲ့သူျဖစ္ပါတယ္။သူဟာပရီးမီးယားလိဂ္တြင္ဖရီးကစ္မွ၁၈ဂိုးအထိသြင္းယူခဲ့ကာပရီးမီးယားလိဂ္သမိုင္းတြင္ဖရီးကစ္ဂိုးအမ်ားဆုံးသြင္းယူထားသူအျဖစ္ရပ္တည္ေနဆဲျဖစ္ပါတယ္။

ေဒးဗစ္ဘက္ဟမ္းက “ပရီးမီးယားလိဂ္ကကြၽန္ေတာ့္ကစားသမားဘဝနဲ႔ဘဝရဲ႕အေရးအပါဆုံးအစိတ္အပိုင္းျဖစ္ပါတယ္။ကြၽန္ေတာ္နဲ႔တြဲကစားခဲ့တဲ့စံျပကစားသမားေတြနဲ႔အတူအသိအမွတ္ျပဳျခင္းခံရလို႔ဝမ္းသာရပါတယ္။ပရိသတ္ေတြရဲ႕မဲဆႏၵနဲ႔ေ႐ြးခ်ယ္တာျဖစ္လို႔ပိုၿပီးေတာ့ေတာင္ဂုဏ္ယူရပါေသးတယ္။ၿပီးခဲ့တဲ့တစ္ႏွစ္တာကာလမွာပရိသတ္ေတြအတြက္ေဘာလုံးအတြက္ဘယ္ေလာက္အေရးပါတယ္ဆိုတာျပသလာပါတယ္။ပရိသတ္ေတြတျဖည္းျဖည္းနဲ႔ကြင္းထဲသို႔ျပန္လည္ဝင္ေရာက္လာႏိုင္တာျမင္ရတာဝမ္းသာလွပါတယ္။သူတို႔ေၾကာင့္ဘဲေဘာလုံးပြဲကိုတကယ္ေကာင္းလာေစပါတယ္။ကြၽန္ေတာ့္ကစားသမားဘဝတစ္ေလွ်ာက္လုံးပရိသတ္ေတြအဆုံးအထိအားေပးလာခဲ့တာအရမ္းကံေကာင္းပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။