”သမိုင်းတစ်လျှောက်ပထမဆုံးအောင်ပွဲ”

အင်္ဂါညအင်္ဂလန်ချန်ပီယံရှစ် ပွဲစဉ်-၃၀ ပွဲကြိုသုံးသပ်ချက်

ပရက်စတန် နှင့် ဝက်ဖို့ဒ် (ည ၁:၃၀)(ဇေကြီး)

အခုနောက်ပိုင်းပရက်စတန်ရဲ့ခြေစွမ်းသိသိသာသာကျဆင်းလာပြီးမာကျောလှပါတယ်ဆိုတဲ့အိမ်ကွင်းရလဒ်တွေတောင်ကောင်းမွန်ခြင်းမရှိတော့ဘူး။ဝက်ဖို့ဒ်ကတော့စုဖွဲ့ကစားအားမာကျောလွန်းနေပြီး ခံစစ်ကြောင်းကချန်ပီယံရှစ်နောက်ဆုံး၄ပွဲမှာပေးဂိုးမရှိအောင်၃ပွဲအထိစွမ်းဆောင်နိုင်ခဲ့တယ်။

ပရက်စတန်ကွင်းမှာကစားဖူးတဲ့၁၃ပွဲစလုံး ဝက်ဖို့ဒ်မနိုင်ဘဲရှုံးပွဲကလည်း၈ပွဲအထိရှိခဲ့တယ်။ဒါပေမဲ့ဒီတစ်ကြိမ်မှာတော့အစဉ်အလာဆိုတာကိုဆန့်ကျင်ပြီး သမိုင်းတစ်လျှောက်ပရက်စတန်ကွင်းအောင်ပွဲကိုဝက်ဖို့ဒ်ပထမဆုံးရယူနိုင်ပါလိမ့်မယ်။

zawgyi




