တိုက်စစ်ဖွင့်မယ့် ဘာစီလိုနာကိုကြိုက်တယ်

ဗုဒ္ဓဟူးည ချန်ပီယံလိဂ် ၁၆သင်းအဆင့် (ဒု-အကျော့) ပွဲကြိုသုံးသပ်ချက်

ပီအက်စ်ဂျီ နှင့် ဘာစီလိုနာ (ည ၂:၃၀)(စိုင်းကို- တောင်ကြီး)

နှစ်သင်းစလုံးသက်ဆိုင်ရာပြည်တွင်းလိဂ်ပြိုင်ပွဲတွေမှာဒုတိယနေရာ အသီးသီးရပ်တည်နေကြပြီးပြိုင်ပွဲနှစ်ရပ်အကြားဗျာများနေကြတယ်။ပထမအကျော့အဖြစ်ဘာစီလိုနာကွင်းမှာယှဉ်ပြိုင်တော့ဧည့်သည်ပီအက်စ်ဂျီက ၁-၄ဂိုးနဲ့ အံ့အားသင့်ဖွယ်ရာအနိုင်ရရှိခဲ့တယ်။

အမ်ဘက်ပီတစ်ဦးတည်းကခြေစွမ်းပြပြီး ဟက်ထရစ်သွင်းယူသွားခဲ့တာပါ။ ဒါတောင်ဘာစီလိုနာရရှိတဲ့တစ်လုံးတည်းသောဂိုးကပင်နယ်တီဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ဒီပွဲဟာဘာစီလိုနာအတွက်သေမထူးနေမထူး တိုက်စစ်ဖွင့်ရမယ့်ပွဲပါ။

မက်ဆီဦးဆောင်တဲ့ ဘာကာတိုက်စစ်ဟာပွဲစတယ်ဆိုကတည်းကအဆက်မပြတ်တိုက်စစ်ဖွင့်ပါလိမ့်မယ်။ပီအက်စ်ဂျီဟာဆိုရင်လည်းအခုပွဲအတွက် ပြင် ဆင်ပြီးပြည်တွင်းပွဲစဉ်တွေမှာခံစစ်ဦးစားပေနည်းဗျူဟာအဓိကကစားခဲ့ပါသေးတယ်။

ဒါကြောင့်လည်းပီအက်စ်ဂျီရဲ့ လီဂူးနောက်ဆုံး ၃ပွဲဆက်တိုက်ပေးဂိုးလုံးဝမရှိခဲ့ဘူး။ဒါပေမဲ့အခုရင်ဆိုင်ရမှာကကျားနာခဲခဲပြီးဖောင်ဖျက်မယ့်ဘာစီလိုနာပါ။

ဘယ်လိုပဲခံစစ်ဆင်ဆင်ပီအက်ဂျီအနေနဲ့ ဘာစီလိုနာကိုဂိုးပေးကိုပေးရပါလိမ့်မယ်။ပီအက်စ်ဂျီဘက်ကသရေပါးပါးရှုံးအကျောပေးဖွင့်လှစ်ထားမှုမှာနောက် ဆံတင်းနေစရာမလိုအောင် တိုက်စစ်ဖွင့်မယ့် ဘာစီလိုနာကိုကြိုက်တယ်။

zawgyi

တိုက္စစ္ဖြင့္မယ့္ ဘာစီလိုနာကိုႀကိဳက္တယ္

ဗုဒၶဟူးည ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္ (ဒု-အေက်ာ့) ပြဲႀကိဳသုံးသပ္ခ်က္

ပီအက္စ္ဂ်ီ ႏွင့္ ဘာစီလိုနာ (ည ၂:၃၀)(စိုင္းကို- ေတာင္ႀကီး)

ႏွစ္သင္းစလုံး သက္ဆိုင္ရာ ျပည္တြင္းလိဂ္ၿပိဳင္ပြဲေတြမွာ ဒုတိယေနရာ အသီးသီးရပ္တည္ေနၾကၿပီး ၿပိဳင္ပြဲႏွစ္ရပ္အၾကား ဗ်ာမ်ားေနၾကတယ္။ပထမအေက်ာ့အျဖစ္ ဘာစီလိုနာကြင္းမွာ ယွဥ္ၿပိဳင္ေတာ့ ဧည့္သည္ပီအက္စ္ဂ်ီက ၁-၄ဂိုးနဲ႔ အံ့အားသင့္ဖြယ္ရာ အႏိုင္ရရွိခဲ့တယ္။အမ္ဘက္ပီတစ္ဦးတည္းက ေျခစြမ္းျပၿပီး ဟက္ထရစ္သြင္းယူသြားခဲ့တာပါ။ ဒါေတာင္ ဘာစီလိုနာရရွိတဲ့ တစ္လုံးတည္းေသာဂိုးက ပင္နယ္တီျဖစ္ပါတယ္။ဘာပဲျဖစ္ျဖစ္ ဒီပြဲဟာ ဘာစီလိုနာအတြက္ ေသမထူးေနမထူး တိုက္စစ္ဖြင့္ရမယ့္ပြဲပါ။မက္ဆီဦးေဆာင္တဲ့ ဘာကာတိုက္စစ္ဟာ ပြဲစတယ္ဆိုကတည္းက အဆက္မျပတ္တိုက္စစ္ဖြင့္ပါလိမ့္မယ္။

ပီအက္စ္ဂ်ီဟာဆိုရင္လည္း အခုပြဲအတြက္ ျပင္ဆင္ၿပီး ျပည္တြင္းပြဲစဥ္ေတြမွာ ခံစစ္ဦးစားေပနည္းဗ်ဴဟာ အဓိကကစားခဲ့ပါေသးတယ္။ ဒါေၾကာင့္လည္း ပီအက္စ္ဂ်ီရဲ႕ လီဂူးေနာက္ဆုံး ၃ပြဲဆက္တိုက္ ေပးဂိုးလုံးဝမရွိခဲ့ဘူး။ဒါေပမဲ့ အခုရင္ဆိုင္ရမွာက က်ားနာခဲခဲၿပီး ေဖာင္ဖ်က္မယ့္ ဘာစီလိုနာပါ။ဘယ္လိုပဲခံစစ္ဆင္ဆင္ ပီအက္ဂ်ီအေနနဲ႔ ဘာစီလိုနာကို ဂိုးေပးကို ေပးရပါလိမ့္မယ္။ပီအက္စ္ဂ်ီဘက္က သေရပါးပါးရႈံး အေက်ာေပးဖြင့္လွစ္ထားမႈမွာ ေနာက္ဆံတင္းေနစရာမလိုေအာင္ တိုက္စစ္ဖြင့္မယ့္ ဘာစီလိုနာကိုႀကိဳက္တယ္။