
အင်္ဂါည ချန်ပီယံလိဂ် ၁၆ သင်းအဆင့် (ပ-ကျော့) ပွဲကြိုသုံးသပ်ချက်
ပီအက်စ်ဂျီ နှင့် ဘိုင်ယန်မြူးနစ်(ည ၂း၃၀)(မော်ကွန်း)
ဘိုင်ယန်နဲ့ မတိုင်ခင် ပြည်တွင်းမှာ၂ ပွဲဆက်တိုက်ရှုံးလိုက်လို့ ပီအက်စ်ဂျီမှာအတော်ဂယက်ထသွားပါတယ်။ဒါပေမဲ့သူတို့ရှုံးခဲ့တာကအဝေးကွင်းပွဲတွေချည်းဖြစ်ပြီးနည်းပြဂယ်လ်တီယာရဲ့အသင်းဟာဒီတစ်ရာသီလုံးမှာတော့အိမ်ကွင်းမရှုံးသေးပါဘူး။ဘိုင်ယန်ကတော့နောက်ဆုံး ၃ ပွဲဆက်ဂိုးပြတ်အနိုင်ကြောင့်လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပါတယ်။
ဒါပေမဲ့ဘိုင်ယန်နိုင်ခဲ့တဲ့အထဲမှာအသင်းကြီးတစ်သင်းမှမပါသလို နာဂယ်စမန်ရဲ့အသင်းဟာအဝေးကွင်းပွဲကြီးတွေဆိုအနိုင်မရတာများပါတယ်။ဒါ့အ ပြင်ပီအက်စ်ဂျီတိုက်စစ်မှာအမ်ဘက်ပီမပါနိုင်တောင်မက်ဆီနဲ့နေမာတို့ ပွဲထွက်လာကြမှာပါ။ချန်ပီယံလိဂ်မှာအိမ်ကွင်းအားကအတော်လေးသိသာတာမို့ မက်ဆီတို့ကိုပဲ အားပေးမယ်။
zawgyi
အိမ်ကွင်းမှာ အနိမ့်ဆုံးသရေရှိတဲ့ မက်ဆီတို့ရဲ့ပီအက်စ်ဂျီ