”ဂိုးပြတ်ချေမှုန်းမယ့် သူတို့က ငွေတွင်းကြီး”

ဗုဒ္ဓဟူးည ပြင်သစ်စူပါဖလား ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်

ပီအက်စ်ဂျီ နှင့် မာဆေး (ည ၂:၃၀)(ဖိုးရာဇာ)

နှစ်စဉ်နှစ်တိုင်းပြင်သစ်လီဂူးချန်ပီယံနဲ့ပြင်သစ်အက်ဖ်အေဖလားချန်ပီယံတို့ယှဉ်ပြိုင်ကြရတဲ့ပြင်သစ်စူပါဖလားပွဲစဉ်ပါ။ပြီးခဲ့တဲ့ရာသီကဒီဆုဖလားနှစ်ခုစလုံးကိုပီအက်စ်ဂျီတစ်သင်းတည်းကပဲဆွတ်ခူးသိမ်းပိုက်သွားတာကြောင့်လီဂူးမှာဒုတိယနေရာကနေပန်းဝင်ခဲ့တဲ့မာဆေးအသင်းဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိတာဖြစ်တယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲကနေထွက်ခွာလိုက်ရအပြီးမှာမာဆေးရဲ့ခြေစွမ်းနဲ့ရလဒ်ပိုင်းဟုတ်မလိုလိုရှိခဲ့ပေမယ့်အခုချိန်မှာတော့အဝေးကွင်းမာဂုဏ်မရှိတော့ပါဘူး။အိမ်ကွင်းဆိုရင်သာမာဆေးစိတ်ချရပြီးအဝေးကွင်းဆိုရင်တော့ဘယ်လိုပြိုင်ဘက်မျိုးကိုမဆို မာဆေးလက်မြှောက်အရှုံးပေးရတတ်ပါတယ်။

ပီအက်စ်ဂျီဆိုတာကမိုက်ကယ်ကိန်း၊ အမ်ဘက်ပီ၊ အီကာဒီတို့ရဲ့တိုက်စစ်ပိုင်းဂိုးမြူးလွန်းပြီးနောက်တန်းကလည်းလုံခြုံလွန်းနေတဲ့အသင်းပါ။နှစ်သင်းကြားခြေစွမ်းကွာဟလွန်းတာကြောင့်လည်းပီအက်စ်ဂျီဘက်က ၁-၇၀ဆိုပြီးအကျောပေးလာတာဖြစ်တယ်။

မာဆေးအံတုဖို့ဆိုတာနည်းနည်းလေးတောင်မဖြစ်နိုင်လို့ ဂိုးပြတ်ချေမှုန်းမယ့်ပီအက်စ်ဂျီကငွေတွင်းကြီးဖြစ်စေပါလိမ့်မယ်။ဂိုးပြတ်အောင်ပွဲနဲ့အတူချန်ပီယံဆုဖလားကို ပီအက်စ်ဂျီသိမ်းပိုက်သွားမှာပါ။

zawgyi




