ဂိုးမိုးတွေကြား ပဲရစ်မျှော်စင်ကြီး ခိုက်ခိုက်တုန်လို့

ဗုဒ္ဓဟူးည ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲကြိုသုံးသပ်ချက်

ပီအက်စ်ဂျီ နှင့် မန်စီးတီး (ည ၁း၃၀)(စိုင်းကို-တောင်ကြီး)

ဒီနှစ်သင်းတွေ့ဆုံခဲ့ဖူးတဲ့စုစုပေါင်း၃ပွဲစလုံး မန်စီးတီးမရှုံးဘဲတစ်ပွဲနိုင်၊ ၂ပွဲသရေကျခဲ့တယ်။အမ်ဘက်ပီ၊ နေမာတို့ရဲ့ပီအက်စ်ဂျီတိုက်စစ်ကလက်ရှိမှာဂိုးတွေပုံမှန်သွင်းယူနိုင်ပြီးဘယ်လိုခံစစ်မျိုးကိုမဆိုထိုးဖောက်ဂိုးသွင်းနိုင်တယ်။

ဒါပေမဲ့အမှားများတဲ့ခံစစ်ကြောင်းကိုတော့ ပီအက်စ်ဂျီ မပြင်ဆင်နိုင်သေးဘူး။မန်စီးတီးကတော့ပရီးမီးယားလိဂ်မှာချန်ပီယံဖြစ်ဖို့ အခြေအနေကောင်းနေတာကြောင့်ချန်ပီယံလိဂ်ကို အထူးအာရုံစိုက်နေတဲ့အသင်းပါ။

မန်စီးတီးတိုက်စစ်မှာဖာရန်တောရက်စ်၊ ဂန်ဒိုဂန်၊ ဖိုဒန်၊ ဒီဘရိုင်း၊ အဂူရိုတို့ခြေစွမ်းပြပြီးဂိုးတွေပုံမှန်သွင်းနေနိုင်တယ်။ဒါပေမဲ့တိုက်စစ်ဦးစားပေးလွန်းလို့ ပီအက်စ်ဂျီခံစစ်ကတော့ယိုယွင်းလှတယ်ဆိုရမယ်။

တိုက်စစ်အစွမ်းပြိုင်မယ့်ပွဲဖြစ်ကြလို့ အပြန်အလှန်သွင်းဂိုးတွေကို သေချာပေါက်မြင်ရမှာပါ။အသင်းရွေးအားမပေးဘဲဂိုးပေါင်းအနည်းဆုံး ၃ဂိုးပြည့်မယ်လို့ ယုံကြည်ထားရမယ်။အဲဒီနေ့ကပေါ့ ဂိုးမိုးတွေကြားမှာပဲရစ်မျှော်စင်ကြီးခိုက်ခိုက်တုန်လို့ပေါ့ဗျာ။

zawgyi




