ပီအက်စ်ဂျီအတွက် ကစားနိုင်မယ့်ကာလကို မသိသေးကြောင်း လီယွန်နယ်မက်ဆီဖွင့်ဟလာ

ပီအက်စ်ဂျီကစားသမားသစ်လီယွန်နယ်မက်ဆီဟာပီအက်စ်ဂျီသို့ရောက်လာပြီးနောက်ပထမဆုံးအကြိမ်အဖြစ်မီဒီယာများနှင့်တွေ့ဆုံကာသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

လီယွန်နယ်မက်ဆီဟာပီအက်စ်ဂျီကစားသမားအဖြစ်ပြုလုပ်တဲ့ပထမဆုံးသတင်းစာရှင်းလင်းပွဲတွင်တွင်အသင်းဥက္ကဌထံမှကျောနံပါတ်၃၀အင်္ကျီကိုလက်ခံရယူခဲ့ပါတယ်။

မက်ဆီဟာယနေ့အစောပိုင်းတုန်းကပီအက်စ်ဂျီသို့၂နှစ်စာချုပ်ဖြင့်ပြောင်းခဲ့သူဖြစ်ပါတယ်။သူ့ရဲ့စာချုပ်အတွင်းတွင်တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားပါတယ်။

မက်ဆီကပီအက်စ်ဂျီသို့ပြောင်းရွှေ့ရန်အဓိကဆုံးဖြတ်ခဲ့ရခြင်းမှာပဲရစ်တွင်မိသားစုဝင်များပျော်ရွှင်မည်ဟုယုံကြည်ခြင်းကြောင့်ဖြစ်ကြောင်းပြောကြားသွားပါတယ်။

မက်ဆီက “လီယိုနာဒို(ပီအက်စ်ဂျီဒါရိုက်တာ)ကိုတစ်ခုတည်းပဲပြောခဲ့တယ်။ပဲရစ်မှာကျွန်တော့်မိသားစုကိုအလွယ်တကူအထိုင်ကျစေချင်တယ်ဆိုတာပါ။ပဲရစ်နဲ့ပြင်သစ်မှာအစစအရာရာအဆင်ပြေစေချင်တာပါ။ကျွန်တော့်အတွက်ကလည်းအတွေ့အကြုံသစ်ပါ။ဒါပေမယ့်ဒီအတွက်အသင့်ဖြစ်နေပါပြီ။နောက်ဆုံးမှာတော့ဘောလုံးလောကကြီးကအရင်တုန်းကပဲ။ဒီမှာကျွန်တော့်သူငယ်ချင်းတွေရှိနေပြီးသားပါ။ဒီတော့အစစအရာရာအဆင်ပြေလာမှာပါ။ကစားသမားဖော်သစ်တွေနဲ့လည်းဆုံရပါမယ်။လေ့ကျင့်ခန်းအမြန်ဆုံးဆင်းပြီးစတင်ချင်နေပါပြီ”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်မက်ဆီက၎င်းမှာရာသီကြိုလေ့ကျင့်ခန်းဆင်းမှုပြုလုပ်ရခြင်းမရှိသေးမှုကြောင့် မည်သည့်အချိန်တွင်ပီအက်စ်ဂျီအတွက်စတင်ကစားနိုင်မလဲဆိုတာမသိသေးကြောင်းလည်းဖွင့်ဟသွားပါတယ်။

မက်ဆီက “ဘယ်တော့ကစားနိုင်မလဲမသိသေးပါဘူး။အားလပ်ရက်အပန်းဖြေနေခဲ့တယ်။ရာသီကြိုလေ့ကျင့်ခန်းလိုအပ်နေတယ်။လေ့ကျင့်ခန်းစလုပ်သွားတော့မှာပါ။အမြန်ဆုံးကစားနိုင်ဖို့လုပ်သွားပါမယ်။ကျွန်တော့်ဘက်ကကြံ့ခိုင်ပြီးအားလုံးအဆင်ပြေလာပြီလို့ခံစားရလာတဲ့အခါကစားသွားပါမယ်”လို့ပြောကြားသွားပါတယ်။

ဆက်လက်ပြီးမက်ဆီကပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်တွင်ကိုင်လီယန်ဘက်ပေး၊နေမာတို့နှင့်တွဲကစားရမည်ဖြစ်၍စိတ်လှုပ်ရှားရကြောင်းလည်းပြောကြားသွားပါတယ်။

မက်ဆီက “ရူးချင်စရာကောင်းလှပါတယ်။နေ့စဉ်ဘဝမှာသူတို့အပါအဝင်ကစားဖော်တွေအားလုံးနဲ့အတူရှိနေခွင့်ရရှိမှာဖြစ်လို့အရမ်းဝမ်းသာရပါတယ်။ပြီးတော့အသင်းဟာ အရမ်းအံ့ဩစရာကောင်းတဲ့အပြောင်းအရွှေ့တစ်ချို့လုပ်ထားပါတယ်။အသင်းကတကယ့်ကိုကြီးကျယ်လှပါတယ်။လေ့ကျင့်ခန်းဆင်းနေပါပြီ။ကမ္ဘာ့အကောင်းဆုံးကစားသမားတွေနဲ့ကစားချင်နေပါပြီ”လို့ပြောကြားသွားပါတယ်။

မက်ဆီရဲ့သတင်းစာရှင်းလင်းပွဲကိုပီအက်စ်ဂျီကွင်းအပြင်ဘက်တွင်ကြီးမားတဲ့တီဗွီဖြင့်ပြသခဲ့ပြီးရာပေါင်းများစွာသောပရိသတ်များကြည့်ရှုခဲ့ကြပါတယ်။

ဒါ့အပြင်မက်ဆီရဲ့ပီအက်စ်ဂျီအင်္ကျီဟာလည်းမက်ဆီရောက်လာပြီးနောက်မိနစ်၃၀အတွင်းတွင်ပင်အကုန်ရောင်းချခဲ့ရသလိုပီအက်စ်ဂျီစတိုးတွင်လည်းဝယ်ယူလိုနေတဲ့ပရိသတ်များတန်းရှည်ကြီးစောင့်ဆိုင်းနေပါတယ်။

ZawGyi

ပီအက္စ္ဂ်ီအတြက္ ကစားႏိုင္မယ့္ကာလကို မေသးေၾကာင္း လီယြန္နယ္မက္ဆီဖြင့္ဟလာ

ပီအက္စ္ဂ်ီကစားသမားသစ္လီယြန္နယ္မက္ဆီဟာပီအက္စ္ဂ်ီသို႔ေရာက္လာၿပီးေနာက္ပထမဆုံးအႀကိမ္အျဖစ္မီဒီယာမ်ားႏွင့္ေတြ႕ဆုံကာသတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့ပါတယ္။

လီယြန္နယ္မက္ဆီဟာပီအက္စ္ဂ်ီကစားသမားအျဖစ္ျပဳလုပ္တဲ့ပထမဆုံးသတင္းစာရွင္းလင္းပြဲတြင္တြင္အသင္းဥကၠဌထံမွေက်ာနံပါတ္၃၀အက်ႌကိုလက္ခံရယူခဲ့ပါတယ္။

မက္ဆီဟာယေန႔အေစာပိုင္းတုန္းကပီအက္စ္ဂ်ီသို႔၂ႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းခဲ့သူျဖစ္ပါတယ္။သူ႔ရဲ႕စာခ်ဳပ္အတြင္းတြင္တစ္ႏွစ္သက္တမ္းတိုးႏိုင္မယ့္အခ်က္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။

မက္ဆီကပီအက္စ္ဂ်ီသို႔ေျပာင္းေ႐ႊ႕ရန္အဓိကဆုံးျဖတ္ခဲ့ရျခင္းမွာပဲရစ္တြင္မိသားစုဝင္မ်ားေပ်ာ္႐ႊင္မည္ဟုယုံၾကည္ျခင္းေၾကာင့္ျဖစ္ေၾကာင္းေျပာၾကားသြားပါတယ္။

မက္ဆီက “လီယိုနာဒို(ပီအက္စ္ဂ်ီဒါ႐ိုက္တာ)ကိုတစ္ခုတည္းပဲေျပာခဲ့တယ္။ပဲရစ္မွာကြၽန္ေတာ့္မိသားစုကိုအလြယ္တကူအထိုင္က်ေစခ်င္တယ္ဆိုတာပါ။ပဲရစ္နဲ႔ျပင္သစ္မွာအစစအရာရာအဆင္ေျပေစခ်င္တာပါ။ကြၽန္ေတာ့္အတြက္ကလည္းအေတြ႕အႀကဳံသစ္ပါ။ဒါေပမယ့္ဒီအတြက္အသင့္ျဖစ္ေနပါၿပီ။ေနာက္ဆုံးမွာေတာ့ေဘာလုံးေလာကႀကီးကအရင္တုန္းကပဲ။ဒီမွာကြၽန္ေတာ့္သူငယ္ခ်င္းေတြရွိေနၿပီးသားပါ။ဒီေတာ့အစစအရာရာအဆင္ေျပလာမွာပါ။ကစားသမားေဖာ္သစ္ေတြနဲ႔လည္းဆုံရပါမယ္။ေလ့က်င့္ခန္းအျမန္ဆုံးဆင္းၿပီးစတင္ခ်င္ေနပါၿပီ”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္မက္ဆီက၎မွာရာသီႀကိဳေလ့က်င့္ခန္းဆင္းမႈျပဳလုပ္ရျခင္းမရွိေသးမႈေၾကာင့္ မည္သည့္အခ်ိန္တြင္ပီအက္စ္ဂ်ီအတြက္စတင္ကစားႏိုင္မလဲဆိုတာမသိေသးေၾကာင္းလည္းဖြင့္ဟသြားပါတယ္။

မက္ဆီက “ဘယ္ေတာ့ကစားႏိုင္မလဲမသိေသးပါဘူး။အားလပ္ရက္အပန္းေျဖေနခဲ့တယ္။ရာသီႀကိဳေလ့က်င့္ခန္းလိုအပ္ေနတယ္။ေလ့က်င့္ခန္းစလုပ္သြားေတာ့မွာပါ။အျမန္ဆုံးကစားႏိုင္ဖို႔လုပ္သြားပါမယ္။ကြၽန္ေတာ့္ဘက္ကႀကံ့ခိုင္ၿပီးအားလုံးအဆင္ေျပလာၿပီလို႔ခံစားရလာတဲ့အခါကစားသြားပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ဆက္လက္ၿပီးမက္ဆီကပီအက္စ္ဂ်ီအသင္းရဲ႕တိုက္စစ္တြင္ကိုင္လီယန္ဘက္ေပး၊ေနမာတို႔ႏွင့္တြဲကစားရမည္ျဖစ္၍စိတ္လႈပ္ရွားရေၾကာင္းလည္းေျပာၾကားသြားပါတယ္။

မက္ဆီက “႐ူးခ်င္စရာေကာင္းလွပါတယ္။ေန႔စဥ္ဘဝမွာသူတို႔အပါအဝင္ကစားေဖာ္ေတြအားလုံးနဲ႔အတူရွိေနခြင့္ရရွိမွာျဖစ္လို႔အရမ္းဝမ္းသာရပါတယ္။ၿပီးေတာ့အသင္းဟာ အရမ္းအံ့ဩစရာေကာင္းတဲ့အေျပာင္းအေ႐ႊ႕တစ္ခ်ိဳ႕လုပ္ထားပါတယ္။အသင္းကတကယ့္ကိုႀကီးက်ယ္လွပါတယ္။ေလ့က်င့္ခန္းဆင္းေနပါၿပီ။ကမာၻ႔အေကာင္းဆုံးကစားသမားေတြနဲ႔ကစားခ်င္ေနပါၿပီ”လို႔ေျပာၾကားသြားပါတယ္။

မက္ဆီရဲ႕သတင္းစာရွင္းလင္းပြဲကိုပီအက္စ္ဂ်ီကြင္းအျပင္ဘက္တြင္ႀကီးမားတဲ့တီဗြီျဖင့္ျပသခဲ့ၿပီးရာေပါင္းမ်ားစြာေသာပရိသတ္မ်ားၾကည့္ရႈခဲ့ၾကပါတယ္။

ဒါ့အျပင္မက္ဆီရဲ႕ပီအက္စ္ဂ်ီအက်ႌဟာလည္းမက္ဆီေရာက္လာၿပီးေနာက္မိနစ္၃၀အတြင္းတြင္ပင္အကုန္ေရာင္းခ်ခဲ့ရသလိုပီအက္စ္ဂ်ီစတိုးတြင္လည္းဝယ္ယူလိုေနတဲ့ပရိသတ္မ်ားတန္းရွည္ႀကီးေစာင့္ဆိုင္းေနပါတယ္။