”ရာဇဝင်ထဲက အောင်ပွဲတွေလိုမျိုး”
သောကြာည ပြင်သစ်လီဂူး ပွဲစဉ်-၂၁ ပွဲကြိုသုံးသပ်ချက်
ပီအက်စ်ဂျီ နှင့် မောင့်ပယ်လီယာ (ည ၂:၃၀)(ဖိုးရာဇာ)
ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၈ပွဲမှာပီအက်စ်ဂျီ ၆ပွဲနိုင်ပြီးတစ်ပွဲသရေကျ၊ တစ်ပွဲသာအရေးနိမ့်ခဲ့ရတယ်။အစဉ်အလာပိုင်းအပြတ်အသာသာလွန်ထားတဲ့ပီအက်စ်ဂျီဟာလက်ရှိမှာအမ်ဘက်ပီ၊ မိုက်ကယ်ကိန်းတို့ရဲ့တိုက်စစ်ပိုင်းဂိုးသွင်းအားထက်မြက်လွန်းပြီးဘယ်လိုခံစစ်မျိုးကိုမဆိုထိုးဖောက်ဂိုးသွင်းနိုင်စွမ်းရှိတဲ့အသင်းပါ။
နောက်ပြီးတော့ခံစစ်ကလည်းလီဂူးအိမ်ကွင်းနောက်ဆုံး၃ပွဲ ဆက်တိုက်ပေးဂိုးမရှိတဲ့အထိလုံခြုံလာနေပါပြီ။မောင့်ပယ်လီယာကတော့ကစားအားမြိုင်ဆိုင်သလိုထင်ရပေမယ့်တိုက်စစ်ဖွင့်လွန်းတာကြောင့်နောက်တန်းကပွင့်ထွက်ပြီးဘယ်လိုပြိုင်ဘက်ကိုမဆိုဂိုးပေးနေရပါတယ်။
အခုနောက်ပိုင်း အဝေးကွင်းပွဲတွေမှာသူတို့ရဲ့ခံစစ်ကပိုပြီးအခြေအနေဆိုးလာတယ်ဆိုရမယ်။ယိုယွင်းလှတဲ့မောင့်ပယ်လီယာခံစစ်ကြောင်းကပီအက်စ်ဂျီတိုက်စစ်ကိုထိန်းချုပ်ဟန့်တားဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး။
ဒါကြောင့်လည်းပီအက်စ်ဂျီက၂ဂိုးပြတ်နိုင်တာတောင် ၂၅ နစ်နာရဦးမယ်လို့ အကျောပေးထားတာပါ။အနိမ့်ဆုံး၃ဂိုးပြတ်အနိုင်ယူမယ့်ပီအက်စ်ဂျီကို လက်ခုပ်တီးပေးရမယ်။အတိတ်သမိုင်းကြောင်းရာဇဝင်တွေထဲကအောင်ပွဲတွေလိုမျိုး အခုပွဲမှာလည်းပီအက်စ်ဂျီလုပ်ပြဦးမယ်လို့ယုံကြည်မိတယ်။
zawgyi