အင်စတာဂရမ်မှာအငြင်းပွားဖွယ်ရာပို့စ်ကို တင်ခဲ့တဲ့ ပီအက်စ်ဗွီတိုက်စစ်မှူးဇာဟာဗီ

ပီအက်စ်ဗွီတိုက်စစ်မှူးအာရန်ဇာဟာဗီဟာလက်စတာစီးတီးရဲ့အက်ဖ်အေဖလားအောင်ပွဲခံဓာတ်ပုံမှပါလက်စတိုင်းအလံတွင်အစ္စရေးအလံအစားထိုးထားတဲ့အင်စတာဂရမ်ပို့စ်တစ်ခုအားအငြင်းပွားဖွယ်ရာတင်ခဲ့ကြောင်းသိရပါတယ်။ဒါပေမယ့်သူဟာမကြာမီအချိန်မှာဘဲယင်းအင်စတာဂရမ်ပို့စ်ကိုဖျက်ခဲ့ပါတယ်။

တနင်္ဂနွေနေ့တုန်းကဝင်ဘာလေကွင်းမှာလက်စတာဟာချဲလ်ဆီးကို၁-၀ဂိုးဖြင့်အနိုင်ရရှိကာအက်ဖ်အေဖလားဆွတ်ခူးနိုင်ခဲ့ပြီးဟမ်ဇာချောက်ဟူရီနှင့်ဝက်စ်လေဖိုဖာနာတို့ဟာပါလက်စတိုင်းအလံကိုကိုင်ကာပါလက်စတိုင်း-အစ္စရေးစစ်ပွဲတွင်ပါလက်စတိုင်းကိုထောက်ခံကြောင်းပြသခဲ့ပါတယ်။

ဒါပေမယ့်အစ္စရေးတိုက်စစ်မှူးဇာဟာဗီဟာယင်းဓာတ်ပုံရဲ့ပါလက်စတိုင်းအလံနေရာမှာအစ္စရေးအလံကိုအထားထိုးထည့်သွင်းပြီး Thank You For Support လို့ရေးသားတင်ခဲ့ပါတယ်။

အစ္စရေးနှင့်ပါလက်စတိုင်းတို့ဟာပြင်းထန်တဲ့တိုက်ပွဲဖြစ်ပွားနေပြီးအာဆင်နယ်ရဲ့အီဂျစ်လက်ရွေးစင်အယ်လ်နီနီကပါလက်စတိုင်းကိုထောက်ခံကြောင်းပြသခဲ့ပါတယ်။


အသက်၃၃နှစ်ရှိဇာဟာဗီဟာအစ္စရေးလက်ရွေးစင်အတွက်၆၆ပွဲကစားထားရာမှာ၂၅ဂိုးသွင်းယူထားသူဖြစ်ပါတယ်။သူဟာဟာပိုးတဲလ်အဗစ်အကယ်ဒမီထွက်ပေါ်လာသူဖြစ်ပြီးစီးရီးအေ၊တရုတ်စူပါလိဂ်တို့တွင်ကျင်လည်ကစားခဲ့ဖူးပြီးပြီးခဲ့တဲ့ရာသီအစမှစတင်ကာပီအက်စ်ဗွီတွင်ကစားလာသူဖြစ်ပါတယ်။

ဇာဟာဗီဟာပြီးခဲ့တဲ့အပတ်တုန်းကဆိုးရွားတဲ့ရက်သတ္တပတ်နှင့်ကြုံခဲ့သူလည်းဖြစ်ပါတယ်။သူပီအက်စ်ဗွီနှင့်လေ့ကျင့်ခန်းဆင်းနေစဉ်နေအိမ်တွင်မိသားစုဝင်များမှာသေနတ်ဖြင့်ခြိမ်းခြောက်ကာဓားပြတိုက်ခြင်းခံခဲ့ရပါတယ်။

zawgyi

အင္စတာဂရမ္မွာအျငင္းပြားဖြယ္ရာပို႔စ္ကို တင္ခဲ့တဲ့ ပီအက္စ္ဗြီတိုက္စစ္မႉးဇာဟာဗီ

ပီအက္စ္ဗြီတိုက္စစ္မႉးအာရန္ဇာဟာဗီဟာလက္စတာစီးတီးရဲ႕အက္ဖ္ေအဖလားေအာင္ပြဲခံဓာတ္ပုံမွပါလက္စတိုင္းအလံတြင္အစၥေရးအလံအစားထိုးထားတဲ့အင္စတာဂရမ္ပို႔စ္တစ္ခုအားအျငင္းပြားဖြယ္ရာတင္ခဲ့ေၾကာင္းသိရပါတယ္။ဒါေပမယ့္သူဟာမၾကာမီအခ်ိန္မွာဘဲယင္းအင္စတာဂရမ္ပို႔စ္ကိုဖ်က္ခဲ့ပါတယ္။

တနဂၤေႏြေန႔တုန္းကဝင္ဘာေလကြင္းမွာလက္စတာဟာခ်ဲလ္ဆီးကို၁-၀ဂိုးျဖင့္အႏိုင္ရရွိကာအက္ဖ္ေအဖလားဆြတ္ခူးႏိုင္ခဲ့ၿပီးဟမ္ဇာေခ်ာက္ဟူရီႏွင့္ဝက္စ္ေလဖိုဖာနာတို႔ဟာပါလက္စတိုင္းအလံကိုကိုင္ကာပါလက္စတိုင္း-အစၥေရးစစ္ပြဲတြင္ပါလက္စတိုင္းကိုေထာက္ခံေၾကာင္းျပသခဲ့ပါတယ္။

ဒါေပမယ့္အစၥေရးတိုက္စစ္မႉးဇာဟာဗီဟာယင္းဓာတ္ပုံရဲ႕ပါလက္စတိုင္းအလံေနရာမွာအစၥေရးအလံကိုအထားထိုးထည့္သြင္းၿပီး Thank You For Support လို႔ေရးသားတင္ခဲ့ပါတယ္။

အစၥေရးႏွင့္ပါလက္စတိုင္းတို႔ဟာျပင္းထန္တဲ့တိုက္ပြဲျဖစ္ပြားေနၿပီးအာဆင္နယ္ရဲ႕အီဂ်စ္လက္ေ႐ြးစင္အယ္လ္နီနီကပါလက္စတိုင္းကိုေထာက္ခံေၾကာင္းျပသခဲ့ပါတယ္။

အသက္၃၃ႏွစ္ရွိဇာဟာဗီဟာအစၥေရးလက္ေ႐ြးစင္အတြက္၆၆ပြဲကစားထားရာမွာ၂၅ဂိုးသြင္းယူထားသူျဖစ္ပါတယ္။သူဟာဟာပိုးတဲလ္အဗစ္အကယ္ဒမီထြက္ေပၚလာသူျဖစ္ၿပီးစီးရီးေအ၊တ႐ုတ္စူပါလိဂ္တို႔တြင္က်င္လည္ကစားခဲ့ဖူးၿပီးၿပီးခဲ့တဲ့ရာသီအစမွစတင္ကာပီအက္စ္ဗြီတြင္ကစားလာသူျဖစ္ပါတယ္။

ဇာဟာဗီဟာၿပီးခဲ့တဲ့အပတ္တုန္းကဆိုး႐ြားတဲ့ရက္သတၱပတ္ႏွင့္ႀကဳံခဲ့သူလည္းျဖစ္ပါတယ္။သူပီအက္စ္ဗြီႏွင့္ေလ့က်င့္ခန္းဆင္းေနစဥ္ေနအိမ္တြင္မိသားစုဝင္မ်ားမွာေသနတ္ျဖင့္ၿခိမ္းေျခာက္ကာဓားျပတိုက္ျခင္းခံခဲ့ရပါတယ္။