Puma ရဲ့အငြင်းပွားဖွယ်ရာ တတိယဝတ်စုံကို သုံးရန် ငြင်းဆိုခဲ့တဲ့ ဒေါ့မွန်

ဒေါ့မွန်ဟာယခုနှစ်အစောပိုင်းတုန်းကပရိသတ်များရဲ့တုံ့ပြန်မှုအလွန်ဆိုးရွားခြင်းကြောင့် Puma ကဖန်တီးပေးတဲ့အငြင်းပွားဖွယ်တတိယဝတ်စုံကိုဝတ်ဆင်ရန်ငြင်းဆိုခဲ့ဖူးပါတယ်။

Puma ဟာပြီးခဲ့တဲ့ရက်သတ္တပတ်များအတွင်းမှာအေစီမီလန်၊မန်စီးတီး၊ဗလင်စီယာတို့အပါအဝင်ဥရောပကလပ်အမြောက်အမြားတို့ရဲ့ရာသီသစ်အတွက်အင်္ကျီသစ်များကြေညာခဲ့ပါတယ်။

ဒါပေမယ့်ဒေါ့မွန်ပရိသတ်များဟာ Puma ရဲ့တတိယဝတ်စုံတွင် ကလပ်ရဲ့လိုဂိုမပါဝင်မှုနဲ့အကြီးအကျယ်ဒေါသထွက်ကာဝေဖန်မှုများပြုလုပ်ခဲ့ကြပါတယ်။

ဒါကြောင့်လည်းဒေါ့မွန်အသင်းဟာ Puma ရဲ့တတိယဝတ်စုံကိုဝတ်ဆင်ဖို့ ငြင်းဆိုခဲ့ပါတယ်။ယင်းနောက်မှာ Puma အတွက် တတိယဝတ်စုံသစ်ကိုပြန်လည်ဖန်တီးပေးခဲ့ရပါတယ်။

အသစ်ဖန်တီးလိုက်တဲ့ ဒေါ့မွန်ရဲ့တတိယဝတ်စုံမှာတော့ကလပ်ရဲ့လိုဂိုကိုထည့်သွင်းထားပါတယ်။

မကြာသေးမီတုန်းကမန်စီးတီးအတွက်တတိယဝတ်စုံမှာလည်းလိုဂိုကိုရှေ့ဘက်တွင်မထည့်သွင်းမှုကြောင့် Puma ဟာမန်စီးတီးပရိသတ်များရဲ့အပြင်းအထန်ဝေဖန်မှုခံခဲ့ရပါတယ်။

Puma ဟာ၎င်းတို့အင်္ကျီစပွန်ဆာပေးထားတဲ့ကလပ်များရဲ့တတိယဝတ်စုံမှာကလပ်လိုဂိုထည့်သွင်းခြင်းမရှိမှုကြောင့်အပြင်းအထန်ဝေဖန်မှုများနှင့်ကြုံနေရတဲ့ကုမ္ပဏီဖြစ်ပါတယ်။

ZawGyi

Puma ရဲ႕အျငင္းပြားဖြယ္ရာ တတိယဝတ္စုံကို သုံးရန္ ျငင္းဆိုခဲ့တဲ့ ေဒါ့မြန္

ေဒါ့မြန္ဟာယခုႏွစ္အေစာပိုင္းတုန္းကပရိသတ္မ်ားရဲ႕တုံ႔ျပန္မႈအလြန္ဆိုး႐ြားျခင္းေၾကာင့္ Puma ကဖန္တီးေပးတဲ့အျငင္းပြားဖြယ္တတိယဝတ္စုံကိုဝတ္ဆင္ရန္ျငင္းဆိုခဲ့ဖူးပါတယ္။

Puma ဟာၿပီးခဲ့တဲ့ရက္သတၱပတ္မ်ားအတြင္းမွာေအစီမီလန္၊မန္စီးတီး၊ဗလင္စီယာတို႔အပါအဝင္ဥေရာပကလပ္အေျမာက္အျမားတို႔ရဲ႕ရာသီသစ္အတြက္အက်ႌသစ္မ်ားေၾကညာခဲ့ပါတယ္။

ဒါေပမယ့္ေဒါ့မြန္ပရိသတ္မ်ားဟာ Puma ရဲ႕တတိယဝတ္စုံတြင္ ကလပ္ရဲ႕လိုဂိုမပါဝင္မႈနဲ႔အႀကီးအက်ယ္ေဒါသထြက္ကာေဝဖန္မႈမ်ားျပဳလုပ္ခဲ့ၾကပါတယ္။

ဒါေၾကာင့္လည္းေဒါ့မြန္အသင္းဟာ Puma ရဲ႕တတိယဝတ္စုံကိုဝတ္ဆင္ဖို႔ ျငင္းဆိုခဲ့ပါတယ္။ယင္းေနာက္မွာ Puma အတြက္ တတိယဝတ္စုံသစ္ကိုျပန္လည္ဖန္တီးေပးခဲ့ရပါတယ္။

အသစ္ဖန္တီးလိုက္တဲ့ ေဒါ့မြန္ရဲ႕တတိယဝတ္စုံမွာေတာ့ကလပ္ရဲ႕လိုဂိုကိုထည့္သြင္းထားပါတယ္။

မၾကာေသးမီတုန္းကမန္စီးတီးအတြက္တတိယဝတ္စုံမွာလည္းလိုဂိုကိုေရွ႕ဘက္တြင္မထည့္သြင္းမႈေၾကာင့္ Puma ဟာမန္စီးတီးပရိသတ္မ်ားရဲ႕အျပင္းအထန္ေဝဖန္မႈခံခဲ့ရပါတယ္။

Puma ဟာ၎တို႔အက်ႌစပြန္ဆာေပးထားတဲ့ကလပ္မ်ားရဲ႕တတိယဝတ္စုံမွာကလပ္လိုဂိုထည့္သြင္းျခင္းမရွိမႈေၾကာင့္အျပင္းအထန္ေဝဖန္မႈမ်ားႏွင့္ႀကဳံေနရတဲ့ကုမၸဏီျဖစ္ပါတယ္။