Puma ရဲ့အငြင်းပွားဖွယ်ရာ အင်္ကျီဒီဇိုင်းကြောင့် ပြဿနာအကြီးအကြီးတက်ခဲ့တဲ့ဖီနာဘာချီစတား

ဖီနာဘာချီစတားမူဟာမက်ဂူမူစကာယာဟာမနေ့ညတုန်းကအိတ်ရှ်ဂျေကေဟယ်ဆင်ကီနှင့်ပွဲစဉ်မှာ အနိုင်ဂိုးသွင်းပြီးနောက် Puma ရဲ့တတိယဝတ်စုံဒီဇိုင်းကြောင့် ပြဿနာတက်ခဲ့ပါတယ်။

အသက်၂၀နှစ်ရှိတူရကီအလယ်တန်းကစားသမားဟာယူရိုပါလိဂ်ခြေစစ်ပွဲစဉ်မှာဖီနာဘာချီအတွက်တစ်ဂိုးတည်းသာအနိုင်ဂိုးသွင်းယူပြီးနောက်အင်္ကျီမှလိုဂိုကိုနမ်းကာအောင်ပွဲခံရန်လုပ်ခဲ့ပါတယ်။ဒါပေမယ့်Puma က၎င်းတို့ထုတ်လုပ်တဲ့ဥရောပတလွှားမှ ကလပ်များအတွက်တတိယဝတ်စုံကိုအင်္ကျီရင်ဘတ်တွင်ထည့်သွင်းထားခဲ့ခြင်းမရှိပါဘူး။

ဒါကြောင့်လည်းမူဟာမက်ဂူမူစကာယာဟာဖီနာဘာချီအတွက်အဖိုးတန်အနိုင်ဂိုးကိုသွင်းယူပြီးချိန်မှာအင်္ကျီမှလိုဂိုကိုနမ်းပြီးအောင်ပွဲခံဖို့ကြိုးပမ်းခဲ့ပေမယ့်လည်းလိုဂိုရှာမတွေ့ဖြစ်ခဲ့ရပါတယ်။

တူရကီအလယ်တန်းကစားသမားဟာပွဲချိန်၆၂မိနစ်မှာကွင်းလယ်ဖန်တီးရှင်အိုဇေးလ်အစားလူစားဝင်ရောက်ကစားပြီးနောက်အနိုင်ဂိုးသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

Puma ဟာ၎င်းတို့ထုတ်လုပ်တဲ့ကလပ်အသင်းများအတွက်တတိယဝတ်စုံကိုဒီဇိုင်းပုံစံတစ်မျိုးတည်းဖြင့်ထုတ်လုပ်ပြီးအင်္ကျီရင်ဘတ်မှာလိုဂိုမထည့်ဘဲကျောဘက်ကော်လံမှာဘဲထည့်သွင်းထားမှုအတွက်ပရိသတ်များရဲ့ဝေဖန်မှုခံနေရပါတယ်။

ဒေါ့မွန်ကတော့ပရိသတ်များရဲ့ဝေဖန်မှုများခံရပြီးနောက် Puma ရဲ့တတိယဝတ်စုံကိုလက်ခံရန်ငြင်းဆိုခဲ့ပြီးလိုဂိုပါဝင်တဲ့တတိယဝတ်စုံတောင်းဆိုမှုပြုလုပ်ခဲ့ရပါတယ်။

ZawGyi

Puma ရဲ႕အျငင္းပြားဖြယ္ရာ အက်ႌဒီဇိုင္းေၾကာင့္ ျပႆနာအႀကီးအႀကီးတက္ခဲ့တဲ့ဖီနာဘာခ်ီစတား

ဖီနာဘာခ်ီစတားမူဟာမက္ဂူမူစကာယာဟာမေန႔ညတုန္းကအိတ္ရွ္ေဂ်ေကဟယ္ဆင္ကီႏွင့္ပြဲစဥ္မွာ အႏိုင္ဂိုးသြင္းၿပီးေနာက္ Puma ရဲ႕တတိယဝတ္စုံဒီဇိုင္းေၾကာင့္ ျပႆနာတက္ခဲ့ပါတယ္။

အသက္၂၀ႏွစ္ရွိတူရကီအလယ္တန္းကစားသမားဟာယူ႐ိုပါလိဂ္ေျခစစ္ပြဲစဥ္မွာဖီနာဘာခ်ီအတြက္တစ္ဂိုးတည္းသာအႏိုင္ဂိုးသြင္းယူၿပီးေနာက္အက်ႌမွလိုဂိုကိုနမ္းကာေအာင္ပြဲခံရန္လုပ္ခဲ့ပါတယ္။ဒါေပမယ့္Puma က၎တို႔ထုတ္လုပ္တဲ့ဥေရာပတလႊားမွ ကလပ္မ်ားအတြက္တတိယဝတ္စုံကိုအက်ႌရင္ဘတ္တြင္ထည့္သြင္းထားခဲ့ျခင္းမရွိပါဘူး။

ဒါေၾကာင့္လည္းမူဟာမက္ဂူမူစကာယာဟာဖီနာဘာခ်ီအတြက္အဖိုးတန္အႏိုင္ဂိုးကိုသြင္းယူၿပီးခ်ိန္မွာအက်ႌမွလိုဂိုကိုနမ္းၿပီးေအာင္ပြဲခံဖို႔ႀကိဳးပမ္းခဲ့ေပမယ့္လည္းလိုဂိုရွာမေတြ႕ျဖစ္ခဲ့ရပါတယ္။

တူရကီအလယ္တန္းကစားသမားဟာပြဲခ်ိန္၆၂မိနစ္မွာကြင္းလယ္ဖန္တီးရွင္အိုေဇးလ္အစားလူစားဝင္ေရာက္ကစားၿပီးေနာက္အႏိုင္ဂိုးသြင္းယူခဲ့တာလည္းျဖစ္ပါတယ္။

Puma ဟာ၎တို႔ထုတ္လုပ္တဲ့ကလပ္အသင္းမ်ားအတြက္တတိယဝတ္စုံကိုဒီဇိုင္းပုံစံတစ္မ်ိဳးတည္းျဖင့္ထုတ္လုပ္ၿပီးအက်ႌရင္ဘတ္မွာလိုဂိုမထည့္ဘဲေက်ာဘက္ေကာ္လံမွာဘဲထည့္သြင္းထားမႈအတြက္ပရိသတ္မ်ားရဲ႕ေဝဖန္မႈခံေနရပါတယ္။

ေဒါ့မြန္ကေတာ့ပရိသတ္မ်ားရဲ႕ေဝဖန္မႈမ်ားခံရၿပီးေနာက္ Puma ရဲ႕တတိယဝတ္စုံကိုလက္ခံရန္ျငင္းဆိုခဲ့ၿပီးလိုဂိုပါဝင္တဲ့တတိယဝတ္စုံေတာင္းဆိုမႈျပဳလုပ္ခဲ့ရပါတယ္။