Puskas Award အတွက်‌ တစ်ပြေးနေတဲ့ ဂါနာလူငယ်ပါရမီရှင်ကို ခေါ်ယူရန် မန်စီးတီးနှင့်အပြိုင် မန်ယူကြိုးပမ်းနေ

မန်ချက်စတာယူနိုက်တက်ဟာ ကမ္ဘာ့အကောင်းဆုံးဂိုးဆု Puskas Award အတွက်ရှေ့ပြေးနေတဲ့ဂါနာလူငယ်ပါရမီရှင်မီဇစ်ခ်အေဆန်တဲကိုခေါ်ယူနိုင်ရန်အတွက် မန်စီးတီးနှင့်အပြိုင်ကြိုးပမ်းနေပါတယ်။

အသက်၁၅နှစ်အရွယ်ရှိလူငယ်တိုက်စစ်သမားဟာတနင်္ဂနွေနေ့တုန်းက Mobile Phone People နှင့်ရင်ဆိုင်ကစားရတဲ့ဂါနာဒုတိယတန်းပလေးအော့ဖ်ပွဲစဉ်မှာ Golden Kick SC အသင်းအတွက်အံ့ဩစရာကောင်းတဲ့ဂိုးကိုသွင်းယူခဲ့ပါတယ်။

သူဟာလူစားဝင်ရောက်လာပြီးနောက် နောက်ခံလူလေးဦးအပြင်ဂိုးသမားကိုပါလိမ်ခေါက်ပြီးအသင်းအတွက်အံ့ဩဖွယ်ရာချေပဂိုးကိုသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

သူသွင်းယူလိုက်တဲ့ဂိုးဟာချက်ချင်းဆိုသလိုအွန်လိုင်းတွင်ပျံ့နှံ့သွားခဲ့ပြီးမန်ယူနှင့်မန်စီးတီးကယင်းလူငယ်ကိုခေါ်ယူရန်အကြိုးပမ်းလာပြီဖြစ်ပါတယ်။

ကလပ်ဥက္ကဌဂျိုးဆက်ဖ်အေက်ပ်တွန်ကအသက်၁၅နှစ်အရွယ်လူငယ်ပါရမီရှင်ကိုခေါ်ယူရန်မန်စီးတီး၊မန်ယူအပြင်စီးရီးအေထိပ်သီးဂျူဗင်တပ်နှင့်ဘယ်လ်ဂျီယံကလပ်ဂျန့်တို့ကစိတ်ဝင်စားနေကြောင်းဆိုလာပါတယ်။

လူငယ်ပါရမီရှင်ဟာကိုင်လီယန်ဘက်ပေးကိုအလွန်နှစ်သက်သူဖြစ်ကြောင်းလည်းသိရပါတယ်။၎င်းက “ကစားသမားတွေအများကြီးကစားတာ ကြည့်ပါတယ်။ကျွန်တော့်အကြည့်အများဆုံးကတော့ကိုင်လီယန်ဘက်ပေးပါ။သူ့ရဲ့တိုက်ရိုက်ထိုးဖောက်ပုံ၊ထိုးဖောက်ပုံတို့ကိုကြိုက်တယ်။ကိုင်လီယန်ဘက်ပေးလိုမျိုးကစားချင်ပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

Puskas Award အတြက္‌ တစ္ေျပးေနတဲ့ ဂါနာလူငယ္ပါရမီရွင္ကို ေခၚယူရန္ မန္စီးတီးႏွင့္အၿပိဳင္ မန္ယူႀကိဳးပမ္းေန

မန္ခ်က္စတာယူႏိုက္တက္ဟာ ကမာၻ႔အေကာင္းဆုံးဂိုးဆု Puskas Award အတြက္ေရွ႕ေျပးေနတဲ့ဂါနာလူငယ္ပါရမီရွင္မီဇစ္ခ္ေအဆန္တဲကိုေခၚယူႏိုင္ရန္အတြက္ မန္စီးတီးႏွင့္အၿပိဳင္ႀကိဳးပမ္းေနပါတယ္။

အသက္၁၅ႏွစ္အ႐ြယ္ရွိလူငယ္တိုက္စစ္သမားဟာတနဂၤေႏြေန႔တုန္းက Mobile Phone People ႏွင့္ရင္ဆိုင္ကစားရတဲ့ဂါနာဒုတိယတန္းပေလးေအာ့ဖ္ပြဲစဥ္မွာ Golden Kick SC အသင္းအတြက္အံ့ဩစရာေကာင္းတဲ့ဂိုးကိုသြင္းယူခဲ့ပါတယ္။

 

သူဟာလူစားဝင္ေရာက္လာၿပီးေနာက္ ေနာက္ခံလူေလးဦးအျပင္ဂိုးသမားကိုပါလိမ္ေခါက္ၿပီးအသင္းအတြက္အံ့ဩဖြယ္ရာေခ်ပဂိုးကိုသြင္းယူခဲ့တာလည္းျဖစ္ပါတယ္။

သူသြင္းယူလိုက္တဲ့ဂိုးဟာခ်က္ခ်င္းဆိုသလိုအြန္လိုင္းတြင္ပ်ံ႕ႏွံ႔သြားခဲ့ၿပီးမန္ယူႏွင့္မန္စီးတီးကယင္းလူငယ္ကိုေခၚယူရန္အႀကိဳးပမ္းလာၿပီျဖစ္ပါတယ္။

ကလပ္ဥကၠဌဂ်ိဳးဆက္ဖ္ေအက္ပ္တြန္ကအသက္၁၅ႏွစ္အ႐ြယ္လူငယ္ပါရမီရွင္ကိုေခၚယူရန္မန္စီးတီး၊မန္ယူအျပင္စီးရီးေအထိပ္သီးဂ်ဴဗင္တပ္ႏွင့္ဘယ္လ္ဂ်ီယံကလပ္ဂ်န႔္တို႔ကစိတ္ဝင္စားေနေၾကာင္းဆိုလာပါတယ္။

လူငယ္ပါရမီရွင္ဟာကိုင္လီယန္ဘက္ေပးကိုအလြန္ႏွစ္သက္သူျဖစ္ေၾကာင္းလည္းသိရပါတယ္။၎က “ကစားသမားေတြအမ်ားႀကီးကစားတာ ၾကည့္ပါတယ္။ကြၽန္ေတာ့္အၾကည့္အမ်ားဆုံးကေတာ့ကိုင္လီယန္ဘက္ေပးပါ။သူ႔ရဲ႕တိုက္႐ိုက္ထိုးေဖာက္ပုံ၊ထိုးေဖာက္ပုံတို႔ကိုႀကိဳက္တယ္။ကိုင္လီယန္ဘက္ေပးလိုမ်ိဳးကစားခ်င္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။