
၂၀၀၉ ခုနှစ်မှစတင်ပြီးဖီဖာနှစ်စဉ် FIFA Puskas Award ကိုပရိသတ်မဲဆန္ဒဖြင့်ရွေးချယ်ချီးမြှင့်လာခဲ့ပါတယ်။လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော်အတွင်းမှာအလွန်အံ့ဩဖို့ကောင်းတဲ့ဂိုးပေါင်းများစွာတို့ ယင်းဆုကိုဆွတ်ခူးခဲ့ကြပြီးဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ပေါ်တိုနှင့်ချန်ပီယံလိဂ်မှာသွင်းယူတဲ့ဂိုးကတော့ Puskas Award ကိုပထမဆုံးဆွတ်ခူးတဲ့ဂိုးဖြစ်ပါတယ်။ယင်းနောက်မှာနေမာ၊အီဘရာဟီမိုဗစ်၊ဆာလက်တို့ရဲ့ဂိုးအပါအဝင်ဂိုးများစွာတို့ဆုရရှိခဲ့ကြပါတယ်။
ယခု၂၀၂၁ခုနှစ်မှာလည်းကမ္ဘာတလွှားမှာအံ့ဩစရာကောင်းပြီးလှပတဲ့ဂိုးပေါင်းများစွာတို့မြင်တွေ့ခဲ့ကြဖူးပြီးဖြစ်ပါတယ်။
အခုလည်း Puskas Award ကိုရရှိနိုင်တဲ့ဂိုးတစ်ဂိုးထွက်ပေါ်လာခဲ့ပါတယ်။ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းတာကတော့အသက်၁၅နှစ်အရွယ်သွင်းယူတဲ့ဂိုးဖြစ်နေပါတယ်။
ဂါနာကလပ် Golden Kick FC မှာကစားနေတဲ့အသက်၁၅နှစ်ရှိမီဇစ်အေဆန်တီသွင်းယူခဲ့တဲ့ဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့အပတ်တုန်းက Phone People FC နှင့်ပွဲတွင်သွင်းယူခဲ့တာဖြစ်ပါတယ်။
အလယ်တန်းတိုက်စစ်သမားလေးဟာပင်နယ်တီဧရိယာဘယ်ဖက်အစပ်မှာဘောလုံးရရှိပြီးနောက်နောက်ခံလူလေးဦးကိုလိမ်ခေါက်ကျော်ဖြတ်ခဲ့တဲ့အပြင်ဂိုးသမားကိုလိမ်ခေါက်ကျော်ဖြတ်ကာဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။
ZawGyi
Puskas Award အတွက် သေချာနေတဲ့ အသက် ၁၅ နှစ်အရွယ် ဂါနာပါရမီရှင်ရဲ့တစ်ကိုယ်တော်အစွမ်းဖြင့်သွင်းတဲ့ဂိုး