ကျူပီအာအနိုင်ရရှိဖို့ သေချာလွန်းနေပါတယ်

အင်္ဂါည အင်္ဂလန်ချန်ပီယံရှစ် ပြန်ကန်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ကျူပီအာ နှင့် ဝိုင်ကွမ်ဘီ (ည ၁:၃၀)(ဇေကြီး)

ဇယားအောက်ဆုံးကဝိုင်ကွမ်ဘီရဲ့ခြေစွမ်းနဲ့စိတ်ဓာတ်ပိုင်းဆိုးဆိုးရွားရွားကျဆင်းလာနေပါပြီ။ယိုယွင်းလှတဲ့ခံစစ်ကြောင်း၊ တည်ငြိမ်မှုမရှိတဲ့ကွင်းလယ်တို့ကို ပြင်ဆင်နိုင်ခြင်းမရှိတဲ့ဝိုင်ကွမ်ဘီဟာကက်ရှ်ကတ်ဦးဆောင်တဲ့ တိုက်စစ်ပိုင်းကပါ ဂိုးသွင်းအားကျဆင်းလာတယ်။

အခုဆိုရင်ဝိုင်ကွမ်ဘီတိုက်စစ်ကဂိုးသွင်းနိုင်ခြင်းမရှိတာ ၃ပွဲဆက်တိုက် ရှိနေပါပြီ။ကျူပီအာကတော့ခံစစ်ပိုင်းပေးဂိုးများလွန်းတာမှန်ပေမယ့်လည်း ချဲယား၊ အော်စတင်၊ ဒိုင်ကက်စ်တို့အတွဲအဖက်မိနေတဲ့တိုက်စစ်ကတော့ဂိုးသွင်းအားရှိပါတယ်။

တိုက်စစ်စွမ်းရည်ပိုမိုသာလွန်တဲ့ ကျူပီအာမှာအိမ်ရှင်အားသာချက်လည်းရှိနေတယ်။ဂိုးမပြတ်ဘူးဆိုရင်တောင်ကျူပီအာအနိုင်ရရှိဖို့ သေချာလွန်းနေပါတယ်။

zawgyi




