Rainbow Flick ဖြင့် ပြိုင်ဘက်ကို ကျော်ဖြတ်ရန် ကြိုးပမ်းမှုကြောင့် လိုင်ယွန်ရဲ့ပါကွီတာ အဝါကတ်ပြသခြင်းခံရ

လိုင်ယွန်ကွင်းလယ်ဖန်တီးရှင်လူးကပ်စ်ပါကွီတာဟာထရိုယက်စ်နှင့်ရင်ဆိုင်ကစားခဲ့တဲ့ပြင်သစ်လီဂူး၁ပွဲစဉ်တွင် Rainbow Flick စကေးဖြင့် ပြိုင်ဘက်ကိုကျော်ဖြတ်ရန် ကြိုးပမ်းမှုကြောင့် အဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။

အွန်လိုင်းတွင် ပျံ့နှံ့နေတဲ့ဗီဒီယိုအရ အသက်၂၄နှစ်ရှိဘရာဇီးလက်ရွေးစင်အလယ်တန်း တိုက်စစ်သမားဟာပြိုင်ဘက်နောက်ခံလူအားပဥ္စလက်ဆန်တဲ့ဘောလုံးကျွမ်းကျင်မှုဖြင့် ကျော်ဖြတ်ရန်ကြိုးပမ်းခဲ့ပေမယ့်ဒိုင်လူကြီးစတီဖင်နီဖရက်ပတ်ရဲ့အဝါကတ်ပြသမှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

အစောပိုင်းတုန်းကပါကွီတာနှင့်လိုင်ယွန်ကစားသမားတို့ကထရိုယက်စ်နောက်ခံလူမှာလက်ထိဘောဖြစ်တယ်လို့ယူဆတာကြောင့်အဝါကတ်ပြသလိမ့်မယ်လို့ယူဆခဲ့ကြပါတယ်။ဒါပေမယ့်တကယ်တမ်းမှာတော့ဖရက်ပတ်ဟာမည်သည့်ရှင်းလင်းမှုမှမပြုလုပ်ဘဲဘရာဇီးလက်ရွေးစင်ကိုအဝါကတ်ပြခဲ့ပါတယ်။

ဒါကြောင့်လည်းဘောလုံးပရိသတ်တစ်ဦးက “ဒိုင်လူကြီးတွေကဘောလုံးလောကရဲ့ရန်သူလား။နေမာ၊မမ်ဖစ်(ဒီပေး)တို့လည်းဖြစ်ခဲ့ကြဖူးတယ်။အခုလူးကပ်စ်လည်းဖြစ်လာတယ်”လို့အွန်လိုင်းတွင်ရေးသားသွားပါတယ်။

ယင်းသို့လိမ်ခေါက်ရန်ကြိုးပမ်းမှုကြောင့်အဝါကတ်ပြခံခဲ့ရဖူးတဲ့နေမာကိုယ်တိုင်ကလည်း “တကယ့်ကိုစိတ်မကောင်းစရာမြင်ကွင်းပါ။ လိမ်ခေါက်မှုတစ်ခုအတွက်အဝါကတ်ပြရလား။နည်းစနစ်ပိုင်းအရွှေ့တစ်ခုကအဖြေတစ်ခုပါ။ကွင်းရဲ့ဘယ်နေရာမှာဘဲဖြစ်ဖြစ်၊ဘယ်အချိန်မှာဘဲဖြစ်ဖြစ်အရေးမကြီးပါဘူး။ပြီးခဲ့တဲ့နှစ်တုန်းကကျုပ်လည်းကြုံခဲ့ရဖူးတယ်။ဘာအကြောင်းပြချက်ကြောင့်လဲမသိပါဘူး။နာမည်ကျော်ဂျိုဂိုဘိုနီတိုအဆုံးသတ်သွားပါပြီ”လို့အင်စတာဂရမ်တွင်ရေးသားသွားပါတယ်။

တစ်ချို့ကလည်းအမျိုးသမီးဒိုင်လူကြီးဟာလိမ်ခေါက်မှုကြောင့်ပါကွီတာကိုအဝါကတ်ပြတာမဟုတ်ဘဲစကားနားထောင်ရန်ငြင်းဆိုမှုကြောင့်အဝါကတ်ပြတာလို့လည်းယူဆနေကြပါတယ်။

ထရိုယက်စ်နှင့်ပွဲစဉ်တွင်လိုင်ယွန်ဟာ၃-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။လိုင်ယွန်အတွက်ဂိုးများကိုရှာကွီရီ၊ပယ်မီရီ၊ပါကွီတာတို့ကသွင်းယူခဲ့ပါတယ်။

ZawGyi

Rainbow Flick ျဖင့္ ၿပိဳင္ဘက္ကို ေက်ာ္ျဖတ္ရန္ ႀကိဳးပမ္းမႈေၾကာင့္ လိုင္ယြန္ရဲ႕ပါကြီတာ အဝါကတ္ျပသျခင္းခံရ

လိုင္ယြန္ကြင္းလယ္ဖန္တီးရွင္လူးကပ္စ္ပါကြီတာဟာထ႐ိုယက္စ္ႏွင့္ရင္ဆိုင္ကစားခဲ့တဲ့ျပင္သစ္လီဂူး၁ပြဲစဥ္တြင္ Rainbow Flick စေကးျဖင့္ ၿပိဳင္ဘက္ကိုေက်ာ္ျဖတ္ရန္ ႀကိဳးပမ္းမႈေၾကာင့္ အဝါကတ္ျပသျခင္းခံခဲ့ရပါတယ္။

အြန္လိုင္းတြင္ ပ်ံ႕ႏွံ႔ေနတဲ့ဗီဒီယိုအရ အသက္၂၄ႏွစ္ရွိဘရာဇီးလက္ေ႐ြးစင္အလယ္တန္း တိုက္စစ္သမားဟာၿပိဳင္ဘက္ေနာက္ခံလူအားပၪၥလက္ဆန္တဲ့ေဘာလုံးကြၽမ္းက်င္မႈျဖင့္ ေက်ာ္ျဖတ္ရန္ႀကိဳးပမ္းခဲ့ေပမယ့္ဒိုင္လူႀကီးစတီဖင္နီဖရက္ပတ္ရဲ႕အဝါကတ္ျပသမႈနဲ႔ရင္ဆိုင္ခဲ့ရပါတယ္။

အေစာပိုင္းတုန္းကပါကြီတာႏွင့္လိုင္ယြန္ကစားသမားတို႔ကထ႐ိုယက္စ္ေနာက္ခံလူမွာလက္ထိေဘာျဖစ္တယ္လို႔ယူဆတာေၾကာင့္အဝါကတ္ျပသလိမ့္မယ္လို႔ယူဆခဲ့ၾကပါတယ္။ဒါေပမယ့္တကယ္တမ္းမွာေတာ့ဖရက္ပတ္ဟာမည္သည့္ရွင္းလင္းမႈမွမျပဳလုပ္ဘဲဘရာဇီးလက္ေ႐ြးစင္ကိုအဝါကတ္ျပခဲ့ပါတယ္။

ဒါေၾကာင့္လည္းေဘာလုံးပရိသတ္တစ္ဦးက “ဒိုင္လူႀကီးေတြကေဘာလုံးေလာကရဲ႕ရန္သူလား။ေနမာ၊မမ္ဖစ္(ဒီေပး)တို႔လည္းျဖစ္ခဲ့ၾကဖူးတယ္။အခုလူးကပ္စ္လည္းျဖစ္လာတယ္”လို႔အြန္လိုင္းတြင္ေရးသားသြားပါတယ္။

ယင္းသို႔လိမ္ေခါက္ရန္ႀကိဳးပမ္းမႈေၾကာင့္အဝါကတ္ျပခံခဲ့ရဖူးတဲ့ေနမာကိုယ္တိုင္ကလည္း “တကယ့္ကိုစိတ္မေကာင္းစရာျမင္ကြင္းပါ။ လိမ္ေခါက္မႈတစ္ခုအတြက္အဝါကတ္ျပရလား။နည္းစနစ္ပိုင္းအေ႐ႊ႕တစ္ခုကအေျဖတစ္ခုပါ။ကြင္းရဲ႕ဘယ္ေနရာမွာဘဲျဖစ္ျဖစ္၊ဘယ္အခ်ိန္မွာဘဲျဖစ္ျဖစ္အေရးမႀကီးပါဘူး။ၿပီးခဲ့တဲ့ႏွစ္တုန္းကက်ဳပ္လည္းႀကဳံခဲ့ရဖူးတယ္။ဘာအေၾကာင္းျပခ်က္ေၾကာင့္လဲမသိပါဘူး။နာမည္ေက်ာ္ဂ်ိဳဂိုဘိုနီတိုအဆုံးသတ္သြားပါၿပီ”လို႔အင္စတာဂရမ္တြင္ေရးသားသြားပါတယ္။

တစ္ခ်ိဳ႕ကလည္းအမ်ိဳးသမီးဒိုင္လူႀကီးဟာလိမ္ေခါက္မႈေၾကာင့္ပါကြီတာကိုအဝါကတ္ျပတာမဟုတ္ဘဲစကားနားေထာင္ရန္ျငင္းဆိုမႈေၾကာင့္အဝါကတ္ျပတာလို႔လည္းယူဆေနၾကပါတယ္။

ထ႐ိုယက္စ္ႏွင့္ပြဲစဥ္တြင္လိုင္ယြန္ဟာ၃-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။လိုင္ယြန္အတြက္ဂိုးမ်ားကိုရွာကြီရီ၊ပယ္မီရီ၊ပါကြီတာတို႔ကသြင္းယူခဲ့ပါတယ္။