ခရစ္စတီယာနိုရော်နယ်ဒိုလက်သစ်ကို ခေါ်ယူရန် ယူနိုက်တက်ဆွေးနွေးနေပြီ

မန်ချက်စတာယူနိုက်တက်ဟာ ခရစ္စတီယာနိုရော်နယ်ဒိုလက်သစ်အဖြစ်တင်စားခြင်းခံနေရတဲ့ဘင်ဖီကာတိုက်စစ်မှူးဂွန်ကာလိုရာမို့စ်အားခေါ်ယူရန်ဆွေး နွေးနေပြီဖြစ်ကြောင်းသိရပါတယ်။

အဲရစ်တန်ဟက်ဟာတိုက်စစ်ပိုင်းရွေးချယ်စရာနည်းပါးနေမှုနှင့်အတူလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ကျောနံပါတ်၉ကစားသမားခေါ်ယူရေးရှာဖွေနေပါတယ်။

ယူနိုက်တက်ရဲ့ပစ်မှတ်များတွင်စပါးစ်တိုက်စစ်မှူးဟယ်ရီကိန်းနှင့်နာပိုလီတိုက်စစ်မှူးအိုဆမ်ဟန်တို့ထိပ်ဆုံးမှပါဝင်နေပါတယ်။

ဒါပေမဲ့ယူနိုက်တက်ဟာယင်းကစားသမားနှစ်ဦးကိုခေါ်ယူနိုင်ရေးမသေချာမှု၊ပြောင်းရွှေ့ကြေးများစွာသုံးရနိုင်မှုတို့ကြောင့်ဂွန်ကာလိုရာမို့စ်အားခေါ်ယူရန်ဆွေးနွေးနေပြီဖြစ်ပါတယ်။

Correio da Manha ကယူနိုက်တက်တာဝန်ရှိသူများဟာဂွန်ကာလိုရာမို့စ်ရဲ့အေးဂျင့်ဂျော့မန်ဒက်စ်နှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ရာတွင်တိုးတက်မှုများရှိနေကြောင်းဖော်ပြသွားပါတယ်။

ပေါ်တူဂီစတားဟာပြီးခဲ့တဲ့ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ပွဲထွက်နေရာယူကိုရယူပြီးနောက်ဆွစ်ဇာလန်နှင့်ပွဲတွင်ဟက်ထရစ်သွင်းယူနိုင်ခဲ့မှုနှင့်အတူတစ်ကမ္ဘာလုံးရဲ့အာရုံစိုက်ခြင်းခံနေရသူဖြစ်ပါတယ်။

အသက်၂၁နှစ်ရှိတိုက်စစ်သမားဟာယခုရာသီတွင်ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ရောက်ဘင်ဖီကာအတွက်ပေါ်တူဂီအဆင့်မြင့်တန်းပွဲ၂၃ပွဲကစားကာ၁၅ဂိုးသွင်းထားပြီးပေါ်တူဂီအဆင့်မြင့်တန်းလိဂ်ရဲ့ဂိုးသွင်းဘုရင်အဖြစ်ရပ်တည်နေပါတယ်။

ယူနိုက်တက်အနေဖြင့်ရာမို့စ်ကိုသက်သာတဲ့နှုန်းထားဖြင့်ခေါ်ယူနိုင်မှာမဟုတ်ပါဘူး။ရာမို့စ်ဟာဘင်ဖီကာနှင့်၂၀၂၆ခုနှစ်အထိစာချုပ်ချုပ်ဆိုထားပြီးသူ့စာ ချုပ်အတွင်းတွင်စာချုပ်ဖျက်သိမ်းကြေးပေါင်၁၀၆သန်းပေးရမဲ့အချက်ပါဝင်ပါတယ်။

ZawGyi

ခရစၥတီယာႏိုေရာ္နယ္ဒိုလက္သစ္ကို ေခၚယူရန္ ယူႏိုက္တက္ေဆြးေႏြးေနၿပီ

မန္ခ်က္စတာယူႏိုက္တက္ဟာ ခရစၥတီယာႏိုေရာ္နယ္ဒိုလက္သစ္အျဖစ္တင္စားျခင္းခံေနရတဲ့ဘင္ဖီကာတိုက္စစ္မႉးဂြန္ကာလိုရာမို႔စ္အားေခၚယူရန္ေဆြးေႏြးေနၿပီျဖစ္ေၾကာင္းသိရပါတယ္။

အဲရစ္တန္ဟက္ဟာတိုက္စစ္ပိုင္းေ႐ြးခ်ယ္စရာနည္းပါးေနမႈႏွင့္အတူလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ေက်ာနံပါတ္၉ကစားသမားေခၚယူေရးရွာေဖြေနပါတယ္။

ယူႏိုက္တက္ရဲ႕ပစ္မွတ္မ်ားတြင္စပါးစ္တိုက္စစ္မႉးဟယ္ရီကိန္းႏွင့္နာပိုလီတိုက္စစ္မႉးအိုဆမ္ဟန္တို႔ထိပ္ဆုံးမွပါဝင္ေနပါတယ္။

ဒါေပမဲ့ယူႏိုက္တက္ဟာယင္းကစားသမားႏွစ္ဦးကိုေခၚယူႏိုင္ေရးမေသခ်ာမႈ၊ေျပာင္းေ႐ႊ႕ေၾကးမ်ားစြာသုံးရႏိုင္မႈတို႔ေၾကာင့္ဂြန္ကာလိုရာမို႔စ္အားေခၚယူရန္ေဆြးေႏြးေနၿပီျဖစ္ပါတယ္။

Correio da Manha ကယူႏိုက္တက္တာဝန္ရွိသူမ်ားဟာဂြန္ကာလိုရာမို႔စ္ရဲ႕ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္ႏွင့္ေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ခဲ့ရာတြင္တိုးတက္မႈမ်ားရွိေနေၾကာင္းေဖာ္ျပသြားပါတယ္။

ေပၚတူဂီစတားဟာၿပီးခဲ့တဲ့ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ပြဲထြက္ေနရာယူကိုရယူၿပီးေနာက္ဆြစ္ဇာလန္ႏွင့္ပြဲတြင္ဟက္ထရစ္သြင္းယူႏိုင္ခဲ့မႈႏွင့္အတူတစ္ကမာၻလုံးရဲ႕အာ႐ုံစိုက္ျခင္းခံေနရသူျဖစ္ပါတယ္။

အသက္၂၁ႏွစ္ရွိတိုက္စစ္သမားဟာယခုရာသီတြင္ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ေရာက္ဘင္ဖီကာအတြက္ေပၚတူဂီအဆင့္ျမင့္တန္းပြဲ၂၃ပြဲကစားကာ၁၅ဂိုးသြင္းထားၿပီးေပၚတူဂီအဆင့္ျမင့္တန္းလိဂ္ရဲ႕ဂိုးသြင္းဘုရင္အျဖစ္ရပ္တည္ေနပါတယ္။

ယူႏိုက္တက္အေနျဖင့္ရာမို႔စ္ကိုသက္သာတဲ့ႏႈန္းထားျဖင့္ေခၚယူႏိုင္မွာမဟုတ္ပါဘူး။ရာမို႔စ္ဟာဘင္ဖီကာႏွင့္၂၀၂၆ခုႏွစ္အထိစာခ်ဳပ္ခ်ဳပ္ဆိုထားၿပီးသူ႔စာခ်ဳပ္အတြင္းတြင္စာခ်ဳပ္ဖ်က္သိမ္းေၾကးေပါင္၁၀၆သန္းေပးရမဲ့အခ်က္ပါဝင္ပါတယ္။