ရာမို့စ်မှာPSG ရဲ့ပစ်မှတ်ဖြစ်လာနိုင်

ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ဆာဂျီယိုရာမို့စ်ရဲ့အနာဂတ်မရေမရာဖြစ်လာခဲ့တာလအနည်းငယ်ကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။ယနေ့မှာပီအက်စ်ဂျီနည်းပြမော်ရီစီယိုပီချက်တီနိုကစပိန်အသင်းခေါင်းဆောင်အားခေါ်ယူရေးကြိုးပမ်းလာနိုင်ကြောင်းအရိပ်အမြွက်ပြောကြားလာပါတယ်။

ရာမို့စ်ဟာလာမယ့်ဇွန်လ၃၀ရက်နေ့မှာရီးရဲလ်မက်ဒရစ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးစာချုပ်သက်တမ်းတိုးရေးအတွက်ရီးရဲလ်မက်ဒရစ်နှင့်ဆွေးနွေးလာခဲ့တာကြာပြီဖြစ်ပေမယ့်တိုးတက်ခြင်းမရှိသေးပါဘူး။

ပိုချက်တီနိုက၎င်းအနေဖြင့်အခြားကလပ်မှကစားသမားများနှင့်ပတ်သက်ပြီးပြောကြားလိုခြင်းမရှိသော်လည်းစပိန်အသင်းခေါင်းဆောင်မှာကလပ်ရဲ့နွေရာသီပစ်မှတ်ဖြစ်လာနိုင်ကြောင်းဆိုသွားပါတယ်။

ပိုချက်တီနိုက “ဆာဂျီယိုရာမို့စ်ကပီအက်စ်ဂျီသို့ရောက်လာမလားဆိုတော့ကျွန်တော့်အနေနဲ့ဒါကိုဖြေလို့မရပါဘူး။ဆာဂျီယိုရာမို့စ်ကရီးရဲလ်မက်ဒရစ်ကစားသမားဖြစ်ပါတယ်။ဒါပေမယ့်ကျွန်တော်တို့ဟာလည်းအခြားအသင်းတွေလိုဘဲနေရာတိုင်းကိုပိုကောင်းမွန်လာအောင်လုပ်သွားချင်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

အသက်၃၅နှစ်ရှိရာမို့စ်ဟာ၂၀၀၄ခုနှစ်တွင်ဆီဗီလာမှရီးရဲလ်မက်ဒရစ်သို့ရောက်လာခဲ့ပြီးစီနီယာပွဲပေါင်း၇၂၀ကစားကာ၁၀၄ဂိုးသွင်းယူထားသူဖြစ်ပါတယ်။သူဟာလက်ရွေးစင်အသင်းအဆင့်တွင်လည်းစပိန်အတွက်၁၇၉ပွဲကစားကာ၂၃ဂိုးသွင်းယူထားပါတယ်။

zawgyi

ရာမို႔စ္မွာPSG ရဲ႕ပစ္မွတ္ျဖစ္လာႏိုင္

ရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္ဆာဂ်ီယိုရာမို႔စ္ရဲ႕အနာဂတ္မေရမရာျဖစ္လာခဲ့တာလအနည္းငယ္ၾကာျမင့္လာခဲ့ၿပီျဖစ္ပါတယ္။ယေန႔မွာပီအက္စ္ဂ်ီနည္းျပေမာ္ရီစီယိုပီခ်က္တီႏိုကစပိန္အသင္းေခါင္းေဆာင္အားေခၚယူေရးႀကိဳးပမ္းလာႏိုင္ေၾကာင္းအရိပ္အႁမြက္ေျပာၾကားလာပါတယ္။

ရာမို႔စ္ဟာလာမယ့္ဇြန္လ၃၀ရက္ေန႔မွာရီးရဲလ္မက္ဒရစ္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးစာခ်ဳပ္သက္တမ္းတိုးေရးအတြက္ရီးရဲလ္မက္ဒရစ္ႏွင့္ေဆြးေႏြးလာခဲ့တာၾကာၿပီျဖစ္ေပမယ့္တိုးတက္ျခင္းမရွိေသးပါဘူး။

ပိုခ်က္တီႏိုက၎အေနျဖင့္အျခားကလပ္မွကစားသမားမ်ားႏွင့္ပတ္သက္ၿပီးေျပာၾကားလိုျခင္းမရွိေသာ္လည္းစပိန္အသင္းေခါင္းေဆာင္မွာကလပ္ရဲ႕ေႏြရာသီပစ္မွတ္ျဖစ္လာႏိုင္ေၾကာင္းဆိုသြားပါတယ္။

ပိုခ်က္တီႏိုက “ဆာဂ်ီယိုရာမို႔စ္ကပီအက္စ္ဂ်ီသို႔ေရာက္လာမလားဆိုေတာ့ကြၽန္ေတာ့္အေနနဲ႔ဒါကိုေျဖလို႔မရပါဘူး။ဆာဂ်ီယိုရာမို႔စ္ကရီးရဲလ္မက္ဒရစ္ကစားသမားျဖစ္ပါတယ္။ဒါေပမယ့္ကြၽန္ေတာ္တို႔ဟာလည္းအျခားအသင္းေတြလိုဘဲေနရာတိုင္းကိုပိုေကာင္းမြန္လာေအာင္လုပ္သြားခ်င္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

အသက္၃၅ႏွစ္ရွိရာမို႔စ္ဟာ၂၀၀၄ခုႏွစ္တြင္ဆီဗီလာမွရီးရဲလ္မက္ဒရစ္သို႔ေရာက္လာခဲ့ၿပီးစီနီယာပြဲေပါင္း၇၂၀ကစားကာ၁၀၄ဂိုးသြင္းယူထားသူျဖစ္ပါတယ္။သူဟာလက္ေ႐ြးစင္အသင္းအဆင့္တြင္လည္းစပိန္အတြက္၁၇၉ပြဲကစားကာ၂၃ဂိုးသြင္းယူထားပါတယ္။