SPFL တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို စတီဗင်ဂျရတ်ဆွတ်ခူး

ရိန်းဂျားနည်းပြစတီဗင်ဂျရတ်ဟာ SPLF တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကိုဆွတ်ခူးနိုင်ခဲ့ကြောင်းသိရပါတယ်။စတီဗင်ဂျရတ်ဟာစကော့တလန်ပရီးမီးယားလိဂ်အမှတ်ပေးဖလားအားအတားအဆီးကင်းမဲ့စွာဆွတ်ခူးနိုင်ခဲ့ပြီးဆဲလ်တစ်နှင့်ဆယ်နှစ်ကြာလွှမ်းမိုးလာမှုကိုအဆုံးသတ်ခဲ့ပါတယ်။

၎င်းတို့ဟာ၂၀၂၀-၂၁ဘောလုံးရာသီတွင်ရှုံးပွဲတစ်ပွဲမျှကြုံတွေ့ရခြင်းမရှိသေးဘဲသူတို့ရဲ့၅၅ကြိမ်မြောက်အမှတ်ပေးဖလားကိုမတ်လအစောပိုင်းကတည်းကဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ယခုအခါ၎င်းတို့ဟာတစ်ရာသီလုံးရှုံးပွဲမရှိမှတ်တမ်းဖြင့်အဆုံးသတ်နိုင်ရန်တစ်ပွဲတည်းသာလိုပါတော့တယ်။ရိန်းဂျားဟာရာသီသိမ်းအဝေးကွင်းပွဲတွင်ရှုံးပွဲမရှိပါကအဘာဒင်းရဲ့စံချိန်ကိုလိုက်မီလာမှာလည်းဖြစ်ပါတယ်။ရိန်းဂျားဟာယင်းစံချိန်တင်နိုင်ဖို့အတွက်စိတ်ဝင်စားဖို့ကောင်းစွာဘဲအဘာဒင်းနှင့်ဘဲရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။

zawgyi



