
မားကပ်စ်ရက်ဖို့ဒ်ဟာတနင်္ဂနွေနေ့ညတုန်းကဆောက်သမ်တန်နှင့်ဂိုးမရှိသရေကျတဲ့ပွဲတွင်ယခုရာသီပရီးမီးယားလိဂ်တွင်အဆိုးရွားဆုံးဟန်ဆောင်ဒိုင်ဗင်ထိုးမှုနှင့်အတူပရိသတ်များရဲ့ပြင်းထန်စွာဝေဖန်ခြင်းခံနေရပါတယ်။
မားကပ်စ်ရက်ဖို့ဒ်ဟာကမ္ဘာ့ဖလားနှောင်းပိုင်းတွင်အကောင်းဆုံးခြေစွမ်းပြကစားနိုင်မှုနဲ့အတူ ဥရောပရဲ့ကြောက်စရာအကောင်းဆုံးတိုက်စစ်မှူးများထဲမှတစ်ဦးအဖြစ်ရပ်တည်နေပါတယ်။
သူဟာကြာသပတေးနေ့တုန်းကအိုးထရက်ဖို့ဒ်တွင်ဘက်တစ်ကို၄-၁ဂိုးဖြင့်အနိုင်ရတဲ့ယူရိုပါလိဂ်၁၆သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်တွင်လည်းဆက်လက်ဂိုးသွင်းကာအကောင်းဆုံးပုံစံပြသထားနိုင်ပါတယ်။
သူဟာယခုရာသီတွင်ယူနိုက်တက်အတွက်ပြိုင်ပွဲအရပ်ရပ်တွင်၂၆ဂိုးအထိသွင်းထားသလိုကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်းအင်္ဂလန်အတွက်၃ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ဒါပေမဲ့သူဟာတနင်္ဂနွေနေ့ညမှာတော့ဆောက်သမ်တန်နှင့်ဂိုးမရှိသရေကျတဲ့ပွဲမှာဂိုးပေါက်ရှာမတွေ့ခဲ့ပါဘူး။
ယင်းပွဲတွင်ယူနိုက်တက်ဟာပွဲချိန်၃၄မိနစ်မှာကက်စ်မီရိုအနီကတ်ပြထုတ်ပယ်ခံရလို့တစ်ယောက်အလျှော့နဲ့ကစားခဲ့ရပါတယ်။ကက်စ်မီရိုဟာ၄ပွဲပယ်ပြစ် ဒဏ်ကျခံရတော့မှာဖြစ်သလိုဂါနာချိုလည်းဒဏ်ရာရရှိသွားလို့ယူနိုက်တက်အတွက်အဆိုးရွားဆုံးဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့လည်းရက်ဖို့ဒ်ဟာယခုရာသီထိပ်တန်းခြေစွမ်းကြောင့် Ballon d’Or ဆန်ကာတင်စာရင်းဝင်ရေးမျှော်လင့်ချက်ရှိလာပေမဲ့လည်း အဆိုးရွားဆုံးဒိုင်ဗင်ထိုးမှုနဲ့အတူ Fallon d’Or ဆုသာဆွတ်ခူးလာနိုင်ဖို့ရှိနေပါတယ်။
သူဟာမနေ့ညတုန်းကဆောက်သမ်တန်နှင့်ပွဲတွင်ဆောက်သမ်တန်ဂိုးသမားဂါဗန်ဘာဇူနူနှင့်တစံတရာထိမိခဲ့ခြင်းမရှိဘဲအဆိုးရွားဆုံးဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့ပါတယ်။
ဒါကြောင့်လည်းပရိသတ်တစ်ဦးက “လုံးဝလက်မခံနိုင်စရာဟန်ဆောင်ဒိုင်ဗင်ထိုးမှုပဲ။အဝါကတ်တောင်ပြလိုက်သင့်တယ်”လို့ဆိုသွားပါတယ်။
အခြားတစ်ဦးကလည်း “အဆိုးရွားဆုံးဟန်ဆောင်ဒိုင်ဗင်ထိုးပြီးပင်နယ်တီရဖို့ကြိုးစားမှုပဲ။ရက်ဖို့ဒ်လုပ်ရပ်ကလုံးဝလက်ခံနိုင်စရာမရှိဘူး”လို့ဆိုသွားပါတယ်။
ZawGyi
ယခုရာသီရဲ႕အဆိုး႐ြားဆုံး ဟန္ေဆာင္ဒိုင္ဗင္ထိုးမႈ ျပဳလုပ္ခဲ့တဲ့ ရက္ဖို႔ဒ္ ေဝဖန္မႈမ်ားႏွင့္ ႀကဳံေနရ
မားကပ္စ္ရက္ဖို႔ဒ္ဟာတနဂၤေႏြေန႔ညတုန္းကေဆာက္သမ္တန္ႏွင့္ဂိုးမရွိသေရက်တဲ့ပြဲတြင္ယခုရာသီပရီးမီးယားလိဂ္တြင္အဆိုး႐ြားဆုံးဟန္ေဆာင္ဒိုင္ဗင္ထိုးမႈႏွင့္အတူပရိသတ္မ်ားရဲ႕ျပင္းထန္စြာေဝဖန္ျခင္းခံေနရပါတယ္။
မားကပ္စ္ရက္ဖို႔ဒ္ဟာကမာၻ႔ဖလားေႏွာင္းပိုင္းတြင္အေကာင္းဆုံးေျခစြမ္းျပကစားႏိုင္မႈနဲ႔အတူ ဥေရာပရဲ႕ေၾကာက္စရာအေကာင္းဆုံးတိုက္စစ္မႉးမ်ားထဲမွတစ္ဦးအျဖစ္ရပ္တည္ေနပါတယ္။
သူဟာၾကာသပေတးေန႔တုန္းကအိုးထရက္ဖို႔ဒ္တြင္ဘက္တစ္ကို၄-၁ဂိုးျဖင့္အႏိုင္ရတဲ့ယူ႐ိုပါလိဂ္၁၆သင္းရႈံးထြက္အဆင့္ပထမအေက်ာ့ပြဲစဥ္တြင္လည္းဆက္လက္ဂိုးသြင္းကာအေကာင္းဆုံးပုံစံျပသထားႏိုင္ပါတယ္။
သူဟာယခုရာသီတြင္ယူႏိုက္တက္အတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၂၆ဂိုးအထိသြင္းထားသလိုကမာၻ႔ဖလားၿပိဳင္ပြဲတြင္လည္းအဂၤလန္အတြက္၃ဂိုးသြင္းႏိုင္ခဲ့ပါတယ္။
ဒါေပမဲ့သူဟာတနဂၤေႏြေန႔ညမွာေတာ့ေဆာက္သမ္တန္ႏွင့္ဂိုးမရွိသေရက်တဲ့ပြဲမွာဂိုးေပါက္ရွာမေတြ႕ခဲ့ပါဘူး။
ယင္းပြဲတြင္ယူႏိုက္တက္ဟာပြဲခ်ိန္၃၄မိနစ္မွာကက္စ္မီ႐ိုအနီကတ္ျပထုတ္ပယ္ခံရလို႔တစ္ေယာက္အေလွ်ာ့နဲ႔ကစားခဲ့ရပါတယ္။ကက္စ္မီ႐ိုဟာ၄ပြဲပယ္ျပစ္ဒဏ္က်ခံရေတာ့မွာျဖစ္သလိုဂါနာခ်ိဳလည္းဒဏ္ရာရရွိသြားလို႔ယူႏိုက္တက္အတြက္အဆိုး႐ြားဆုံးျဖစ္ခဲ့ပါတယ္။
ဒါေပမဲ့လည္းရက္ဖို႔ဒ္ဟာယခုရာသီထိပ္တန္းေျခစြမ္းေၾကာင့္ Ballon d’Or ဆန္ကာတင္စာရင္းဝင္ေရးေမွ်ာ္လင့္ခ်က္ရွိလာေပမဲ့လည္း အဆိုး႐ြားဆုံးဒိုင္ဗင္ထိုးမႈနဲ႔အတူ Fallon d’Or ဆုသာဆြတ္ခူးလာႏိုင္ဖို႔ရွိေနပါတယ္။
သူဟာမေန႔ညတုန္းကေဆာက္သမ္တန္ႏွင့္ပြဲတြင္ေဆာက္သမ္တန္ဂိုးသမားဂါဗန္ဘာဇူႏူႏွင့္တစံတရာထိမိခဲ့ျခင္းမရွိဘဲအဆိုး႐ြားဆုံးဟန္ေဆာင္ဒိုင္ဗင္ထိုးခဲ့ပါတယ္။
ဒါေၾကာင့္လည္းပရိသတ္တစ္ဦးက “လုံးဝလက္မခံႏိုင္စရာဟန္ေဆာင္ဒိုင္ဗင္ထိုးမႈပဲ။အဝါကတ္ေတာင္ျပလိုက္သင့္တယ္”လို႔ဆိုသြားပါတယ္။
အျခားတစ္ဦးကလည္း “အဆိုး႐ြားဆုံးဟန္ေဆာင္ဒိုင္ဗင္ထိုးၿပီးပင္နယ္တီရဖို႔ႀကိဳးစားမႈပဲ။ရက္ဖို႔ဒ္လုပ္ရပ္ကလုံးဝလက္ခံႏိုင္စရာမရွိဘူး”လို႔ဆိုသြားပါတယ္။