ငယ်ချစ်နှင့်လမ်းခွဲလိုက်ပြီဖြစ်တဲ့သရဲနီစတား

မားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာရှစ်နှစ်ကြာချစ်ကြိုက်လာခဲ့တဲ့ငယ်ချစ်လူစီယာလွိုင်နှင့်လမ်းခွဲလိုက်ပြီဖြစ်ပါတယ်။အသက်၂၃နှစ်ရှိစုံတွဲဟာလော့ဒေါင်းဖိအားများကြောင့်လမ်းခွဲခဲ့ကြတာဖြစ်ပြီး၎င်းတို့အကြားမှာတစ်ဦးနှင့်တစ်ဦးချစ်ခင်မှုလေးစားမှုတို့ရှိနေကြတုန်းလည်းဖြစ်ပါတယ်။

ဗြိတိန်တဝန်းတွင်ဆင်းရဲနွမ်းပါးတဲ့မိသားစုမှပေါက်ဖွားလာတဲ့ကလေးငယ်များအဟာရပြည့်အစားအစာများအခမဲ့စားသောက်နိုင်ရေးအတွက်လုပ်ဆောင်နေတဲ့ရပ်ရှ်ဖို့ဒ်ဟာချစ်သူနှင့်လမ်းခွဲလိုက်မှုကြောင့်အကြီးအကျယ်စိတ်ညစ်လျက်ရှိနေပါတယ်။

ရပ်ရှ်ဖို့ဒ်နှင့်လူစီယာလွိုင်တို့ဟာလမ်းခွဲလိုက်ကြပြီဆိုပေမယ့်လည်းအဆက်မသွယ်တော့မပြတ်ကြသေးပါဘူး။ဒါကြောင့်လည်းတစ်ချိန်ကျရင်သူတို့နှစ်ဦးဟာအပြန်အလှန်နားလည်မှုရရှိလာချိန်မှာပြန်လည်လက်တွဲလာနိုင်တယ်လို့လည်းယူဆရပါတယ်။

၎င်းတို့နှင့်နီးစပ်တဲ့သူငယ်ချင်းများကတော့မားကပ်စ်နဲ့လူစီယာတို့ဟာလော့ဒေါင်းကြောင့်အတူနေထိုင်ရတဲ့ကာလများပြားမှုနဲ့အတူအဖုအထစ်များပေါ်ပေါက်လာကာလမ်းခွဲဖို့ဖြစ်လာခဲ့တယ်လို့ဆိုနေကြပါတယ်။

၎င်းတို့နှစ်ဦးဟာဂရိတ်တားမန်ချက်စတာမှဆဲလ်ရှိမာစယ်စကူးတွင်တွေ့ဆုံချစ်ကြိုက်ခဲ့ကြတာဖြစ်ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာနွမ်းပါးတဲ့ကလေးများအတွက်ရှေ့တန်းမှတိုက်ပွဲဝင်လုပ်ဆောင်မှုအတွက်ပြီးခဲ့တဲ့နှစ်တုန်းကဗြိတိန်ဘုရင်မကြီးရဲ့MBE ဘွဲ့ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

သူဟာပြီးခဲ့တဲ့နှစ်တုန်းကကိုဗစ်ကာလအတွင်းတွင်နွမ်းပါးတဲ့ကလေးငယ်များကျောင်းပိတ်ထားချိန်တွင်လည်းအစားအစာအခမဲ့စားခွင့်ရရှိရေးအတွက်ပေါင်သန်း၂၀အထိရန်ပုံငွေမြင့်တက်လာအောင်လုပ်ဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

zawgyi

ငယ္ခ်စ္ႏွင့္လမ္းခြဲလိုက္ၿပီျဖစ္တဲ့သရဲနီစတား

မားကပ္စ္ရပ္ရွ္ဖို႔ဒ္ဟာရွစ္ႏွစ္ၾကာခ်စ္ႀကိဳက္လာခဲ့တဲ့ငယ္ခ်စ္လူစီယာလြိဳင္ႏွင့္လမ္းခြဲလိုက္ၿပီျဖစ္ပါတယ္။အသက္၂၃ႏွစ္ရွိစုံတြဲဟာေလာ့ေဒါင္းဖိအားမ်ားေၾကာင့္လမ္းခြဲခဲ့ၾကတာျဖစ္ၿပီး၎တို႔အၾကားမွာတစ္ဦးႏွင့္တစ္ဦးခ်စ္ခင္မႈေလးစားမႈတို႔ရွိေနၾကတုန္းလည္းျဖစ္ပါတယ္။

ၿဗိတိန္တဝန္းတြင္ဆင္းရဲႏြမ္းပါးတဲ့မိသားစုမွေပါက္ဖြားလာတဲ့ကေလးငယ္မ်ားအဟာရျပည့္အစားအစာမ်ားအခမဲ့စားေသာက္ႏိုင္ေရးအတြက္လုပ္ေဆာင္ေနတဲ့ရပ္ရွ္ဖို႔ဒ္ဟာခ်စ္သူႏွင့္လမ္းခြဲလိုက္မႈေၾကာင့္အႀကီးအက်ယ္စိတ္ညစ္လ်က္ရွိေနပါတယ္။

ရပ္ရွ္ဖို႔ဒ္ႏွင့္လူစီယာလြိဳင္တို႔ဟာလမ္းခြဲလိုက္ၾကၿပီဆိုေပမယ့္လည္းအဆက္မသြယ္ေတာ့မျပတ္ၾကေသးပါဘူး။ဒါေၾကာင့္လည္းတစ္ခ်ိန္က်ရင္သူတို႔ႏွစ္ဦးဟာအျပန္အလွန္နားလည္မႈရရွိလာခ်ိန္မွာျပန္လည္လက္တြဲလာႏိုင္တယ္လို႔လည္းယူဆရပါတယ္။

၎တို႔ႏွင့္နီးစပ္တဲ့သူငယ္ခ်င္းမ်ားကေတာ့မားကပ္စ္နဲ႔လူစီယာတို႔ဟာေလာ့ေဒါင္းေၾကာင့္အတူေနထိုင္ရတဲ့ကာလမ်ားျပားမႈနဲ႔အတူအဖုအထစ္မ်ားေပၚေပါက္လာကာလမ္းခြဲဖို႔ျဖစ္လာခဲ့တယ္လို႔ဆိုေနၾကပါတယ္။

၎တို႔ႏွစ္ဦးဟာဂရိတ္တားမန္ခ်က္စတာမွဆဲလ္ရွိမာစယ္စကူးတြင္ေတြ႕ဆုံခ်စ္ႀကိဳက္ခဲ့ၾကတာျဖစ္ပါတယ္။

ရပ္ရွ္ဖို႔ဒ္ဟာႏြမ္းပါးတဲ့ကေလးမ်ားအတြက္ေရွ႕တန္းမွတိုက္ပြဲဝင္လုပ္ေဆာင္မႈအတြက္ၿပီးခဲ့တဲ့ႏွစ္တုန္းကၿဗိတိန္ဘုရင္မႀကီးရဲ႕MBE ဘြဲ႕ခ်ီးျမႇင့္ျခင္းခံခဲ့ရပါတယ္။

သူဟာၿပီးခဲ့တဲ့ႏွစ္တုန္းကကိုဗစ္ကာလအတြင္းတြင္ႏြမ္းပါးတဲ့ကေလးငယ္မ်ားေက်ာင္းပိတ္ထားခ်ိန္တြင္လည္းအစားအစာအခမဲ့စားခြင့္ရရွိေရးအတြက္ေပါင္သန္း၂၀အထိရန္ပုံေငြျမင့္တက္လာေအာင္လုပ္ေဆာင္ခဲ့သူလည္းျဖစ္ပါတယ္။