
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးမားကပ်စ်ရက်ဖို့ဒ်ဟာမနေ့ညတုန်းကဘက်တစ်ကိုအနိုင်ရရှိကာယူရိုပါလိဂ်ကွာတားဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့တဲ့ပွဲတွင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဂိုးစံချိန်ကိုရိုက်ချိုးလာခဲ့ပါတယ်။
မားကပ်စ်ရက်ဖို့ဒ်ဟာမနေ့ညတုန်းကဘက်တစ်ကို၁-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာယူနိုက်တက်အတွက်တစ်လုံးတည်းသာအနိုင်ဂိုးကိုသွင်းယူနိုင်ပြီးနောက်ယူနိုက်တက်အတွက်ဥရောပပြိုင်ပွဲသွင်းဂိုး၂၅ဂိုးရလာခဲ့တာပါတယ်။
သူဟာဥရောပဂိုး၂၅ဂိုးရှိလာမှုနှင့်အတူခရစ္စတီယာနိုရော်နယ်ဒိုရဲ့ယူနိုက်တက်အတွက်သွင်းယူခဲ့တဲ့ဥရောပဂိုး၂၄ဂိုးမှတ်တမ်းကိုကျော်ဖြတ်လာနိုင်ခဲ့ပါတယ်။
မားကပ်စ်ရက်ဖို့ဒ်ဟာယင်းဂိုးကြောင့်ယခုရာသီယူနိုက်တက်အတွက်ပြိုင်ပွဲအရပ်ရပ်သွင်းဂိုး၂၇ဂိုးအထိရှိလာခဲ့ပါတယ်။သူဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်အင်္ဂ လန်အတွက်၃ဂိုးသွင်းယူပြီးနောက်ပိုင်းတွင်ယူနိုက်တက်အတွက်၂၄ပွဲကစားထားရာမှာ၁၉ဂိုးအထိသွင်းယူထားနိုင်ပါတယ်။
ZawGyi
ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ဥေရာပဂိုးစံခ်ိန္ကို ႐ိုက္ခ်ိဳးလာတဲ့ မားကပ္စ္ရက္ဖို႔ဒ္
မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးမားကပ္စ္ရက္ဖို႔ဒ္ဟာမေန႔ညတုန္းကဘက္တစ္ကိုအႏိုင္ရရွိကာယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္သို႔တက္ေရာက္ႏိုင္ခဲ့တဲ့ပြဲတြင္ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ဂိုးစံခ်ိန္ကို႐ိုက္ခ်ိဳးလာခဲ့ပါတယ္။
မားကပ္စ္ရက္ဖို႔ဒ္ဟာမေန႔ညတုန္းကဘက္တစ္ကို၁-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲမွာယူႏိုက္တက္အတြက္တစ္လုံးတည္းသာအႏိုင္ဂိုးကိုသြင္းယူႏိုင္ၿပီးေနာက္ယူႏိုက္တက္အတြက္ဥေရာပၿပိဳင္ပြဲသြင္းဂိုး၂၅ဂိုးရလာခဲ့တာပါတယ္။
သူဟာဥေရာပဂိုး၂၅ဂိုးရွိလာမႈႏွင့္အတူခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ယူႏိုက္တက္အတြက္သြင္းယူခဲ့တဲ့ဥေရာပဂိုး၂၄ဂိုးမွတ္တမ္းကိုေက်ာ္ျဖတ္လာႏိုင္ခဲ့ပါတယ္။
မားကပ္စ္ရက္ဖို႔ဒ္ဟာယင္းဂိုးေၾကာင့္ယခုရာသီယူႏိုက္တက္အတြက္ၿပိဳင္ပြဲအရပ္ရပ္သြင္းဂိုး၂၇ဂိုးအထိရွိလာခဲ့ပါတယ္။သူဟာကမာၻ႔ဖလားၿပိဳင္ပြဲတြင္အဂၤလန္အတြက္၃ဂိုးသြင္းယူၿပီးေနာက္ပိုင္းတြင္ယူႏိုက္တက္အတြက္၂၄ပြဲကစားထားရာမွာ၁၉ဂိုးအထိသြင္းယူထားႏိုင္ပါတယ္။