ရီးရဲလ်ဂန္ထဝင်ရာအူးလ်အား နည်းပြသစ်အဖြစ် ခန့်အပ်ရန် ဖရန့်ဖတ်ဆွေးနွေးမည်

ဘွန်ဒက်စ်လီဂါကလပ်ဖရန့်ဖတ်ဟာရီးရဲလ်မက်ဒရစ်ဂန္ထဝင်တိုက်စစ်မှူးရာအူးလ်ဂွန်ဇာလက်ဇ်အားနည်းပြအဖြစ်ခန့်အပ်ရန်ကမ်းလှမ်းမှုပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

ဖရန့်ဖတ်ရဲ့လက်ရှိနည်းပြအဒီဟတ်တာဟာယခုရာသီအကုန်တွင်အသင်းမှထွက်ခွာကာ၂၀၂၁-၂၂ဘောလုံးရာသီတွင်ဘွန်ဒက်စ်လီဂါပြိုင်ဘက်မိုချင်ဂလက်ဘတ်အားကိုင်တွယ်သွားပါမယ်။

Marca သတင်းစာရဲ့ဖော်ပြချက်အရဖရန့်ဖတ်ဟာဟက်တာထွက်ခွာသွားပါကလစ်လပ်လာမယ့်နည်းပြရာထူးအတွက်ရာအူးလ်ဂွန်ဇာလက်ဇ်ကိုကမ်းလှမ်းမှုပြုလုပ်လိုနေပါတယ်။

ရာအူးလ်ဟာရီးရဲလ်မက်ဒရစ်လူငယ်အသင်းကိုကိုင်တွယ်နေသူဖြစ်ပြီးပြီးခဲ့တဲ့ရာသီတုန်းကယူအီးအက်ဖ်အေလူငယ်ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်အောင်ဦးဆောင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။

သူဟာတစ်ချိန်မှာရီးရဲလ်မက်ဒရစ်နည်းပြရာထူးအတွက်လျာထားခြင်းခံရသော်လည်းလက်ရှိနည်းပြဇီဒန်းမှာအသင်းကိုလာမယ့်ရာသီအထိကိုင်တွယ်နိုင်တဲ့အနေအထားမှာရှိတာကြောင့်စိန်ခေါ်မှုသစ်အတွက်ထွက်ခွာဖွယ်ရှိနေပါတယ်။

zawgyi

ရီးရဲလ္ဂႏၴဝင္ရာအူးလ္အား နည္းျပသစ္အျဖစ္ ခန႔္အပ္ရန္ ဖရန႔္ဖတ္ေဆြးေႏြးမည္

ဘြန္ဒက္စ္လီဂါကလပ္ဖရန႔္ဖတ္ဟာရီးရဲလ္မက္ဒရစ္ဂႏၴဝင္တိုက္စစ္မႉးရာအူးလ္ဂြန္ဇာလက္ဇ္အားနည္းျပအျဖစ္ခန႔္အပ္ရန္ကမ္းလွမ္းမႈျပဳလုပ္သြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

ဖရန႔္ဖတ္ရဲ႕လက္ရွိနည္းျပအဒီဟတ္တာဟာယခုရာသီအကုန္တြင္အသင္းမွထြက္ခြာကာ၂၀၂၁-၂၂ေဘာလုံးရာသီတြင္ဘြန္ဒက္စ္လီဂါၿပိဳင္ဘက္မိုခ်င္ဂလက္ဘတ္အားကိုင္တြယ္သြားပါမယ္။

Marca သတင္းစာရဲ႕ေဖာ္ျပခ်က္အရဖရန႔္ဖတ္ဟာဟက္တာထြက္ခြာသြားပါကလစ္လပ္လာမယ့္နည္းျပရာထူးအတြက္ရာအူးလ္ဂြန္ဇာလက္ဇ္ကိုကမ္းလွမ္းမႈျပဳလုပ္လိုေနပါတယ္။

ရာအူးလ္ဟာရီးရဲလ္မက္ဒရစ္လူငယ္အသင္းကိုကိုင္တြယ္ေနသူျဖစ္ၿပီးၿပီးခဲ့တဲ့ရာသီတုန္းကယူအီးအက္ဖ္ေအလူငယ္ခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္ေအာင္ဦးေဆာင္ႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

သူဟာတစ္ခ်ိန္မွာရီးရဲလ္မက္ဒရစ္နည္းျပရာထူးအတြက္လ်ာထားျခင္းခံရေသာ္လည္းလက္ရွိနည္းျပဇီဒန္းမွာအသင္းကိုလာမယ့္ရာသီအထိကိုင္တြယ္ႏိုင္တဲ့အေနအထားမွာရွိတာေၾကာင့္စိန္ေခၚမႈသစ္အတြက္ထြက္ခြာဖြယ္ရွိေနပါတယ္။