ရီးရဲလ်ဂိုးပြတ်နိုင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး

စနေည စပိန်လာလီဂါ ပွဲစဉ်-၃၂ ပွဲကြိုသုံးသပ်ချက်

ရီးရဲလ် နှင့် ဘက်တစ် (ည ၁း၃၀)(သတိုး- မှော်ဘီ)

အက်သလက်တီကိုကိုကျော်ဖြတ်ပြီးဇယားကိုဦးဆောင်သွားနိုင်ပြီဖြစ်တဲ့ ရီးရဲလ်အနေနဲ့ ရပ်တည်မှုဆက်ထိန်းထားနိုင်အောင်ကြိုးစားမှာပါ။ဒါပေမဲ့ရီးရဲလ်ဟာခံစစ်အသားပေးလွန်းပြီးပေးဂိုးမရှိအောင်စွမ်းဆောင်နိုင်သလောက်ဘင်ဇီမာဦးဆောင်တဲ့တိုက်စစ်ကတော့အားပျော့လွန်းနေပါတယ်။

ဘက်တစ်ကတော့အဆင့် ၅နေရာရပ်တည်နေပြီးယူရိုပါလိဂ်ဝင်ခွင့်နေရာသေချာစေဖို့ ပွဲတိုင်းကို ဗိုလ်လုပွဲလို ကြိုးစားကစားနေတဲ့အသင်းပါ။အရှုံးမရှိရလဒ်တွေဆက်တိုက်ရှာဖွေထားနိုင်တဲ့ဘက်တစ်ရဲ့ခံကန်အားကြောင့် ရီးရဲလ်ဂိုးပြတ်နိုင်ဖို့ဘယ်လိုမှမဖြစ်နိုင်ပါဘူး။

zawgyi




