”ခံစစ်ယိုယွင်းလွန်းနေတာ ဘာကြောင့်ယုံကြည်ရမှာလဲ”

ကြာသပတေးည စပိန်စူပါဖလား ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

ရီးရဲလ် နှင့် ဘီလ်ဘာအို (ည ၂:၃၀)(သတိုး- မှော်ဘီ)

ရီးရဲလ်နည်းပြဇီဒန်းအနေနဲ့ လာလီဂါကိုအာရုံစိုက်နေရပြီးအိမ်ကွင်းလည်းဖြစ်တာကြောင့်အခုပွဲကိုလူစုံထုတ်ယှဉ်ပြိုင်မယ်မထင်ဘူး။ရီးရဲလ်ရဲ့လက်ရှိခြေစွမ်းကို ကြည့်မယ်ဆိုရင်လူငယ်တွေ၊ အရန်တွေဝင်ကစားရင်တောင်မာကျောမှုရှိနေတာတွေ့ရတယ်။

နဂိုကတည်းကရီးရဲလ်ဟာအိမ်ကွင်းဆိုရင်စုဖွဲ့အားကြောက်စရာကောင်းလှပြီးဘယ်အသင်းကိုမဆိုအနိုင်ယူနိုင်စွမ်း ရှိပြီးသားပါ။ဘီလ်ဘာအိုကတော့ ဒီရာသီမှာခြေစွမ်းယိမ်းယိုင်နေပြီးအဓိကအားနည်းချက်ဖြစ်တဲ့ခံစစ်ယိုယွင်းမှုကသူတို့ကိုကောင်းကောင်းကြီး ဒုက္ခပေးနေတယ်။

ဒီလိုအမှားများပုံမျိုးနဲ့ဆိုရင် ဘယ်လိုလူစာရင်းနဲ့ပဲယှဉ်ပြိုင်ပစေဘီလ်ဘာအိုအနေနဲ့ ရီးရဲလ်ကိုခြေရည်တူကစားနိုင်စွမ်းမရှိလောက်ပါဘူး။ရီးရဲလ်က မိနစ် ၉၀အတွင်း ၁+၄၀ဆိုပြီးအကျောပေးထားတယ်။

ဘယ်လိုအခင်းအကျင်းမျိုးနဲ့ပဲဖြစ်ဖြစ်ရီးရဲလ်ပဲအနိုင်ရရှိမှာပါ။ဒီလောက်တောင်မှဘီလ်ဘာအိုရဲ့ခံစစ်ယိုယွင်းလွန်းနေတာဘာကြောင့်ယုံကြည်ရမှာလဲ။ရီးရဲလ်ရဲ့သွင်းဂိုးတွေကိုအတူတူရေတွက်ကြမယ်လေ။

zawgyi




