
ဗုဒ္ဓဟူးည ချန်ပီယံလိဂ် ၁၆ သင်းအဆင့်(ဒု-ကျော့) ပွဲကြိုသုံးသပ်ချက်
ရီးရဲလ် နှင့် လီဗာပူး(ည ၂း၃၀)(သတိုးမှော်ဘီ)
အန်ဖီးလ်ကပထမအကျော့မှာ ၂ ဂိုးပြတ်ဦးဆောင်နိုင်နေရာကနေ ၅ ဂိုးပြန်ပေးခဲ့ရလို့ လီဗာပူးအတွက်မျှော်လင့်ချက်အတော်လေးကိုနည်းပါးနေပါတယ်။ရီးရဲလ်ကတော့ဒီတစ်ရာသီလုံးအိမ်ကွင်းမှာဘာစီလိုနာတစ်သင်းကိုပဲရှုံးခဲ့တာပါ။ဒါ့အပြင်ရီးရဲလ်ဟာလီဗာပူးနဲ့နောက်ဆုံးတွေ့ဆုံမှု ၇ ပွဲမှာလည်း ၆ ပွဲနိုင်ထားပါတယ်။
မန်ယူကို ၇ ဂိုးပြတ်သွင်းပြီးဘုန်းမောက်ကိုသွားရှုံးတဲ့ဒီရာသီလီဗာပူးကခြေစွမ်းတည်ငြိမ်မှုကင်းမဲ့ပေမယ့်ပထမအကျော့ ၃ ဂိုးပြတ်အရှုံးကြောင့်မထူးဇာတ်ခင်းလာနိုင်တာပါ။ဘာနေဗျူးကဒုတိယအကျော့မှာလည်းဂိုးသံတွေဆူညံနိုင်ပါတယ်။
zawgyi
ဂိုးသံတွေဆူညံဉီးမယ့်ဘာနေဗျူးည