ရီးရဲလ်စူပါစတားအား ပေါင်သန်း၄၀ဖြင့် ကမ်းလှမ်းမှုပယ်ချခံရ

မန်ယူဟာရီးရဲလ်မက်ဒရစ်နောက်ခံလူရာဖေးလ်ဗာရိန်းအားပေါင်သန်း၄၀ဖြင့်ကမ်းလှမ်းခဲ့ရာပယ်ချခြင်းခံခဲ့ရကြောင်းသိရပါတယ်။

ပြင်သစ်နှင့်အတူကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့တဲ့ဗာရိန်းဟာရီးရဲလ်မက်ဒရစ်နှင့်၂၀၂၂ခုနှစ်တွင်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးစာချုပ်သစ်မချုပ်ဆိုမှုနှင့်အတူနွေရာသီတွင်မက်ဒရစ်မှထွက်ခွာမယ်လို့ယုံကြည်ခြင်းခံထားရပါတယ်။

ဒါကြောင့်လည်းရီးရဲလ်မက်ဒရစ်ဟာလာမယ့်နှစ်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာပြင်သစ်လက်ရွေးစင်အားအလွတ်ပြောင်းရွှေ့ကြေးဖြင့်လက်လွှတ်ရနိုင်မှုနဲ့အတူလာမယ့်နွေရာသီတွင်ရောင်းချသွားရပါမယ်။

မန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားဟာအင်္ဂလန်ဗဟိုနောက်ခံလူဟယ်ရီမကျဂှိုငျးယားနှငျ့တှဲရနျကမ်ဘာ့အဆင့်ထိပ်တန်းခံစစ်မှူးတစ်ဦးရှာဖွေနေပြီးဗာရိန်းကိုအသင့်တော်ဆုံးအဖြစ်ယုံကြည်နေပါတယ်။

ရီးရဲလ်မက်ဒရစ်ကကမ္ဘာ့အကောင်းဆုံးခံစစ်မှူးစာရင်းဝင်ဗာရိန်းအတွက်ပြောင်းရွှေ့ကြေးပေါင်သန်း၇၀အထိရရှိသင့်တယ်လို့ယုံကြည်နေပြီးမန်ယူကပေါင်သန်း၄၀ဖြင့်ကမ်းလှမ်းမှုကိုပယ်ချခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့်မန်ယူရဲ့ဗာရိန်းကိုခေါ်ယူရေးမျှော်လင့်ချက်ကတော့ဆုံးရှုံးသွားတာမျိုးတော့မဖြစ်ပါဘူး။ရီးရဲလ်မက်ဒရစ်ဟာဘိုင်ယန်မြူးနစ်မှအလာဘာကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန်သဘောတူညီမှုရရှိထားမှုထားမှုနဲ့အတူဗာရိန်းကိုလက်လွတ်နိုင်တဲ့အနေအထားမှာရှိတာကြောင့်မန်ယူအတွက်မျှော်လင့်ချက်အပြည့်အဝရှိနေတုန်းဖြစ်ပါတယ်။

zawgyi






