ပီအက်စ်ဂျီခြေအိပ်ထဲကဘာနေဗျူးပန်းပွင့်အသေတွေ ထွက်ကျလာမလား..

◼Play Maker 3D

Nကြယ်မင်း ဟန်စိုးသွေး မင်းနဒီ(Change)

ကျနော်တို့ ထုံးစံအတိုင်းဗုဒ္ဓဟူးညကိုဝင်မယ်ပြင်ကြတော့ရွေးချယ်စရာချန်ပီယံလိဂ်ကသိပ်များများရှိမနေပါဘူး။နှစ်ပွဲထဲကရွေးကြရမှာဖြစ်ပြီးအဲ့ဒီထဲကမန်စီးတီး – စပို့တင်းပွဲဟာဝင်ပြီးထိခတ်လို့ကောင်းတော့တဲ့အဆင့်မဟုတ်ပါဘူး။အဝေးကွင်းမှာ ၅ဂိုးပြတ်နိုင်ခဲ့ပြီးအခုအိမ်ကွင်းဆက်ကစားဦးမှာ တော့မန်စီးတီးမှမန်စီးတီးလို့ ပြောချင်စရာရှိပေမယ့်မန်စီးတီးကဘယ်အမှုအတွက် အပြင်းအထန်ကစားဦးမှာလဲဆိုတဲ့မေးခွန်းကိုတော့ကျော်ဖြတ်ကြရမှာပါ။

မန်စီးတီးထပ်လုပ်ပြီး ထပ်ရသွားတာတွေမြင်တွေ့ရနိုင်သလိုပဲမန်စီးတီးမလုပ်တော့ဘူးယုံလို့ စပို့တင်းဘက်ရောက်ခဲ့သူတွေလည်းရွှေဖြစ်နိုင်ပါတယ်။ ဒါပေမဲ့အာလုံးစိတ်ဝင်စားနေကြဖို့သေချာတဲ့ရီးယဲလ် – ပီအက်စ်ဂျီပွဲကိုတော့ကျနော်တို့ရွေးချယ်နိုင်ပါတယ်။အန်ဆယ်လော့တီဘာနေဗျူးဟာမိုးလုံးဟိန်းနေဦးတော့မလား။ပီအက်ဂျီရဲ့ အချိန်တန်ပြီတေးသစ်တစ်ပုဒ်ကရောတကယ်ပဲအသက်ဝင်လာမှာလား။ကျနော်တို့အတူစဉ်းစားကြရအောင်ပါ..

◼Nကြယ်မင်း

၁။ ရှရစ်ဖ်ကိုတောင်ရှုံးဖူးတယ်ဆိုတာတစ်ခုကလွဲရင်ဘာနေဗျူးကိုသွားနောက်လို့နည်းနည်းမှမရသေးပါဘူး။

၂။ ဒါပေမဲ့ဇန်နဝါရီနှောင်းပိုင်းလောက်ကစပြီးသူတို့ရဲ့အကောင်းဆုံးအချိန်အခါ ပြန်မရသေးသလိုအခင်းအကျင်းမျိုး တကယ်ရှိခဲ့ပါတယ်။

၃။ ဘန်ဇီမာနဲ့ ဗင်နီစီယပ်စ်ကို အားပြုရလွန်းတာထည့်တွက်ရပါမယ်။

၄။ တိုနီကရူးစ်ဒဏ်ရာကြောင့်မပါဝင်နိုင်သလိုကက်စ်မဲရိုးပွဲပယ်ခံထားရတာက ဒီပွဲရဲ့နာကျင်စွာပြောသောစကားဖြစ်လာနိုင်ပါတယ်။

၅။ ပီအက်စ်ဂျီကပြင်သစ်လီဂူးနောက်ဆုံးအဝေးကွင်းနှစ်ပွဲလုံးရှုံးထားပါတယ်။

၆။ အဲ့ဒါကလုပ်တိုင်းဖြစ်မနေဘူး၊ခြေအိပ်မှာပန်းပွင့်တွေထည့်ချုပ်မထားဘူးလို့ ရည်ညွှန်းနေပေမယ့်ချန်ပီယံလိဂ်မှာထုတ်သုံးလာမယ့်ခွန်အားနဲ့တော့ ခြားနားနိုင်ပါတယ်။

၇။သူတို့ဘက်မှာရာမို့စ်မပါနိုင်တာကသက်ရောက်မှုကြီးကြီးမားမားမရှိနိုင်တဲ့အပြင်အသင်းဟောင်းနဲ့ဇာတ်လမ်းတွေဘာတွေတောင်ရှင်းသွားနိုင်ပါသေးတယ်။ ဒါပေမဲ့ဟာကီမီမပါနိုင်တာကပိုချက်တီနိုအတွက်ထိခိုက်ချက်တစ်ခုပါ။

၈။ တစ်ခုပဲ၊ တိုက်စစ်ကပထမအကျော့ကထက်လူစုံအသုံးပြုနိုင်ခွင့်ရှိနေပါတယ်။ မက်ဆီဟာပဲရစ်မြို့ကြီးကိုစိတ်ထားတတ်သွားပါပြီ။

၉။ သရေကျမသွားဘူးလို့မပြောနိုင်တာသေချာပါတယ်။ဒါပေမဲ့ရီးယဲလ်စီးပြီးဆင်းလာတဲ့အန်ဆယ်လော့တီထက်ပီအက်စ်ဂျီရဲ့ဖြစ်ချိန်တန်မှုဗုံးတွေတစ် လုံးပြီးတစ်လုံးကွဲမှာကိုပိုပြီးမြင်ယောင်နေပါတယ်။

၁၀။ ပီအက်စ်ဂျီကြယ်ရောင်လရောင်မှာအတူရှိနေချင်ပါတယ်။

◼ ဟန်စိုးသွေး

ရီးရဲလ်ဟာလာလီဂါအဆင့်၁နေရာမှာရပ်တည်နေပြီးချန်ပီယံဖြစ်ဖို့အခြေအနေကောင်းနေတဲ့အသင်းဖြစ်တယ်။နောက်ဆုံးကစားခဲ့တဲ့လိဂ်၃ပွဲမှာဆိုဆီဒက်ကို၄-၁ ဗယ်လီကာနိုကို ဝ-၁အလာဗက်စ်ကို၃-ဝနဲ့၃ပွဲဆက်အနိုင်ယူခဲ့တာမို့ခြေစွမ်းနဲ့စွမ်းဆောင်ရည်လည်းအကောင်းဆုံးပုံစံမှာရှိနေတယ်။
ပီအက်စ်ဂျီကတော့ပြင်သစ်လီဂူးမှာပြိုင်ဖက်တွေကိုအမှတ်များစွာဖြတ်ထားပြီးအဆင့်၁နေရာမှာရပ်တည်နေတယ်။ဒီလိုအမှတ်တွေကွာနေလို့လည်းပီအက်စ်ဂျီကစားသမားတွေရဲ့ကြိုးစားအားထုတ်မှုကလျှော့ရဲရဲရှိတတ်တာမို့ ရလဒ်ပေါင်းစုံထွက်နေတယ်။နောက်ဆုံးကစားခဲ့တဲ့လိဂ်၃ပွဲမှာဆိုရင်စိန့်အန်တီယန်တစ်သင်းတည်းကိုသာနိုင်ခဲ့ပြီး နိုက်စ်ကို ၁-၀ နန်းတက်စ်ကို ၃-၁ နဲ့ရှုံးခဲ့တယ်။ဒီပွဲမှာရီးရဲလ်ကသရေ ၂၀ရှုံးအကြောပေးထားတယ်။ပကျော့ကရှုံး နိမ့်ခဲ့တဲ့ရီးရဲလ်တို့ မဖြစ်မနေအနိုင်ရအောင်ဖောင်ဖျက်ရမယ့်အနေအထားမှာအကြောပေးထားတာကပါးလွန်းလှပါတယ်။

ဒီလိုအကြောပေးရတာကပြင်သစ်မြေမှာကစားခဲ့တဲ့ပကျော့ပွဲမှာအသင်းနှစ်သင်းကြားစွမ်းဆောင်ရည်ကကွာဟလွန်းခဲ့လို့ပဲ။ဘောလုံးပိုင်ဆိုင်မှုသိပ်မကွာပေမယ့်ပီအက်စ်ဂျီကဂိုးကန်သွင်းခွင့်၂၂ကြိမ်ရခဲ့ပြီး ရီးရဲလ်က၃ကြိမ်ပဲရခဲ့ကာ ဂိုးပေါက်တစ်ကြိမ်မှတည့်အောင်မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ပြည်တွင်းလိဂ်ပွဲတွေမှာပီအက်စ်ဂျီ လျှော့ရဲရဲကစားခဲ့ပေမယ့်ချန်ပီယံလိဂ်ပွဲကိုတော့လူစုံထုတ်ပြီးပွဲအစအဆုံးအားစိုက်ကစားလိမ့်မယ်။အိမ်ရှင်ရီးရဲလ်တို့အနိုင်ရလိုစိတ်နဲ့တိုက်စစ်ဖွင့်ကစားရင်ပီအက်စ်ဂျီတန်ပြန်တိုက်စစ်ကို ဂိုးတွေပေးရပြီးရှုံးတောင်ရှုံးသွားနိုင်တာမို့ ဧည့်သည်ပီအက်စ်ဂျီကိုသာရဲရဲကြီးရွေးချယ်
လိုက်သင့်ပါတယ်။

◼မင်းနဒီ(Change)

ရီးယဲလ်မက်ဒရစ်က -၂၅ နဲ့ ၃+၂၅ ပေးထားပါတယ်။မူလဖွင့်လှစ်မှု ဖြစ်တဲ့ -၂၅ နဲ့ ၃+၅၀ ကနေဂိုးပေါင်းကြေးအနည်းငယ်ပြောင်းလဲသွားပုံအရရီးယဲလ်ဟာကိုင်ချင်စရာမရှိဖြစ်နေတယ်။ ပထမအကျော့တုန်းကပီအက်စ်ဂျီကွင်းမှာ ပီအက်စ်ဂျီက -၁၀၀ ပေးခဲ့ပေမယ် ရီးယဲလ်က စပိန်မြေပေါ်မှာ -၅၀ လောက်ပေးဖို့တောင်သွေးမရှိဘူးဖြစ်နေတယ်။အခုပေးထားတဲ့ -၂၅ ဆိုတာဟာဥရောပနဲ့ ချန်ပီယံလိဂ်မှာအောင်မြင်မှုနဲ့ အစဉ်အလာအကြီးဆုံးအ သင်းရဲ့အကြောက်တရားနဲ့ ပေးထားတဲ့ကြေးလို့ပဲ မှတ်ယူမိတယ်။တကယ်တမ်းပြောရရင်ပီအက်စ်ဂျီဟာ မက်ဆီ၊ နေမာ၊ ဘာပေတို့ရှိနေတယ်ဆိုပေမယ့် ပိုချက်တီလက်ထက်မှာအလျော့ဆုံးပီအက်စ်ဂျီပါ။

သူတို့တွေစိတ်ကြိုက်မင်းမူထားနိုင်တဲ့လီဂူး-၁ မှာတောင်အဝေးကွင်းရှုံးပွဲ ၃ ပွဲကြုံထားရပြီးလန်းစ်နဲ့ လောရီးယန့်လိုအသင်းလေးတွေကိုသရေလောက်ပဲကစားနိုင်ခဲ့တဲ့အဖြစ်မျိုးကရီးယဲလ်အနေနဲ့ ဘာနေဗျူးမှာပေးမယ်ဆို အနိမ့်ဆုံး -၅၀ လောက်တော့ပေးသင့်ပါတယ်။ နောက်တစ်ချက်ကရီးယဲလ်ရဲ့ ကွင်းလယ်ကမိုဒရစ်၊ တိုနီခရူးတို့ဟာဝါရင့်သမ္ဘာရင့် အတွေ့အကြုံကောင်းသူတွေဖြစ်ကြပြီးပြိုင်ဘက်ရဲ့ကွင်းလယ်ကို စီးမိုးကစားနိုင်ကြသူတွေဆိုပေမယ့်ပထမအကျော့မှာပီအက်စ်ဂျီရဲ့ ကောင်တာကွက်တွေကိုမထိန်းနိုင်ခဲ့တဲ့အပြင်၊ ဘယ်လိုစွမ်းဆောင်မှုမျိုးမှလုပ်မပြနိုင်ခဲ့ဘူး။

ဒီကြားထဲကွင်လယ်မှာအမာဆုံးကစားပေးနေတဲ့ကက်စ်မဲရိုးကပွဲပယ်ခံလိုက်ရပြီးတိုနီခရူးကိုတံခေါက်ကြောဒဏ်ရာကြောင့်ဆုံးရှုံးလိုက်ရပြန်တော့ရီးယဲလ်အဖြစ်ကပေးထားတဲ့ကြေးလိုပဲ နွမ်းလျလို့နေပါတယ်။ရီးယဲလ်မှာကက်စ်မဲရိုး၊ မန်ဒီ၊ တိုနီခရူးတို့မပါနိုင်တာကြောင့်လူမစုံတဲ့ပြဿနာရှိနေပြီးကြေးပေးထားပုံမှာလည်းပီအက်စ်ဂျီကိုကျော်ဖြတ်ဖို့ ခက်ခဲနေတဲ့အရိပ်အယောင်တွေပြသနေတာကြောင့်ပီအက်စ်ဂျီနဲ့ လက်တွဲဖို့ဆုံးဖြတ်လိုက်ရပါတယ်။

◼ဒီတစ်ပတ် 3D

မတူကွဲပြားမှုတွေနဲ့ ပွဲစဉ်တစ်ခုကိုရွေးလိုက်ပြီလို့ ကျနော်တို့စိတ်ထဲရှိခဲ့တာပါ။ 2:1 ဖြစ်လာမယ်။သာလွန်တဲ့အခြမ်းကိုကျနော်တို့ယူရမယ်လို့ ကြိုတွေးခဲ့ကြပေမယ့်သူတို့ရွေးချယ်ခဲ့ပုံကတကယ့် Amazing ပါပဲ။ သုံးယောက်လုံးပဲရစ်မြို့ကိုဆွဲသိမ်းချင်ပုံရခဲ့တယ်။ ရီးယဲလ်ကိုဆန့်ကျင်ခဲ့တယ်။မြတ်စွာဘုရား ..ပီအက်စ်ဂျီခြေအိပ်ထဲကဘာနေဗျူးပန်းပွင့်အသေတွေတကယ်ပဲထွက်ကျလာပါစေသား..။