ရီးရဲလ်ရဲ့ဂိုးတွေကိုပဲ စောင့်ကြည့်ရေတွက်ကြ

တနင်္ဂနွေည စပိန်လာလီဂါ ပွဲစဉ်-၃၅ ပွဲကြိုသုံးသပ်ချက်

ရီးရဲလ် နှင့် ဆီဗီလာ (ည ၁း၃၀)(သတိုး-မှော်ဘီ)

ချန်ပီယံလိဂ်ဝင်ခွင့်သေချာသွားပြီဆိုပေမယ့်လည်းတိုက်ရိုက်ဝင်ခွင့်အတွက်ဆီဗီလာရောရီးရဲလ်ပါကြိုးစားကြရဦးမှာပါ။ကွင်းလယ်နဲ့တိုက်စစ်ပိုင်းမှာရီးရဲလ်ရော ဆီဗီလာပါ စုဖွဲ့ကစားအားမဆိုးကြပါဘူး။

ဒါပေမဲ့ခံစစ်ဇုန်တည်ဆောက်ထားမှုအပိုင်းမှာတော့ရီးရဲလ်ကအဆမတန်မာကျောထက်မြက်မှုရှိပါတယ်။နောက်ပြီးတော့ရီးရဲလ်မှာ အိမ်ရှင်အားသာချက်အခွင့်အရေးလည်းရှိနေပါသေးတယ်။ အဲဒီတော့ရီးရဲလ်ရဲ့သွင်းဂိုးတွေကိုပဲ စောင့်ကြည့်ရေတွက်ကြရမယ်လို့ယုံကြည်မိတယ်။

zawgyi




