ဘန်ဇီမာရဲ့ကောင်းကင်တော်လမ်းအတိုင်းပျံသန်းမလား..

Play Maker UCL 3D

🈁 မင်းနဒီ(Change)၊ Nကြယ်မင်း၊ဟန်စိုးသွေး

ပထမဦးဆုံးပြောရမှာကကျနော်တို့ 3D အစီအစဉ်လေးအွန်လိုင်းမှာလူပြောများလာခဲ့ခြင်းပဲထင်ပါရဲ့။ဒါကပွဲမှန်ခြင်းနှင့်တိုက်ရိုက်ပတ်သက်နိုင်သော် လည်းအခြားတစ်ဖက်မှာကွဲပြားခြားနားသောတင်ဆက်ပုံကြောင့်လည်းဖြစ်နိုင်ပါသည်။ အခုမှလိုင်းပေါ်မှာလူသိပိုများလာပြီးစောင့်ဖတ်ကြသူတွေတစ်ပတ်ထက်တစ်ပတ်တိုးပွားလာနေခဲ့သော်လည်းတကယ်က 3Dစတင်ခဲ့တာ ၈နှစ်ကျော်ခဲ့ပြီ။

ကျနော်တို့ Play Makerအယ်ဒီတာတစ်ဦးဆရာ Nကြယ်မင်းရှိရာဖြူးအထိလိုက်သွားပြီးကဏ္ဍသစ်တစ်ခုလုပ်ကြရအောင်ညှိနှိင်းရာကထွက်ပေါ်လာခဲ့သောအစီအစဉ်တစ်ခုပဲဖြစ်သည်။ကျနော်တို့ဘက်ကပရိသတ်တွေအဆင်ပြေနိုင်မည့်တင်ဆက်မှုတစ်ခုဖြစ်လာမည်ဟုယုံကြည်တာကြောင့်လည်းပုံမှန် စာမူခများထက် ၃ဆမကသုံးစွဲရသည့်တိုင်တစ်ချက်မညည်းညူဘဲအပတ်စဉ်ဖော်ပြခဲ့ကြတာပဲဖြစ်သည်။ ဆရာသုံးဦးကိုလွတ်လပ်စွာချဉ်းကပ်စေခဲ့ပြီး နှစ်ယောက်ရွေးချယ်သည့်အသင်းကို ဒီတစ်ပတ်3D Choice အဖြစ်အတည်ပြုပေးခဲ့ကြသည့်ပုံစံ။

သို့သော်ဆရာဟန်၊ ဆရာကြယ်တို့၏ကိုယ်စီပရိသတ်များကလည်းသူတို့နှစ်လိုရာရွေးချယ်မှုကိုရယူသွားနိုင်သေးတာကြောင့် 3Dဖတ်ပရိသတ်တွေအ တွက်တန်သည်ဟုကျနော်တို့အမြဲယုံကြည်ပါသည်။ အခုလည်းတောင်းဆိုသူတွေများပြားလာတာကြောင့်ပရီးမီးယားလိဂ်ဗဟိုပြု 3D သာမကတော့ဘဲ ချန်ပီယံလိဂ်ရှိသည့်ရက်သတ္တပတ်တိုင်းမှာနောက်ထပ် 3Dတစ်ပုဒ်တင်ဆက်သွားကြပါဦးမည်။

အင်္ဂါ(သို့မဟုတ်)ဗုဒ္ဓဟူးညများမှာချန်ပီယံလိဂ် 3D ကို စောင့်မျှော်ဖတ်ရှုနိုင်ကြပြီဖြစ်ကြောင်းလေးနက်စွာသတင်းကောင်းပါးအပ်ပါသည်။ ဒီတစ်ပတ်အတွက်ရီးယဲလ်မက်ဒရစ်နှင့် ရှက်တာဒိုးနက်ပွဲကိုဆရာသုံးဦးဘယ်လိုများရွေးချယ်ထားကြပါသလဲ။ ကျနော်တို့ အခုပဲဖတ်ကြည့်လိုက်ကြရအောင်ပါခင်ဗျား..

ရီးယဲလ်မက်ဒရစ် – ရှက်တာဒိုးနက် (ရီးယဲလ်မက်ဒရစ်(2+30)

🈁Nကြယ်မင်း

ရီးယဲလ်အတွက်ဒီရာသီထူးခြားချက်ကလာလီဂါချန်ပီယံမှုမှာစိတ်လက်ပေါ့ပါးခွင့်ရနေတာပဖြစ်ပါလိမ့်မယ်။အဲ့ဒီမှာကြာခဲ့တယ်။ဘာစီလိုနာနဲ့ ခွာစစ်ရော၊ အနီးကပ်ထိုးစစ်တွေရောပေါ့လေ။သူတို့ဘယ်ပြိုင်ပွဲမှာဘယ်လိုကစားနေသည်ဖြစ်စေ၊ဘာစီလိုနာနဲ့ အတွင်းအပြင်တိုက်ပွဲတွေကအမြဲလိုလွှမ်းမိုးထားတာပါ။ ဒီနှစ်မှာတော့မက်ဆီထွက်ခွာရခြင်း၊ အဲ့ဒီနောက်ရော်နယ်ကိုးမန်းထုတ်ပယ်ခံရခြင်းတွေနဲ့အတူဘာစီလိုနာဟာဆယ်စုနှစ်တစ်ခုအတွင်းအဆိုးဆုံးအခြေအနေတွေနဲ့ရင်ဆိုင်နေရပါပြီ။ဒါကရီးယဲလ်ကို လွတ်မြောက်စွာကစားခွင့်ပြုလိုက်သလိုရှိစေပါလိမ့်မယ်။

ဒီအချိန်မှာဆိုစီဒက်တွေ၊ဆီဗီလာတွေနဲ့ရောထွေးနေပေမယ့်သူတို့ကသာပိုပြီးသန်စွမ်းသူဆိုတာတိုင်းသိပါရဲ့ဖြစ်နေတယ်။ဒါကြောင့်ချန်ပီယံလိဂ်ဘက်မှာ ပိုပြီးအာရုံစိုက်နေမယ်၊ ပေါက်ကွဲချင်နေလိမ့်မယ်ဆိုတာရှင်းပါတယ်။အယ်လ်ချီနဲ့ပွဲမှာဆိုဘန်ဇီမာနဲ့ ဟာဇက်တို့ကိုအနားပေးခဲ့သေးတာပါ။ဒီဘက်မှာ၂ပွဲနိုင်၊ တစ်ပွဲရှုံးဆိုပေမယ့်ရှုံးရတာရှရစ်ဖ်ကိုဖြစ်ပါတယ်။ ဒါကခြေစွမ်းနဲ့စီရင်ခံရသောဆိုတာထက် Up-set ပွဲစဉ်တစ်ခုမျှသာဖြစ်ကြောင်းနားလည်ပေးကြရမှာပါ။ ဒါကြောင့်လည်းနောက်တစ်ပွဲမှာရှက်တာကွင်းသွားပြီး ၅ဂိုးပြတ်ချေမှုန်းခန်းကိုပီပြင်အောင်ရိုက်ကူးနိုင်ခဲ့တယ်။

လာလီဂါဘက်မှာစိတ်ရှင်းအခန်းရှင်းဖြစ်နေတာကြောင့်ဒီပွဲမှာနိုင်ရင်ပြီးပြီဆိုတာမျိုးကစားကြမယ်မဟုတ်ပါဘူး။ရှက်တာဒိုးနက်ဆိုရင်၂၀၂၀တုန်းကယူရိုပါလိဂ်ဆီမီးရောက်ခဲ့တဲ့အသင်းကိုသတိရနေကြဦးမှာပါ။ဒါပေမဲ့သူတို့ဟာတိုတောင်းတဲ့အချိန်ကာလတစ်ခုအတွင်းမှာပဲကစားသမားကောင်းတွေစွန့် လွှတ်လိုက်ရသလိုကျန်ရစ်ခဲ့တဲ့မာလော့စ်တို့ကလည်းအိုမင်းမစွမ်းဆန်လှပါပြီ။သူတို့နည်းပြသစ်ရောဘတ်တိုဒီဇာဘီဟာဆက်ဆူအိုလိုကိုအားလုံးစောင့်ကြည့်လာရအောင်လုပ်ပြခဲ့သူသလိုဖြစ်သလို အခုလည်းယူကရိန်းမှာမဆိုးခဲ့ပါဘူး။

ဒါပေမဲ့ချန်ပီယံလိဂ်ဆိုတာအခြားသောမြင့်မားတဲ့အကန့်တစ်ခုပါ။အဲ့ဒီမှာဘာအတွေ့အကြုံမှမရှိတာကြောင့်လည်းသူတို့ခံစားနေရပုံဟာဆိုးရွားပါတယ်။ အင်တာနဲ့ဂိုးမရှိသရေကစားထားတာအမြင့်ဆုံးဖြစ်ပြီးအခြားနှစ်ပွဲလုံးရှုံးခဲ့သလိုသွင်းဂိုးလည်းတစ်ဂိုးမှရှာမတွေ့သေးပါဘူး။ဒီဇာဘီအတွက်ဘာနေဗျူးဟာအိပ်မက်ဆန်လွန်းပါတယ်။သူတို့ ကျကျနနဒူးထောက်ကြရဦးမယ့်ပွဲပါပဲ။ ပထမအကျော့ကလို၅ဂိုးမပြတ်တောင် (2+30)ကိုတော့အနိမ့်ဆုံးထားပြီးခွင့်ပြုတော်မူကြပါလိမ့်ဦးမယ်။

🈁ဟန်စိုးသွေး

ရီးရဲလ်ရဲ့ချန်ပီယံလိဂ်ခြေစွမ်းကကောင်းနေတုန်းပါပဲ။၃ပွဲမှာရှာရစ်ကိုမထင်မှတ်ဘဲရှုံးခဲ့ရပေမယ့်အဲဒီပွဲမှာရီးရဲလ်ခြေစွမ်းမညံ့ခဲ့ဘဲဘောလုံးပိုင်ဆိုင်မှု ၆၈ရာခိုင်နှုန်းအသာဂိုးကန်သွင်းခွင့်၂၈ကြိမ်ထိရခဲ့တာမျိုးဖြစ်ပြီးအင်မတန်ကံဆိုးလွန်းလို့ရှုံးနိမ့်ခဲ့တာမျိုးဖြစ်တယ်။အဝေးကွင်း၂ပွဲမှာအင်တာနဲ့ရှက်တာကိုအနိုင်ရခဲ့တဲ့ခြေစွမ်းကလည်းအတော်လေးကောင်းပါတယ်။

ယူကရိန်းမြေပေါ်မှာဂိုးကန်သွင်းခွင့်၂၃ကြိမ်ရခဲ့ပြီးရှက်တာကို၅ဂိုးပြတ်အနိုင်ရခဲ့တဲ့ရီးရဲလ်တို့အခုအိမ်ကွင်းမှာလည်းခြေစွမ်းအသာဂိုးကန်သွင်းခွင့်တွေအများကြီးရဦးမှာသေချာတယ်။ဘရာဇီးကစားသမားတွေအများကြီးနဲ့စုဖွဲ့တည်ဆောက်ထားတဲ့ရှက်တာကတော့သူတို့ပြည်တွင်းမှာဆရာကြီးဖြစ်ပေမယ့် ဥရောပအဆင့်မှာတော့သာမာန်ပါပဲ။

ချန်ပီယံလိဂ်၃ပွဲမှာ၁ပွဲသရေ၂ပွဲရှုံးခဲ့ပြီး တစ်ဂိုးမှမသွင်းနိုင်ခဲ့ဘဲ၇ဂိုးပေးခဲ့ရတဲ့အထိရှက်တာတို့အခြေအနေဆိုးခဲ့တယ်။အသင်းလိုက်ကစားပုံမနိမ့်ပေမယ့်တစ်ဦးချင်းအရည်အသွေးပိုင်းအားနည်းတာကြောင့်ရှက်တာတို့ရလဒ်တွေညံ့ခဲ့တာမျိုးဖြစ်တယ်။ဒီပွဲမှာအရေးနိမ့်ခဲ့ရင်နောက်တဆင့်ရောက်ဖို့မ လွယ်ပြီမို့ခံစစ်ချည်းပိတ်ကစားနေလို့မရတာကရှက်တာအတွက်အခက်အခဲပါပဲ။ဒီပွဲမှာရီးရဲလ်က၂ဂိုး၂၀နိုင်အကျောပေးထားတယ်။

ပကျော့မှာတုန်းကဘောလုံးပိုင်ဆိုင်မှုသိပ်မကွာပေမယ့် ရှက်တာဖွင့်ကစားခဲ့လို့ရီးရဲလ်အပိုင်ဂိုးသွင်းခွင့်တွေအများကြီးရခဲ့ပြီး၅ဂိုးပြတ်နိုင်ခဲ့တယ်။အခုစပိန်မြေပေါ်မှာရှက်တာထိန်းကစားမှာဖြစ်ပေမယ့်ဗင်နီစီးယပ်စ် ဘန်ဇီးမားတို့ရဲ့ရီးရဲလ်ထိုးစစ်ကိုအချိန်ကြာကြာတားဆီးနိုင်မယ်မထင်ပါဘူး။ရှက်တာဟာဂိုးပေးလိုက်ရတာနဲ့ဖွင့်ကစားရတော့မယ့်အခြေအနေမို့ဒီပွဲမှာလည်းရီးရဲလ်တို့အခွင့်အလမ်းတွေအများကြီးရဦးမယ်လို့ယူဆရတယ်။ရီးရဲလ်ဦး ဆောင်ဂိုးစောစောရဖို့သာလိုအပ်ပြီးရှက်တာဖွင့်ကစားလာရင်နောက်ထပ်ဂိုးတွေရသွားနိုင်တာမို့အိမ်ရှင်ရီးရဲလ်ကိုသာအကြိုက်တွေ့နေမိတယ်။

🈁မင်းနဒီ(Change)

ဘာနေဗျူးကိုအန်ဆယ်လော့တီပြန်ရောက်လာခြင်းမှာအရာအားလုံးစင်းလုံးချောမဟုတ်ပေမဲ့အခြေအနေတစ်ခုမှာကျကျနနရှိနေခဲ့တယ်။ခံစစ်မှာရာမို့စ်မရှိတော့ပေမဲ့အလာဘာကအတိုင်းအတာတစ်ခုအထိအလုပ်ဖြစ်နေတယ်။ မိုဒရစ်၊ တိုနီခရူး၊ မာဆယ်လိုတို့လိုသက်ရင့်ကစားသမားတွေနဲ့ နောက်ဆုံးအချိန်တစ်ခုဆီလှမ်းနေရပေမဲ့ အန်ဆယ်လော့တီဟာဗင်နီစီးယပ်စ်၊ ရိုဒရီဂို၊ ကာဗာမင်ဂါတို့နဲ့ အလားအလာကောင်းတစ်ခုကိုပေါင်းစပ်ပြီးဖန်တီးနိုင်ခဲ့တယ်။ဇာတ်နာရတာကတော့ဟာဇက်ဆိုတာအရန်လူတစ်ယောက်ဖြစ်သွားခဲ့ရတာပါပဲ။ဘေးလ်ကတော့ထုံးစံအတိုင်းဒဏ်ရာတွေနဲ့ ပျော်မွေ့နေရတုန်းပဲ။ ဒါပေမဲ့မိုဒရစ်၊ တိုနီခရူး၊ ဘန်ဇီးမား၊ မာဆယ်လိုတို့ဟာအန်ဆယ်လော့တီအတွက်သက်တမ်းရင်ဝိုင်တွေလို ချိုမြနေတုန်းပဲဖြစ်တယ်။

အသင်းဟာဝါရင့်ကစားသမားတွေနဲ့ လူငယ်တွေရဲ့အချိုးကျပေါင်းစပ်မှုမှာအန်ဆယ်လော့တီလိုချင်တာဖြစ်နေခဲ့တယ်။ဗင်နီစီးယပ်စ်နဲ့ ကာဗာမင်ဂါတို့ကတော့ဘာနေဗျူးရဲ့ကြယ်ပွင့်စစ်စစ်တွေပဲဖြစ်တယ်။ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မှာအင်တာကိုသူတို့နှစ်ယောက်ရဲ့တွဲလုံးနဲ့ အနိုင်ရခဲ့တာဖြစ်တယ်။ ဒုတိယပွဲစဉ်မှာတော့လုံးဝထင်မထားတဲ့အကွက်နဲ့ ရှရစ်ဖ်ကိုအိမ်ကွင်းမှာရှုံးပွဲကြုံလိုက်ရတယ်။ရှက်တာဒိုးနက်စ်ကွင်းမှာတော့ ရီးယဲလ်ဟာအချိန်မှီပြန်လာနိုင်ခဲ့ပြီးဗင်နီးစီးယပ်စ်၊ ရိုဒရီဂို၊ ဘန်ဇီးမားတို့ရဲ့သွင်းဂိုးတွေနဲ့ ဂိုးပြန်နိုင်ပွဲကိုရသွားခဲ့တယ်။ အဲ့ဒီပွဲမှာရှက်တာဟာအိမ်ရှင်မှဟုတ်ရဲ့လားထင်မှတ်ရတဲ့အထိ ဆိုးရွားခဲ့ပါတယ်။ရှက်တာဟာအရင့်အရင်ရာသီတွေတုန်းကအိမ်ကွင်းမာပြီးတိုက်စစ်အစွမ်းနဲ့ ဂိုးသွင်းအားကောင်းတဲ့ပုံစံမျိုးမှာမဟုတ်တော့ပဲကစားအားသိသိသာသာကိုကျင်ဆင်းသွားခဲ့တယ်။

ဒီရာသီချန်ပီယံလိဂ် ၃ ပွဲမှာတစ်ဂိုးမှမရသေးသလိုရမှတ် ၁ မှတ်ပဲရယူနိုင်တဲ့အထိသူတို့ခြေစွမ်းယိုင်သွားခဲ့တယ်။ ခံစစ်ကပွဲတိုင်းမှာဂိုးတွေပေးနေရပြီး ယူရိုပါလိဂ်ကိုတောင်မျှော်မှန်းဖို့ ခက်ခဲနေခဲ့တယ်။ရီးယဲလ်ကလာလီဂါနောက်ဆုံး ၂ ပွဲမှာတိုက်စစ်အစွမ်းမပြနိုင်ခဲ့တာမှန်ပေမဲ့ဗင်နီးစီးယပ်စ်အရမ်းလှုပ်ပြနေခဲ့တယ်။အယ်လ်ချီနဲ့ပွဲမှာဘန်ဇီးမားကိုအနားပေးခဲ့တာချန်ပီယံလိဂ်ပွဲစဉ်ကြောင့်လို့ ထင်မှတ်ရတယ်။ရှက်တာနဲ့ပွဲမှာတော့အန်ဆယ်လော့တီရဲ့အ ကောင်းဆုံးလူစာရင်းကိုမြင်ရဖို့ရှိတယ်။ဗင်နီစီးယပ်စ်ရဲ့အတိုးအလှုပ်တွေအောက်မှာရှက်တာနောက်ခံလူတွေအလူးအလဲခံခဲ့ရသလိုဘာနေဗျူးမှာလည်းအဲ့ဒီအတိုင်းဖြစ်လာမယ်လို့ ယုံကြည်ထားတယ်။

ဘန်ဇီးမားပြန်လာမယ့်ဘာနေဗျူးပွဲစဉ်မှာရီးယဲလ်တိုက်စစ်ရဲ့သွင်းဂိုးတွေမြိုင်နေမှာကိုမြင်ယောင်နေမိတယ်။လက်ကျန် ၂ ပွဲမှာ အင်တာနဲ့ ပွဲကြပ်ရှိနေတာတွေကဒီပွဲကို အပြတ်ဖြတ်ရမယ့်အကြောင်းအရင်းဖြစ်သလိုရှရစ်ဖ်ကလည်းရှော့ခ်ပေးလာနိုင်တဲ့အသင်းဖြစ်တာတွေကြောင့်ရီးယဲလ်ဟာ အသေချာဆုံးဖြစ်တဲ့ခြေစွမ်းအနိမ့်ဆုံးရှက်တာကိုဂိုးပြတ်အနိုင်ယူပြီးအနိုင်ရလဒ်သေချာအောင်လုပ်ထားပါလိမ့်မယ်။ ပထမအကျော့မှာရီးယဲလ်ခြေစွမ်းပြခဲ့သလိုမျိုးဘာနေဗျူးမှာလည်းနောက်ထပ်ဂိုးပြတ်နိုင်ပွဲတစ်ပွဲကိုရယူသွားတာကိုပဲမြင်တွေ့ရဖို့ရှိပါတယ်။

ဒီတစ်ပတ် 3D

🈁ဆရာမင်းနဒီတင်ဆက်ခဲ့တဲ့နှစ်ပတ်ဆက် 3D အောင်ခဲ့ပါတယ်။ အခုမှစတင်မှာဖြစ်တဲ့ UCL 3D မှာလည်းသူပဲပွဲရွေးခဲ့တာပါ။ ရီးယဲလ် – ရှက်တာဒိုးနက်ပွဲမှာဆရာသမား၃ဦးလုံးကရီးယဲလ်မက်ဒရစ်ကိုပဲယူခဲ့ကြပါတယ်။ Wow! သိပ်လှတဲ့အဖွင့်ပဲ။ ၃ဦးလုံးတစ်သံတည်းထွက်ခဲ့တာကြောင့်ဒီတစ်ပတ်ဟာPM ရဲ့ Special Choice တောင်ဖြစ်လာပါတယ်။ ဘန်ဇီမာကောင်းကင်တော်ဆီကျနော်တို့အတူပျံသန်းကြရအောင်လားပရိသတ်ကြီး..