
ဘာစီလိုနာနှင့်ရီးရဲလ်မက်ဒရစ်စတားတို့ဟာစပိန်အသင်းနှင့်ပူးပေါင်းစဉ်အတွင်းကိုယ်အုပ်စုဖြင့်ကိုယ်နေထိုင်လေ့ကျင့်လျက်ရှိကြပါတယ်။
အဆိုပါကလပ်နှစ်ခုတို့ဟာပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းက El Clasico ပွဲယှဉ်ပြိုင်ကစားခဲ့ကြတာဖြစ်ပါတယ်။
ဘာစီလိုနာဟာဖရန့်ကက်ဆီရဲ့နောက်ကျဂိုးဖြင့်ရီးရဲလ်မက်ဒရစ်ကို၂-၁ဖြင့်အနိုင်ရရှိခဲ့ပြီး၁၂မှတ်အထိဖြတ်ကာဇယားထိပ်ဆုံးမှာရပ်တည်လာပါတယ်။
အဆိုပါပွဲအပြီးတွင်ဘာစီလိုနာရဲ့ဂါဗီ၊အလီဂျန်ဒရိုဘယ်ဒီတို့ဟာစပိန်အသင်းနှင့်ပူးပေါင်းခဲ့သလိုရီးရဲလ်မက်ဒရစ်မှကာဗာဂျယ်၊နာချိုနှင့်ဒါနီစီဘယ်လို့စ်တို့လည်းပူးပေါင်းခဲ့ကြပါတယ်။
ဒါပေမဲ့ El Chiringuito ကဘာစီလိုနာနှင့်ရီးရဲလ်မက်ဒရစ်စတားများဟာကိုယ်အုပ်စုဖြင့်ကိုယ်ဖြင့်သာလေ့ကျင့်ခန်းဆင်းပြီး၎င်းတို့အကြားသဘော ထားကွဲမှုဖြစ်နေကြောင်းဖော်ပြလာပါတယ်။
အထူးသဖြင့်ရီးရဲလ်မက်ဒရစ်စတားများဟာEl Clasico ပွဲတွင်ရောဘတ်လီဝန်ဒေါ့စကီးနှင့်ထိပ်တိုက်တွေ့ခဲ့တဲ့စီဘယ်လို့စ်အားအသားလွတ်ပခုံးချင်းတိုက်ခဲ့တဲ့ဂါဗီရဲ့လုပ်ရပ်ကိုဒေါသထွက်နေကြပါတယ်။