ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာနှင့်ဂျူဗင်တပ်တို့အား အရေးယူရန် ယူအီးအက်ဖ်အေစတင်

ယူအီးအက်ဖ်အေဟာစူပါလိဂ်မှနုတ်ထွက်ခြင်းမပြုသေးတဲ့ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာနှင့်ဂျူဗင်တပ်တို့အားအရေးယူမှုပြုလုပ်ရန်စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်းသိရပါတယ်။

ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာနှင့်ဂျူဗင်တပ်ဟာဥရောပစူပါလိဂ်အစီအစဉ်မှနုတ်ထွက်ရန်ငြင်းဆိုနေတဲ့သုံးတည်းသောအသင်းလည်းဖြစ်ကြပါတယ်။

ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာ၊ဂျူဗင်တပ်တို့ဦးဆောင်တဲ့ဥရောပထိပ်သီးကလပ်၁၂သင်းတို့ဟာဧပြီလ၁၈ရက်နေ့တုန်းကဥရောပစူပါလိဂ်အစီအစဉ်ကိုစတင်ခဲ့ကြပါတယ်။

ဒါပေမယ့်၄၈နာရီအတွင်းမှာဘဲပရီးမီးယားလိဂ်ထိပ်သီးကလပ်များဖြစ်ကြတဲ့မန်ယူ၊မန်စီးတီး၊ချဲလ်ဆီး၊လီဗာပူး၊အာဆင်နယ်၊စပါးစ်တို့ဟာဥရောပစူပါလိဂ်မှနုတ်ထွက်ခဲ့ကြပါတယ်။၎င်းတို့နောက်ပိုင်းမှာအင်တာမီလန်၊အက်သလက်တီကိုလည်းနုတ်ထွက်ခဲ့ကြပါတယ်။

ယခုအခါယူအီးအက်ဖ်အေကဥရောပစူပါလိဂ်စီမံကိန်းနှင့်ဆက်နွယ်နေတဲ့ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာ၊ဂျူဗင်တပ်တို့အားအရေးယူရန်အတွက်စုံစမ်းစစ်ဆေးမှုစတင်ပြုလုပ်လာပြီဖြစ်ကြောင်းကြေညာလာပါတယ်။

ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာ၊ဂျူဗင်တပ်တို့ဟာချန်ပီယံလိဂ်ဝင်ခွင့်၂နှစ်အထိပိတ်ပင်ခြင်းခံရနိုင်ကြောင်းသတင်းထွက်ပေါ်နေပါတယ်။

zawgyi

ရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာႏွင့္ဂ်ဴဗင္တပ္တို႔အား အေရးယူရန္ ယူအီးအက္ဖ္ေအစတင္

ယူအီးအက္ဖ္ေအဟာစူပါလိဂ္မွႏုတ္ထြက္ျခင္းမျပဳေသးတဲ့ရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာႏွင့္ဂ်ဴဗင္တပ္တို႔အားအေရးယူမႈျပဳလုပ္ရန္စတင္လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္းသိရပါတယ္။

ရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာႏွင့္ဂ်ဴဗင္တပ္ဟာဥေရာပစူပါလိဂ္အစီအစဥ္မွႏုတ္ထြက္ရန္ျငင္းဆိုေနတဲ့သုံးတည္းေသာအသင္းလည္းျဖစ္ၾကပါတယ္။

ရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာ၊ဂ်ဴဗင္တပ္တို႔ဦးေဆာင္တဲ့ဥေရာပထိပ္သီးကလပ္၁၂သင္းတို႔ဟာဧၿပီလ၁၈ရက္ေန႔တုန္းကဥေရာပစူပါလိဂ္အစီအစဥ္ကိုစတင္ခဲ့ၾကပါတယ္။

ဒါေပမယ့္၄၈နာရီအတြင္းမွာဘဲပရီးမီးယားလိဂ္ထိပ္သီးကလပ္မ်ားျဖစ္ၾကတဲ့မန္ယူ၊မန္စီးတီး၊ခ်ဲလ္ဆီး၊လီဗာပူး၊အာဆင္နယ္၊စပါးစ္တို႔ဟာဥေရာပစူပါလိဂ္မွႏုတ္ထြက္ခဲ့ၾကပါတယ္။၎တို႔ေနာက္ပိုင္းမွာအင္တာမီလန္၊အက္သလက္တီကိုလည္းႏုတ္ထြက္ခဲ့ၾကပါတယ္။

ယခုအခါယူအီးအက္ဖ္ေအကဥေရာပစူပါလိဂ္စီမံကိန္းႏွင့္ဆက္ႏြယ္ေနတဲ့ရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာ၊ဂ်ဴဗင္တပ္တို႔အားအေရးယူရန္အတြက္စုံစမ္းစစ္ေဆးမႈစတင္ျပဳလုပ္လာၿပီျဖစ္ေၾကာင္းေၾကညာလာပါတယ္။

ရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာ၊ဂ်ဴဗင္တပ္တို႔ဟာခ်န္ပီယံလိဂ္ဝင္ခြင့္၂ႏွစ္အထိပိတ္ပင္ျခင္းခံရႏိုင္ေၾကာင္းသတင္းထြက္ေပၚေနပါတယ္။