”ခံစစ်အနုပညာကို အလဲထိုးဖို့ခက်မှာ”

သောကြာည ပြင်သစ်လီဂူး ပွဲစဉ်-၂၉ ပွဲကြိုသုံးသပ်ချက်

ရင်းစ် နှင့် လိုင်ယွန် (ည ၂:၃၀)(ဖိုးရာဇာ)

ဒီရာသီရင်းစ်ရဲ့ခြေစွမ်းကဒုတိယရာသီဝက်ရောက်မှအရမ်းကိုတိုးတက်ကောင်းမွန်လာခဲ့တာ ဖြစ်ပါတယ်။ရင်းစ်ရဲ့ပြင်သစ်လီဂူးနောက်ဆုံး ၁၄ပွဲမှာ ရှုံးပွဲဆိုလို့ ၂ပွဲတည်းသာရှိထားပြီး အဝေးကွင်းထက်အိမ်ကွင်းဆိုရင်ပိုမိုတည်ငြိမ်မာကျောမှုရှိတယ်ဆိုရမယ်။

အခုပွဲမှာရင်ဆိုင်ရမယ့်အသင်းကခြေစွမ်းထက်မြက်လွန်းတဲ့လိုင်ယွန်ဖြစ်တာကြောင့်အိမ်ကွင်းဆိုပေမယ့်လည်းရင်းစ်အသင်းခံစစ်အားပြုပြီးအမှတ်ယူနိုင်ဖို့သာအဓိကထားမှာ သေချာပါတယ်။

ဒီပေး၊ အီကမ်ဘီတို့ရဲ့လိုင်ယွန်တိုက်စစ်အားဘယ်လောက်ကောင်းကောင်း ဒီပွဲမှာတော့ ရင်းစ်ပြသမယ့်ခံစစ်အနုပညာကိုအလဲထိုးဖို့ ခက်မှာပါ။၂ဂိုးပြတ်နိုင်မှ ပျော်ရွှင်ခွင့်ရရှိမယ့်လိုင်ယွန်ရဲ့အကျောပေးမှုမှာ ရင်းစ်ဘက်ကနေစွန့်စားရမယ်။

zawgyi

”ခံစစ္အႏုပညာကို အလဲထိုးဖို႔ခက္မွာ”

ေသာၾကာည ျပင္သစ္လီဂူး ပြဲစဥ္-၂၉ ပြဲႀကိဳသုံးသပ္ခ်က္

ရင္းစ္ ႏွင့္ လိုင္ယြန္ (ည ၂:၃၀)(ဖိုးရာဇာ)

ဒီရာသီ ရင္းစ္ရဲ႕ေျခစြမ္းက ဒုတိယရာသီဝက္ေရာက္မွ အရမ္းကို တိုးတက္ေကာင္းမြန္လာခဲ့တာ ျဖစ္ပါတယ္။ရင္းစ္ရဲ႕ျပင္သစ္လီဂူး ေနာက္ဆုံး ၁၄ပြဲမွာ ရႈံးပြဲဆိုလို႔ ၂ပြဲတည္းသာရွိထားၿပီး အေဝးကြင္းထက္ အိမ္ကြင္းဆိုရင္ ပိုမိုတည္ၿငိမ္မာေက်ာမႈရွိတယ္ဆိုရမယ္။

အခုပြဲမွာ ရင္ဆိုင္ရမယ့္အသင္းက ေျခစြမ္းထက္ျမက္လြန္းတဲ့ လိုင္ယြန္ျဖစ္တာေၾကာင့္ အိမ္ကြင္းဆိုေပမယ့္လည္း ရင္းစ္အသင္း ခံစစ္အားျပဳၿပီး အမွတ္ယူႏိုင္ဖို႔သာ အဓိကထားမွာ ေသခ်ာပါတယ္။ဒီေပး၊ အီကမ္ဘီတို႔ရဲ႕လိုင္ယြန္တိုက္စစ္ အားဘယ္ေလာက္ေကာင္းေကာင္း ဒီပြဲမွာေတာ့ ရင္းစ္ျပသမယ့္ ခံစစ္အႏုပညာကို အလဲထိုးဖို႔ ခက္မွာပါ။၂ဂိုးျပတ္ႏိုင္မွ ေပ်ာ္႐ႊင္ခြင့္ရရွိမယ့္ လိုင္ယြန္ရဲ႕အေက်ာေပးမႈမွာ ရင္းစ္ဘက္ကေန စြန႔္စားရမယ္။