ကွင်းအတွင်း ဝင်ရောက်လာတဲ့ လီဗာပူးပရိသတ်ကြောင့် ရောဘတ်ဆင်ဒဏ်ရာရရှိသွားပြီးနောက် ကလော့ပ်အကြီးအကျယ်ဒေါသထွက်

ဂျာဂင်ကလော့ပ်ဟာမနေ့ညတုန်းကကွင်းအတွင်းကျူးကျော်ဝင်ရောက်လာတဲ့လီဗာပူးပရိသတ်ကြောင့် အင်ဒီရောဘတ်ဆင်ဒဏ်ရာရရှိသွားပြီးနောက်အကြီးအကျယ်ဒေါသထွက်ခဲ့တာတွေ့ရပါတယ်။

ရောဘတ်တိုဖာမီနိုကယူနိုက်တက်ကို၇-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်သတ္တမမြောက်ဂိုးကိုသွင်းယူလိုက်ပြီးနောက်ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးကစားသမားတို့အောင်ပွဲခံနေချိန်တွင်လီဗာပူးပရိသတ်တစ်ဦးလည်းကွင်းအတွင်းကျူးကျော်ဝင်ရောက်ခဲ့ပါတယ်။သူဟာလီဗာပူးကစားသမားများကြားထဲသို့လျှောထိုးဝင်ရောက်ခဲ့ပြီးအင်ဒီရောဘတ်ဆင်ကိုထိသွားခဲ့ပါတယ်။

စကော့တလန်နောက်ခံလူဟာကွင်းမြက်ခင်းတွင်နာကျင်နေခဲ့တာတွေ့ရပြီးပရိသတ်မှာလည်းလုံခြုံရေးဝန်ထမ်းရဲ့ခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ်။

ရောဘတ်ဆင်ဟာပွဲကိုပြီးဆုံးအောင်တော့ကစားနိုင်ခဲ့ပါတယ်။ဒါပေမဲ့လီဗာပူးပရိသတ်ဟာလုံခြုံရေးဝန်ထမ်းတွေရဲ့ဆွဲခေါ်သွားခြင်းခံရချိန်တွင်လီဗာပူးနည်းပြကလော့ပ်ရဲ့ဒေါသတကြီးအော်ဟစ်ပြောဆိုခြင်းခံခဲ့ရပါတယ်။

လီဗာပူးဟာမနေ့ညတုန်းကပွဲတွင်ဂတ်ပို၊နူနက်ဇ်၊မိုဟာမက်ဆာလက်တို့ရဲ့သွင်းဂိုး၂ဂိုးနှင့်ဖာမီနိုတို့ရဲ့သွင်းဂိုးများဖြင့်ယူနိုက်တက်ကို၇-၀ဂိုးဖြင့်အနိုင်ရခဲ့ပါတယ်။

လီဗာပူးဟာယူနိုက်တက်နိုင်ပွဲကြောင့်အမှတ်ပေးဇယားအဆင့်၅နေရာသို့တက်လှမ်းလာခဲ့ပြီးချန်ပီယံလိဂ်ဝင်ခွင့်နှင့်၃မှတ်သာကွာဟပါတော့တယ်။ယူနိုက်တက်ကတော့အဆင့်၃နေရာမှာဆက်လက်ရပ်တည်နေပေမဲ့အာဆင်နယ်နှင့်ရမှတ်၁၄မှတ်အထိကွာဟသွားခဲ့ပါတယ်။

ZawGyi

ကြင္းအတြင္း ဝင္ေရာက္လာတဲ့ လီဗာပူးပရိသတ္ေၾကာင့္ ေရာဘတ္ဆင္ဒဏ္ရာရရွိသြားၿပီးေနာက္ ကေလာ့ပ္အႀကီးအက်ယ္ေဒါသထြက္

ဂ်ာဂင္ကေလာ့ပ္ဟာမေန႔ညတုန္းကကြင္းအတြင္းက်ဴးေက်ာ္ဝင္ေရာက္လာတဲ့လီဗာပူးပရိသတ္ေၾကာင့္ အင္ဒီေရာဘတ္ဆင္ဒဏ္ရာရရွိသြားၿပီးေနာက္အႀကီးအက်ယ္ေဒါသထြက္ခဲ့တာေတြ႕ရပါတယ္။

ေရာဘတ္တိုဖာမီႏိုကယူႏိုက္တက္ကို၇-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္သတၱမေျမာက္ဂိုးကိုသြင္းယူလိုက္ၿပီးေနာက္ျဖစ္ပ်က္ခဲ့တာျဖစ္ပါတယ္။

လီဗာပူးကစားသမားတို႔ေအာင္ပြဲခံေနခ်ိန္တြင္လီဗာပူးပရိသတ္တစ္ဦးလည္းကြင္းအတြင္းက်ဴးေက်ာ္ဝင္ေရာက္ခဲ့ပါတယ္။သူဟာလီဗာပူးကစားသမားမ်ားၾကားထဲသို႔ေလွ်ာထိုးဝင္ေရာက္ခဲ့ၿပီးအင္ဒီေရာဘတ္ဆင္ကိုထိသြားခဲ့ပါတယ္။

စေကာ့တလန္ေနာက္ခံလူဟာကြင္းျမက္ခင္းတြင္နာက်င္ေနခဲ့တာေတြ႕ရၿပီးပရိသတ္မွာလည္းလုံၿခဳံေရးဝန္ထမ္းရဲ႕ေခၚေဆာင္သြားျခင္းခံခဲ့ရပါတယ္။

ေရာဘတ္ဆင္ဟာပြဲကိုၿပီးဆုံးေအာင္ေတာ့ကစားႏိုင္ခဲ့ပါတယ္။ဒါေပမဲ့လီဗာပူးပရိသတ္ဟာလုံၿခဳံေရးဝန္ထမ္းေတြရဲ႕ဆြဲေခၚသြားျခင္းခံရခ်ိန္တြင္လီဗာပူးနည္းျပကေလာ့ပ္ရဲ႕ေဒါသတႀကီးေအာ္ဟစ္ေျပာဆိုျခင္းခံခဲ့ရပါတယ္။

လီဗာပူးဟာမေန႔ညတုန္းကပြဲတြင္ဂတ္ပို၊ႏူနက္ဇ္၊မိုဟာမက္ဆာလက္တို႔ရဲ႕သြင္းဂိုး၂ဂိုးႏွင့္ဖာမီႏိုတို႔ရဲ႕သြင္းဂိုးမ်ားျဖင့္ယူႏိုက္တက္ကို၇-၀ဂိုးျဖင့္အႏိုင္ရခဲ့ပါတယ္။

လီဗာပူးဟာယူႏိုက္တက္ႏိုင္ပြဲေၾကာင့္အမွတ္ေပးဇယားအဆင့္၅ေနရာသို႔တက္လွမ္းလာခဲ့ၿပီးခ်န္ပီယံလိဂ္ဝင္ခြင့္ႏွင့္၃မွတ္သာကြာဟပါေတာ့တယ္။ယူႏိုက္တက္ကေတာ့အဆင့္၃ေနရာမွာဆက္လက္ရပ္တည္ေနေပမဲ့အာဆင္နယ္ႏွင့္ရမွတ္၁၄မွတ္အထိကြာဟသြားခဲ့ပါတယ္။