”၃ဂိုးပြတ်နိုင်ဖို့လိုအပ်နေတဲ့လေဗာကူဆင်ကိုလက်ရှောင်”

အင်္ဂါည ဂျာမန်ပိုကယ်ဖလား တတိယအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ရော့ဝိစ် နှင့် လေဗာကူဆင် (ည ၁၂:၀၀)(မော်ကွန်း)

ရော့ဝိစ်ရဲ့ခြေစွမ်းနဲ့ ရလဒ်ပိုင်းဆက်တိုက်ကောင်းမွန်နေရတယ်ဆိုတာရီဂျင်နယ်လီဂါပွဲတွေမှာပါ။ထက်မြက်လွန်းတဲ့သူတို့ရဲ့တိုက်စစ်ကအိမ်ကွင်းဆိုရင် ပိုမိုခြေစွာပြီးဘယ်လိုခံစစ်မျိုးကိုမဆိုထိုးဖောက်ဂိုးသွင်းနိုင်တယ်။

ဒါပေမဲ့အခုနောက်ပိုင်းရော့ဝိစ်ရဲ့ခြေစွမ်းကျဆင်းလာနေတာကြောင့်ခံစစ်ပိုင်းလုံခြုံမှုမရှိတော့ဘူး။ဒါပေမဲ့လေဗာကူဆင်ကလည်းလတ်တလောခြေကျနေတဲ့အသင်းပါ။

ဘွန်ဒက်စ်လီဂါကလပ်ဆိုပေမယ့်လည်းလေဗာကူဆင်ရဲ့အသင်းလိုက်ကစားအားရောခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်းပါအတော်လေးဖရိုဖရဲဖြစ်နေတာတွေ့ရတယ်။

ဒါကြောင့်အဝေးကွင်းလည်းဖြစ်နေလို့ လေဗာကူဆင်အနေနဲ့ ရော့ဝိစ်ကိုခြေအသာစီးယူကစားဖို့ သေချာပေါက်ခက်ခဲပါလိမ့်မယ်။၃ဂိုးပြတ်နိုင်မှပျော်ရမယ့် လေဗာကူဆင်ကိုလက်ရှောင်ထားတာမှန်ကန်တဲ့လုပ်ရပ်ဖြစ်မှာပါ။

zawgyi




