မော်ရင်ဟိုရဲ့အရှိန်အဝါနဲ့ ဗိုလ်၀င်ခံမယ့် ရောမသားတွေ

ဗုဒ္ဓဟူးညယူရိုပါကွန်ဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်

ရိုးမား နှင့် ဖီယင်နု(ည ၁း၃၀)(အိုဇုန်း)

ရာသီနောက်ဆုံးပွဲကဂိုးပြတ်နိုင်ပွဲနဲ့ယူရိုပါလိဂ်၀င်ခွင့်သေချာသွားခဲ့လို့ရိုးမားဟာကွန်ဖရန့်လိဂ်ဗိုလ်လုပွဲအတွက်ဖိအားလျော့သွားပါတယ်။နယ်သာလန်ကလပ်ဖီယင်နုကတော့ရာသီသိမ်းခါနီးကျမှရလဒ်ပိုင်းအားနည်းသွားပြီးပြိုင်ပွဲအရပ်ရပ်နောက်ဆုံး ၄ ပွဲမှာ ၁ ပွဲသာအနိုင်ရခဲ့တာပါ။ဒါ့အပြင်ဖီယင်နုဟာ ဒီရာသီကွန်ဖရန့်လိဂ်မှာအုပ်စုအဆင့်ကစလို့ အခုချိန်ထိဂိုးမပေးရပွဲဆိုလို့ ၁ ပွဲသာရှိခဲ့တယ်။

ဒါကြောင့်အေဘရာဟမ်ခြေစွမ်းပြနေတဲ့ရိုးမားတိုက်စစ်ကိုတောင့်ခံနိုင်မှာမဟုတ်ဘဲမော်ရင်ဟိုကလည်းဥရောပအဆင့်ဗိုလ်လုပွဲဆိုလပ်ကီးကောင်းသူပါ။မော်ရင်ဟိုရဲ့အရှိန်အဝါနဲ့အတူရောမသားတို့ရဲ့ပါတီပွဲဖြစ်လာပါလိမ့်မယ်။

zawgyi




