ရိုမားနဲ့ပွဲမှာဂရင်းဝုဒ်ကို အကာအကွယ်ပေးခဲ့တဲ့ကာဗာနီ

အက်ဒီဆင်ကာဗာနီဟာရိုးမားကစားသမားနှစ်ဦးရဲ့ဒေါသတကြီးရန်မူခြင်းခံခဲ့ရတဲ့မေဆင်ဂရင်းဝုဒ်ကိုအကာအကွယ်ပေးကာကယ်တင်ပေးခဲ့ပါတယ်။

မန်ယူဟာမနေ့ညတုန်းကစတာဒီယိုအိုလံပီကိုတွင်ကစားခဲ့တဲ့ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်တွင်ရိုးမားကို၃-၂ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ဒါပေမယ့်အိုလီဂန်းနားဆိုးလ်ရှားဦးဆောင်တဲ့မန်ယူဟာရိုးမားကိုပထမအကျော့တုန်းက၆-၂ဂိုးဖြင့်အနိုင်ရရှိခဲ့တာကြောင့်နှစ်ကျော့ပေါင်းရလဒ်၈-၅ဖြင့်ယူရိုပါလိဂ်ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့ပါတယ်။

မနေ့ညတုန်းကပွဲတွင်ရှုံးနိမ့်ခဲ့သော်လည်းကာဗာနီမှာအကောင်းဆုံးပုံစံဖြင့်ကစားသွားခဲ့ပြီးမန်ယူအတွက်ဂိုးနှစ်ဂိုးလုံးကိုသွင်းယူနိုင်ခဲ့ပါတယ်။ဒါ့အပြင်အသက်၃၄နှစ်ရှိဥရုဂွေးတိုက်စစ်မှူးဟာဂရင်းဝုဒ်ရဲ့ရိုးမားမှဂျီယန်လူကာမန်စီနီ၊ရစ်ခ်ကားလ်ဒရော့ပ်တို့နှင့်စကားများနေချိန်အတွင်းကြားဝင်ရောက်ကာမန်ယူလူငယ်ပါရမီရှင်လေးကိုအကာအကွယ်ပေးခဲ့ပါသေးတယ်။ကာဗာနီဟာကားလ်ဒရော့ပ်ကိုဆောင့်တွန်းပြီးနောက်အသက်၂၆နှစ်ရှိညာနောက်ခံလူကိုရန်မူဟန်ပြုလုပ်ခဲ့ပါတယ်။

ယင်းအချိန်တွင်မန်စီနီရောက်လာကာကာဗာနီကိုတွန်းထုတ်ရန်ကြိုးပမ်းပြီးနောက်အချင်းထပ်များကြပါတယ်။ယင်းနောက်တွင်နှစ်ဖက်ကစားသမားများရောက်လာကာဖြေဖျန်မှုပြုလုပ်ခဲ့ပါတယ်။

ကာဗာနီဟာမန်ယူအတွက်နှစ်ဂိုးသွင်းယူပေးခဲ့တဲ့အပြင်အသက်၁၉နှစ်ရှိလူငယ်ကစားသမားလေးအားပြိုင်ဘက်ကစားသမားများကရန်မူရန်ကြိုးပမ်းမှုကိုစီနီယာကစားသမားပီသစွာဖြင့်ရှေ့တန်းမှအကာအကွယ်ပေးမှုအပေါ်မန်ယူပရိသတ်များရဲ့ချီးကျူးမှုခံနေရပါတယ်။

အင်္ဂလန်လက်ရွေးစင်မေဆင်ဂရင်းဝုဒ်ဟာရိုးမားနှင့်ပွဲစဉ်တွင်မန်ယူအတွက်ပွဲ၁၀၀ပြည့်ခဲ့သူလည်းဖြစ်ပါတယ်။သူဟာအသက်၁၉နှစ်၊၂၁၇ရက်ဖြင့်မန်ယူအတွက်ပွဲရာပြည့်ခဲ့တာဖြစ်ပြီးမန်ယူအတွက်ပွဲရာပြည့်တဲ့အသက်အငယ်ဆုံးအင်္ဂလန်ကစားသမားဖြစ်လာခဲ့ပါတယ်။ဒါ့အပြင်မန်ယူသမိုင်းတွင်တတိယအသက်အငယ်ဆုံးပွဲရာပြည့်သူအဖြစ်ရိုင်ယန်ဂစ်၊ဒန်ကန်အက်ဒ်ဝုဒ်တို့နောက်တွင်ရပ်တည်နေပါတယ်။

မန်ယူဟာလာမယ့်မေလ၂၆ရက်နေ့တွင်ပိုလန်နိုင်ငံ၊ Arena Gdansk ကွင်းတွင်ဗီလာရီးရဲလ်နှင့်ယူရိုပါလိဂ်ဗိုလ်လုပွဲရင်ဆိုင်ကစားသွားရပါမယ်။

zawgyi

႐ိုမားနဲ႔ပြဲမွာဂရင္းဝုဒ္ကို အကာအကြယ္ေပးခဲ့တဲ့ကာဗာနီ

အက္ဒီဆင္ကာဗာနီဟာ႐ိုးမားကစားသမားႏွစ္ဦးရဲ႕ေဒါသတႀကီးရန္မူျခင္းခံခဲ့ရတဲ့ေမဆင္ဂရင္းဝုဒ္ကိုအကာအကြယ္ေပးကာကယ္တင္ေပးခဲ့ပါတယ္။

မန္ယူဟာမေန႔ညတုန္းကစတာဒီယိုအိုလံပီကိုတြင္ကစားခဲ့တဲ့ယူ႐ိုပါလိဂ္ဆီမီးဖိုင္နယ္ဒုတိယအေက်ာ့ပြဲစဥ္တြင္႐ိုးမားကို၃-၂ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

ဒါေပမယ့္အိုလီဂန္းနားဆိုးလ္ရွားဦးေဆာင္တဲ့မန္ယူဟာ႐ိုးမားကိုပထမအေက်ာ့တုန္းက၆-၂ဂိုးျဖင့္အႏိုင္ရရွိခဲ့တာေၾကာင့္ႏွစ္ေက်ာ့ေပါင္းရလဒ္၈-၅ျဖင့္ယူ႐ိုပါလိဂ္ဗိုလ္လုပြဲသို႔တက္ေရာက္ႏိုင္ခဲ့ပါတယ္။

မေန႔ညတုန္းကပြဲတြင္ရႈံးနိမ့္ခဲ့ေသာ္လည္းကာဗာနီမွာအေကာင္းဆုံးပုံစံျဖင့္ကစားသြားခဲ့ၿပီးမန္ယူအတြက္ဂိုးႏွစ္ဂိုးလုံးကိုသြင္းယူႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္အသက္၃၄ႏွစ္ရွိဥ႐ုေဂြးတိုက္စစ္မႉးဟာဂရင္းဝုဒ္ရဲ႕႐ိုးမားမွဂ်ီယန္လူကာမန္စီနီ၊ရစ္ခ္ကားလ္ဒေရာ့ပ္တို႔ႏွင့္စကားမ်ားေနခ်ိန္အတြင္းၾကားဝင္ေရာက္ကာမန္ယူလူငယ္ပါရမီရွင္ေလးကိုအကာအကြယ္ေပးခဲ့ပါေသးတယ္။ကာဗာနီဟာကားလ္ဒေရာ့ပ္ကိုေဆာင့္တြန္းၿပီးေနာက္အသက္၂၆ႏွစ္ရွိညာေနာက္ခံလူကိုရန္မူဟန္ျပဳလုပ္ခဲ့ပါတယ္။

ယင္းအခ်ိန္တြင္မန္စီနီေရာက္လာကာကာဗာနီကိုတြန္းထုတ္ရန္ႀကိဳးပမ္းၿပီးေနာက္အခ်င္းထပ္မ်ားၾကပါတယ္။ယင္းေနာက္တြင္ႏွစ္ဖက္ကစားသမားမ်ားေရာက္လာကာေျဖဖ်န္မႈျပဳလုပ္ခဲ့ပါတယ္။

ကာဗာနီဟာမန္ယူအတြက္ႏွစ္ဂိုးသြင္းယူေပးခဲ့တဲ့အျပင္အသက္၁၉ႏွစ္ရွိလူငယ္ကစားသမားေလးအားၿပိဳင္ဘက္ကစားသမားမ်ားကရန္မူရန္ႀကိဳးပမ္းမႈကိုစီနီယာကစားသမားပီသစြာျဖင့္ေရွ႕တန္းမွအကာအကြယ္ေပးမႈအေပၚမန္ယူပရိသတ္မ်ားရဲ႕ခ်ီးက်ဴးမႈခံေနရပါတယ္။

အဂၤလန္လက္ေ႐ြးစင္ေမဆင္ဂရင္းဝုဒ္ဟာ႐ိုးမားႏွင့္ပြဲစဥ္တြင္မန္ယူအတြက္ပြဲ၁၀၀ျပည့္ခဲ့သူလည္းျဖစ္ပါတယ္။သူဟာအသက္၁၉ႏွစ္၊၂၁၇ရက္ျဖင့္မန္ယူအတြက္ပြဲရာျပည့္ခဲ့တာျဖစ္ၿပီးမန္ယူအတြက္ပြဲရာျပည့္တဲ့အသက္အငယ္ဆုံးအဂၤလန္ကစားသမားျဖစ္လာခဲ့ပါတယ္။ဒါ့အျပင္မန္ယူသမိုင္းတြင္တတိယအသက္အငယ္ဆုံးပြဲရာျပည့္သူအျဖစ္႐ိုင္ယန္ဂစ္၊ဒန္ကန္အက္ဒ္ဝုဒ္တို႔ေနာက္တြင္ရပ္တည္ေနပါတယ္။

မန္ယူဟာလာမယ့္ေမလ၂၆ရက္ေန႔တြင္ပိုလန္ႏိုင္ငံ၊ Arena Gdansk ကြင္းတြင္ဗီလာရီးရဲလ္ႏွင့္ယူ႐ိုပါလိဂ္ဗိုလ္လုပြဲရင္ဆိုင္ကစားသြားရပါမယ္။