‘ရိုးမားနဲ့ ဂိုးအများက ရွတ်ဆိုလိုကောင်းမယ့် ကာရန်တစ်ပုဒ်”
အင်္ဂါည ကိုပါအီတာလီယာဖလား ၁၆သင်းအဆင့် ပွဲကြိုသုံးသပ်ချက်
ရိုးမား နှင့် စပီဇီယာ (ည ၂:၄၅)(မြန်မာပြည်ဂုရု)
စီးရီးအေအသင်းအချင်းချင်းထိပ်တိုက်ရင်ဆိုင်မှုဖြစ်လို့ အတော်လေးအကြိတ်အနယ်ရှိမှာတော့သေချာပါတယ်။အိမ်ရှင်ရိုးမားရဲ့ခြေစွမ်းကိုလေ့လာကြည့်မယ်ဆိုရင် တိုက်စစ်အသားပေးလွန်းပြီး ဘယ်လိုအသင်းမျိုးနဲ့ရင်ဆိုင်တွေ့တွေ့ ဂိုးသွင်းအား ကောင်းလွန်းတယ်ဆိုရမယ်။
ဒါပေမဲ့လည်းတိုက်စစ်ဦးစားပေးနည်းဗျူဟာသုံးတဲ့အသင်းဖြစ်လို့ နောက်တန်းကလည်းလုံခြုံမှုလုံးဝမရှိပါဘူး။စပီဇီယာကလည်းသူတို့ရဲ့နောက်ဆုံး ၃ပွဲဆက်တိုက်အရှုံးမရှိအောင်စွမ်းဆောင်ပြထားတာပါ။
ဒါပေမဲ့ စီးရီးအေတန်းဆင်းဇုန်ထဲကနေအလွတ်ရုန်းနိုင်ရေးကသူတို့ရဲ့အဓိကရည်မှန်းချက်ဖြစ်နေလို့ ဒီပွဲကိုအနာခံပြီးကစားပါ့မလားသံသယဖြစ်စရာကောင်းတယ်။နဂိုကတည်းကလည်း စပီဇီယာဟာအဝေးကွင်းညံ့ဖျင်းလွန်းပြီး ခံစစ်ကြောင်းကအမှားများလွန်းတတ်တဲ့အသင်းဖြစ်တယ်။
တည်ငြိမ်မှုအားနည်းတဲ့စပီဇီယာခံစစ်ကြောင်းကရိုးမားကွင်းမှာဂိုးမပေးရအောင်ကစားနိုင်ဖို့ဆိုတာအလားအလာနည်းပါးလွန်းပါတယ်။ဒါကြောင့်လည်း ရိုးမားကတစ်ဂိုးနိုင်ရင်တောင် ၉၀ နစ်နာမယ်လို့ အကျောပေးထားပြီးဂိုးပေါင်းစျေးကလည်း ၃-၁၀အထိဖွင့်လှစ်ထားတာပါ။
ရိုးမားနဲ့ ဂိုးအများကာရန်ကရွတ်ဆိုလို့ကောင်းမယ့်ကဗျာတစ်ပုဒ်ဖြစ်လာလိမ့်မယ်။မိနစ် ၉၀အတွင်း ရိုးမားဂိုးပြတ်နိုင်ပြီးနှစ်သင်းပေါင်းသွင်းဂိုးလည်း ပေါ်သွားဖို့သေချာတယ်။
zawgyi