
ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ Al Nassrနှင့်ချုပ်ဆိုထားတဲ့စာချုပ်အတွင်းတွင်ချန်ပီယံလိဂ်ကစားခွင့်ရရှိတဲ့အသင်းသို့ပြောင်းရွှေ့နိုင်မဲ့အချက်ကိုထည့်သွင်းထားပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာနိုဝင်ဘာလတုန်းကယူနိုက်တက်နှင့်စာချုပ်ဖျက်သိမ်းပြီးနောက်ချန်ပီယံလိဂ်ဝင်ခွင့်ရကလပ်သို့ပြောင်းရန်ကြိုးပမ်းခဲ့ပေမဲ့လည်းသူ့ရဲ့မြင့်မားလှတဲ့လုပ်ခကြောင့်ကလပ်သစ်ရှာမတွေ့ဘဲ ဆော်ဒီကလပ်Al Nassrသို့ပြောင်းရွှေ့ခဲ့ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာAl Nassrနှင့်တစ်နှစ်လုပ်ခပေါင်၁၇၃သန်းတန် ၂၀၂၅ခုနှစ်အထိစာချုပ်ချုပ်ဆိုထားပြီးအားကစားသမိုင်းတွင်အမြင့်မားဆုံးလုပ်ခလည်းဖြစ်ပါတယ်။
ဒါပေမဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာAl Nassrနှင့်ချုပ်ဆိုထားတဲ့စာချုပ်အတွင်းတွင်နယူးကာဆယ်သာချန်ပီယံလိဂ်ဝင်ခွင့်ရရှိပါကအငှားဖြင့်ပြောင်းရွှေ့ကစားနိုင်မဲ့အချက်ကိုထည့်သွင်းချုပ်ဆိုထားကြောင်းသိရပါတယ်။
ဒါကြောင့်လည်းခရစ္စတီယာနိုရော်နယ်ဒိုဟာသူ့ရဲ့ချန်ပီယံလိဂ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူထားသူစံချိန်ကိုဆက်လက်ရေးထိုးနိုင်ရေးမျှော်လင့်ချက်ရှိနေပြီဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာချန်ပီယံလိဂ်တွင်ဂိုး၁၄၀သွင်းယူကာဂိုးအများဆုံးသွင်းယူထားသူအဖြစ်ရပ်တည်နေပြီးမက်ဆီနှင့် ၁၁ဂိုးတည်းသာကွာဟပါတယ်။
နယူးကာဆယ်အသင်းကို Saudi Arabian Public Investment Fund ကပိုင်ဆိုင်တာဖြစ်ပြီးAl Nassrနှင့်ဆက်နွယ်မှုရှိတဲ့အသင်းဖြစ်ပါတယ်။
နယူးကာဆယ်ဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၃နေရာတွင်ရပ်တည်နေပြီးချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန်အခြေအနေကောင်းနေပါတယ်။
ZawGyi
ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ Al Nassr စာခ်ဳပ္တြင္ နယူးကာဆယ္သို႔ ေျပာင္းႏိုင္တဲ့အခ်က္ ထည့္သြင္းထား
ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ Al Nassrႏွင့္ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္အတြင္းတြင္ခ်န္ပီယံလိဂ္ကစားခြင့္ရရွိတဲ့အသင္းသို႔ေျပာင္းေ႐ႊ႕ႏိုင္မဲ့အခ်က္ကိုထည့္သြင္းထားပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာႏိုဝင္ဘာလတုန္းကယူႏိုက္တက္ႏွင့္စာခ်ဳပ္ဖ်က္သိမ္းၿပီးေနာက္ ခ်န္ပီယံလိဂ္ဝင္ခြင့္ရကလပ္သို႔ေျပာင္းရန္ႀကိဳးပမ္းခဲ့ေပမဲ့လည္းသူ႔ရဲ႕ျမင့္မားလွတဲ့လုပ္ခေၾကာင့္ကလပ္သစ္ရွာမေတြ႕ဘဲ ေဆာ္ဒီကလပ္Al Nassrသို႔ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာAl Nassrႏွင့္တစ္ႏွစ္လုပ္ခေပါင္၁၇၃သန္းတန္ ၂၀၂၅ခုႏွစ္အထိစာခ်ဳပ္ခ်ဳပ္ဆိုထားၿပီးအားကစားသမိုင္းတြင္အျမင့္မားဆုံးလုပ္ခလည္းျဖစ္ပါတယ္။
ဒါေပမဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာAl Nassrႏွင့္ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္အတြင္းတြင္နယူးကာဆယ္သာခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိပါကအငွားျဖင့္ေျပာင္းေ႐ႊ႕ကစားႏိုင္မဲ့အခ်က္ကိုထည့္သြင္းခ်ဳပ္ဆိုထားေၾကာင္းသိရပါတယ္။
ဒါေၾကာင့္လည္းခရစၥတီယာႏိုေရာ္နယ္ဒိုဟာသူ႔ရဲ႕ခ်န္ပီယံလိဂ္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူထားသူစံခ်ိန္ကိုဆက္လက္ေရးထိုးႏိုင္ေရးေမွ်ာ္လင့္ခ်က္ရွိေနၿပီျဖစ္ပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာခ်န္ပီယံလိဂ္တြင္ဂိုး၁၄၀သြင္းယူကာဂိုးအမ်ားဆုံးသြင္းယူထားသူအျဖစ္ရပ္တည္ေနၿပီးမက္ဆီႏွင့္ ၁၁ဂိုးတည္းသာကြာဟပါတယ္။
နယူးကာဆယ္အသင္းကို Saudi Arabian Public Investment Fund ကပိုင္ဆိုင္တာျဖစ္ၿပီးAl Nassrႏွင့္ဆက္ႏြယ္မႈရွိတဲ့အသင္းျဖစ္ပါတယ္။
နယူးကာဆယ္ဟာပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၃ေနရာတြင္ရပ္တည္ေနၿပီးခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိရန္အေျခအေနေကာင္းေနပါတယ္။