ရော်နယ်ဒိုကို စပို့တင်းသို့ ပြန်အောင်ဖျောင်းဖျပြောဆိုသွားမယ့်မိခင်
ဂျူဗင်တပ်စတားခရစ္စတီယာနိုရော်နယ်ဒိုရဲ့မိခင်ဖြစ်သူကပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင်နှင့်ဆွေးနွေးကာအသင်းဟောင်းစပို့တင်းလစ္စဘွန်းသို့ပြန်လည်ပြောင်းရွှေ့အောင်ဖျောင်းဖျပြောဆိုသွားမည်ဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။
စပို့တင်းလစ္စဘွန်းဟာ၁၉နှစ်အတွင်းတွင်ပထမဆုံးအကြိမ်အဖြစ်ပရီမီယာလီဂါဖလားဆွတ်ခူးကာချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားပါတယ်။
ဒါကြောင့်လည်းခရစ္စတီယာနိုရော်နယ်ဒိုရဲ့မိခင်ဒိုလိုရက်စ်ဟာအေဗီရိုဟာစူပါစတားကစားသမားအားအသင်းဟောင်းသို့ပြန်ပြောင်းရေးအတွက်အစွမ်းကုန်ကြိုးပမ်းရန်စီစဉ်နေပါတယ်။
ရော်နယ်ဒိုဟာပရော်ဖက်ရှင်နယ်ကစားသမားဘဝကိုစပို့တင်းလစ္စဘွန်းတွင်စတင်ခဲ့သူဖြစ်ပြီး၂၀၀၃ခုနှစ်၊ဩဂုတ်လတွင်မန်ချက်စတာယူနိုက်တက်သို့ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။
သူဟာ၂၀၀၉ခုနှစ်တွင်မန်ယူမှရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ကစားခဲ့ပြီးယင်းတွင်၉နှစ်ကြာကစားခဲ့ကာဂျူဗင်တပ်သို့ပြောင်းခဲ့ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာယခုရာသီတွင်ဂျူဗင်တပ်မှာချန်ပီယံလိဂ်ဝင်ခွင့်မရေမရာဖြစ်နေမှုနဲ့အတူအနာဂတ်မတည်မငြိမ်ဖြစ်ပါတယ်။
အသက်၃၆နှစ်ရှိရော်နယ်ဒိုဟာအသင်းဟောင်းမန်ယူ၊ရီးရဲလ်မက်ဒရစ်(သို့မဟုတ်)ပီအက်စ်ဂျီသို့ပြောင်းမယ်လို့သတင်းထွက်နေပါတယ်။
အခြားတစ်ဖက်မှာအသင်းဟောင်းစပို့တင်းလစ္စဘွန်းကလည်း၂၀၂၁-၂၂ခုနှစ်တွင်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားမှုနဲ့အတူရာသီသစ်အတွက်ပြင်ဆင်နေပါတယ်။ယခုအခါမိခင်ဖြစ်သူအေဗီရိုကသားဖွစျသူကိုစပို့တငျးလစ်စဘွန်းသို့ပြန်လည်ခေါ်ဆောင်နိုင်ရေးအစွမ်းကုန်ကြိုးပမ်းမယ်လို့ကတိပြုလာပါတယ်။
သူမက “သူနဲ့စကားပြောသွားမယ်။လာမယ့်နှစ်မှာသူပြန်လာအောင်နားချသွားမယ်။စပို့တင်းအရောင်ကိုဝတ်ဆင်ပြီး အယ်ဗာဒီကွင်းသို့ရောက်လာအောင်လုပ်ဆောင်သွားမယ်”လို့ပြောကြားသွားပါတယ်။
ရော်နယ်ဒိုဟာဗုဒ္ဓဟူးနေ့ညတုန်းကဆက်စ်ဆူလိုအား၃-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်တွင်ဂျူဗင်တပ်အတွက်ဂိုး၁၀၀ပြည့်ခဲ့ပါတယ်။သူဟာဂျူဗင်တပ်သမိုင်းတွင်ဂိုး၁၀၀အမြန်ဆုံးပြည့်တဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။
သူဟာစပို့တင်းလစ္စဘွန်းအတွက်၃၁ပွဲကစားခဲ့ပြီးယင်းမှထွက်ခွာလာပြီးနောက်ဂိုး၇၇၆ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့အပြင် Ballon d’Or ဆုကိုငါးကြိမ်ဆွတ်ခူးထားနိုင်ပါတယ်။
zawgyi
ရော်နယ်ဒိုကို စပို့တင်းသို့ ပြန်အောင် မိခင်ဖြစ်သူ ဖျောင်းဖျပြောဆိုသွားမည်