ခရစ္စတီယာနိုရော်နယ်ဒိုကြောင့် Al Nassr ပွဲများ ပိုခက်လာကြောင်း ကစားဖော်ဝန်ခံလာ

ခရစ္စတီယာနိုရော်နယ်ဒို ရောက်လာမှုကAl Nassr အတွက်ပွဲများကိုကစားရပိုမိုခက်ခဲလာစေကြောင်း ကစားဖော်တစ်ဦးကဝန်ခံပြောကြားလာပါတယ်။

အသက်၃၈နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာသောကြာနေ့တုန်းက Al Fateh နှင့်နှစ်ဂိုးစီသရေကျတဲ့ပွဲတွင်နာကျင်အချိန်ပိုမှာပင်နယ်တီမှတဆင့်ဂိုးသွင်းယူပြီးAl Nassr အတွက်ပထမဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ Al Nassr ကစားသမားဖြစ်လာပြီးနောက်၃ပွဲကစားထားရာတွင်၁ပွဲနိုင်၊၁ပွဲသရေ၊၁ပွဲရှုံးရလဒ်ရရှိထားပါတယ်။

ကစားဖော်လူးဝစ်ဇ်ဂတ်စ်တာဗိုကခရစ္စတီယာနိုရော်နယ်ဒိုရောက်လာမှုကြောင့် Al Nassr ကိုပြိုင်ဘက်တိုင်းအနိုင်ယူလိုနေကြကြောင်းဆိုသွားပါတယ်။

၎င်းက “ခရစ္စတီယာနိုရော်နယ်ဒိုရောက်လာမှုကပြိုင်ဘက်တွေအနေနဲ့လိဂ်ကိုဦးဆောင်သူကိုပိုပြီးတော့အနိုင်ရလိုစိတ်ဖြစ်လာစေပါတယ်။သူပါလာတတော့ကျွန်တော်တို့ကစားရပိုခက်လာတယ်။ပြိုင်ဘက်အသင်းတွေကသူ့ကို အကောင်းဆုံးယှဉ်ပြိုင်ဖို့ကြိုးစားကြတယ်။

ခရစ္စတီယာနိုကလူတိုင်းကိုစိတ်ဓာတ်တက်ကြွအောင်လုပ်နိုင်ပါတယ်။သူ့ဆီကနေ့တိုင်းသင်ယူနိုင်တော့ကျွန်တော့်အုပ်စုအတွက်ကြီးမားတဲ့အားသာချက်ဖြစ်စေတယ်။သူ့မှာကြီးကျယ်တဲ့နည်းစနစ်ပိုင်းနဲ့ကြံ့ခိုင်မှုအရည်အသွေးတွေရှိပါတယ်။ခရစ္စတီယာနိုရော်နယ်ဒိုကစိန်ခေါ်မှုတွေဖန်တီးတယ်။

အမြဲတမ်းလည်းအောင်မြင်ပါတယ်။အခုဆိုသူပထမဆုံးဂိုးသွင်းလိုက်နိုင်ပါပြီ။ဖိအားတွေလျှော့သွားပြီ”လို့ပြောကြားသွားပါတယ်။

ဂတ်စ်တာဗိုဟာဘိုင်ယန်မြူးနစ်၊မာဆေးနှင့်ဖီနာဘာချီတို့တွင်ကစားခဲ့သူဖြစ်ပြီးဘိုင်ယန်မြူးနစ်နှင့်အတူချန်ပီယံလိဂ်ဖလား၊ဘွန်ဒက်စ်လီဂါဖလားတို့ဆွတ်ခူးခဲ့ဖူးပါတယ်။

ZawGyi

ခရစၥတီယာႏိုေရာ္နယ္ဒိုေၾကာင့္ Al Nassr ပြဲမ်ား ပိုခက္လာေၾကာင္း ကစားေဖာ္ဝန္ခံလာ

ခရစၥတီယာႏိုေရာ္နယ္ဒို ေရာက္လာမႈကAl Nassr အတြက္ပြဲမ်ားကိုကစားရပိုမိုခက္ခဲလာေစေၾကာင္း ကစားေဖာ္တစ္ဦးကဝန္ခံေျပာၾကားလာပါတယ္။

အသက္၃၈ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာေသာၾကာေန႔တုန္းက Al Fateh ႏွင့္ႏွစ္ဂိုးစီသေရက်တဲ့ပြဲတြင္နာက်င္အခ်ိန္ပိုမွာပင္နယ္တီမွတဆင့္ဂိုးသြင္းယူၿပီးAl Nassr အတြက္ပထမဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ Al Nassr ကစားသမားျဖစ္လာၿပီးေနာက္၃ပြဲကစားထားရာတြင္၁ပြဲႏိုင္၊၁ပြဲသေရ၊၁ပြဲရႈံးရလဒ္ရရွိထားပါတယ္။

ကစားေဖာ္လူးဝစ္ဇ္ဂတ္စ္တာဗိုကခရစၥတီယာႏိုေရာ္နယ္ဒိုေရာက္လာမႈေၾကာင့္ Al Nassr ကိုၿပိဳင္ဘက္တိုင္းအႏိုင္ယူလိုေနၾကေၾကာင္းဆိုသြားပါတယ္။

၎က “ခရစၥတီယာႏိုေရာ္နယ္ဒိုေရာက္လာမႈကၿပိဳင္ဘက္ေတြအေနနဲ႔လိဂ္ကိုဦးေဆာင္သူကိုပိုၿပီးေတာ့အႏိုင္ရလိုစိတ္ျဖစ္လာေစပါတယ္။သူပါလာတေတာ့ကြၽန္ေတာ္တို႔ကစားရပိုခက္လာတယ္။ၿပိဳင္ဘက္အသင္းေတြကသူ႔ကို အေကာင္းဆုံးယွဥ္ၿပိဳင္ဖို႔ႀကိဳးစားၾကတယ္။ခရစၥတီယာႏိုကလူတိုင္းကိုစိတ္ဓာတ္တက္ႂကြေအာင္လုပ္ႏိုင္ပါတယ္။သူ႔ဆီကေန႔တိုင္းသင္ယူႏိုင္ေတာ့ကြၽန္ေတာ့္အုပ္စုအတြက္ႀကီးမားတဲ့အားသာခ်က္ျဖစ္ေစတယ္။သူ႔မွာႀကီးက်ယ္တဲ့နည္းစနစ္ပိုင္းနဲ႔ႀကံ့ခိုင္မႈအရည္အေသြးေတြရွိပါတယ္။ခရစၥတီယာႏိုေရာ္နယ္ဒိုကစိန္ေခၚမႈေတြဖန္တီးတယ္။အၿမဲတမ္းလည္းေအာင္ျမင္ပါတယ္။အခုဆိုသူပထမဆုံးဂိုးသြင္းလိုက္ႏိုင္ပါၿပီ။ဖိအားေတြေလွ်ာ့သြားၿပီ”လို႔ေျပာၾကားသြားပါတယ္။

ဂတ္စ္တာဗိုဟာဘိုင္ယန္ျမဴးနစ္၊မာေဆးႏွင့္ဖီနာဘာခ်ီတို႔တြင္ကစားခဲ့သူျဖစ္ၿပီးဘိုင္ယန္ျမဴးနစ္ႏွင့္အတူခ်န္ပီယံလိဂ္ဖလား၊ဘြန္ဒက္စ္လီဂါဖလားတို႔ဆြတ္ခူးခဲ့ဖူးပါတယ္။