
ခရစ္စတီယာနိုရော်နယ်ဒိုဟာကွင်းအတွင်းဝင်ရောက်လာတဲ့ပရိသတ်တစ်ဦးကြောင့်ဒဏ်ရာရရှိလုနီးပါးအခြေအနေနှင့်ကြုံတွေ့ခဲ့ရပါတယ်။
အသက်၃၈နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာနိုဝင်ဘာလတုန်းကကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီယူနိုက်တက်နှင့်စာချုပ်ဖျက်သိမ်းပြီးနောက်ဒီဇင်ဘာလနှောင်းပိုင်းတွင်ဆော်ဒီကလပ် Al Nassr သို့ပြောင်းခဲ့ပါတယ်။
သူဟာဆော်ဒီကလပ်အတွက်၄ပွဲကစားထားရာမှာ၅ဂိုးသွင်းယူပြီး၂ကြိမ်ဖန်တီးမှုပြုလုပ်ထားနိုင်ပါတယ်။
ဒါပေမဲ့သူဟာသောကြာနေ့တုန်းက Al-Waawoun နှင့်ပွဲစဉ်မတိုင်မီပရိသတ်တစ်ဦးကြောင့်ဒဏ်ရာရရှိလုပါးကြုံခဲ့ပါတယ်။
ပွဲမတိုင်မီ ခရစ္စတီယာနိုရော်နယ်ဒို သွေးပူလေ့ကျင့်ခန်းပြုလုပ်နေစဉ် ပရိသတ်တစ်ဦးကွင်းအတွင်းကျူးကျော်ဝင်ရောက်လာခဲ့ပြီးချန်ပီယံလိဂ်နှင့် Ballon d’Or ငါးကြိမ်ရစူပါစတားနှင့်တွေ့ဆုံရန်ကြိုးပမ်းခဲ့ပါတယ်။
ဒါပေမဲ့ယင်းပရိသတ်ဟာရော်နယ်ဒိုအနားသို့ရောက်လုနီးပါးတွင်ချော်လဲကျသွားခဲ့ပါတယ်။သူချော်လဲမှုကဘောလုံးလျောထုတ်ဖျက်ထုတ်သကဲ့သို့ဖြစ်သွားခဲ့ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာလည်းအချိန်မီချောင်တိမ်းနိုင်ခဲ့ပါတယ်။သူဟာယင်းနောက် Al-Waawoun နှင့်ပွဲကိုကစားခဲ့ရာ၂-၁ဖြင့်အနိုင်ရရှိအောင်နှစ်ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။
ZawGyi
ကွင်းအတွင်းဝင်ရောက်လာတဲ့ ပရိသတ်ကြောင့် ဒဏ်ရာရရှိလုနီးပါးကြုံခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒို
သူဟာဆော်ဒီကလပ်အတွက်၎ပွဲကစားထားရာမှာ၅ဂိုးသွင်းယူပြီး၂ကြိမ်ဖန်တီးမှုပြုလုပ်ထားနိုင်ပါတယ်။