ကစားဖော်များရဲ့ မနာလိုဝန်တိုခြင်းခံနေရလို့ အထီးကျန်နေတဲ့ရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာကစားဖော်များရဲ့မနာလိုမရှု့စိမ့်မှုခံနေရပြီးအဝတ်အစားလဲခန်းထဲမှာအထီးကျန်လျက်ရှိကြောင်းသိရပါတယ်။

La Gazzetta dello Sport ရဲ့ဖော်ပြချက်အရဂျူဗင်တပ်ကစားသမားများဟာအသင်းကခရစ္စတီယာနိုရော်နယ်ဒိုဟာလွတ်လပ်စွာနေထိုင်ခွင့်ပြုထားမှု၊အခွင့်ထူးများပေးနေမှုအပေါ်ဒေါသထွက်နေကြပါတယ်။

အထူးသဖြင့်ဂျူဗင်တပ်ကစားသမားများဟာယခုလအစောပိုင်းတုန်းကအေစီမီလန်ကို၃-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်လေ့ကျင့်ခန်းတစ်ရက်ပိုမိုဆင်းရသော်လည်းခရစ္စတီယာနိုရော်နယ်ဒိုမှာမူနားခွင့်ရပြီးပေါင်၁.၄သန်းတန် Ferrari သွားဝယ်နေခဲ့ပါတယ်။

Bllon d’Or ဆုကိုငါးကြိမ်ဆွတ်ခူးထားနိုင်တဲ့ခရစ္စတီယာနိုရော်နယ်ဒိုနှင့်အတူဂျူဗင်တပ်အသင်းဥက္ကဌအက်ဂနယ်လီလည်းလိုက်ပါသွားခဲ့ပါသေးတယ်။

ယင်းသို့အခြေအနေများကြောင့်ဂျူဗင်တပ်ကစားသမားများဟာခရစ္စတီယာနိုရော်နယ်ဒိုအပေါ်မနာလိုဒေါသထွက်နေကြပြီးဝိုင်းကျင်ထားကြပါတယ်။

အသက်၃၆နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာဂျူဗင်တပ်နှင့်တစ်နှစ်စာချုပ်သက်တမ်းကျန်ရှိနေသေးသော်လည်းနွေရာသီတွင်တူရင်မှထွက်ခွာမယ်လို့သတင်းထွက်နေပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုကိုအသင်းဟောင်းစပို့တင်းလစ္စဘွန်းသို့ခေါ်ဆောင်နိုင်ရေးအတွက်နားချသွားမယ်လို့မိခင်ဖြစ်သူကပြောကြားခဲ့ဖူးပေမယ့်အေးဂျင့်ဂျော့မန်ဒက်စ်ကစပို့တင်းသို့ပြောင်းမှာမဟုတ်ကြောင်းဆိုထားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာအသင်ဟောင်းမန်ယူ၊ပီအက်စ်ဂျီ(သို့မဟုတ်)အမေရိကန်မေဂျာလိဂ်သို့သွားရောက်ကစားနိုင်ပါတယ်။

zawgyi

ကစားေဖာ္မ်ားရဲ႕ မနာလိုဝန္တိုျခင္းခံေနရလို႔ အထီးက်န္ေနတဲ့ေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာကစားေဖာ္မ်ားရဲ႕မနာလိုမရႈ႕စိမ့္မႈခံေနရၿပီးအဝတ္အစားလဲခန္းထဲမွာအထီးက်န္လ်က္ရွိေၾကာင္းသိရပါတယ္။

La Gazzetta dello Sport ရဲ႕ေဖာ္ျပခ်က္အရဂ်ဴဗင္တပ္ကစားသမားမ်ားဟာအသင္းကခရစၥတီယာႏိုေရာ္နယ္ဒိုဟာလြတ္လပ္စြာေနထိုင္ခြင့္ျပဳထားမႈ၊အခြင့္ထူးမ်ားေပးေနမႈအေပၚေဒါသထြက္ေနၾကပါတယ္။

အထူးသျဖင့္ဂ်ဴဗင္တပ္ကစားသမားမ်ားဟာယခုလအေစာပိုင္းတုန္းကေအစီမီလန္ကို၃-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ေလ့က်င့္ခန္းတစ္ရက္ပိုမိုဆင္းရေသာ္လည္းခရစၥတီယာႏိုေရာ္နယ္ဒိုမွာမူနားခြင့္ရၿပီးေပါင္၁.၄သန္းတန္ Ferrari သြားဝယ္ေနခဲ့ပါတယ္။

Bllon d’Or ဆုကိုငါးႀကိမ္ဆြတ္ခူးထားႏိုင္တဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္အတူဂ်ဴဗင္တပ္အသင္းဥကၠဌအက္ဂနယ္လီလည္းလိုက္ပါသြားခဲ့ပါေသးတယ္။

ယင္းသို႔အေျခအေနမ်ားေၾကာင့္ဂ်ဴဗင္တပ္ကစားသမားမ်ားဟာခရစၥတီယာႏိုေရာ္နယ္ဒိုအေပၚမနာလိုေဒါသထြက္ေနၾကၿပီးဝိုင္းက်င္ထားၾကပါတယ္။

အသက္၃၆ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာဂ်ဴဗင္တပ္ႏွင့္တစ္ႏွစ္စာခ်ဳပ္သက္တမ္းက်န္ရွိေနေသးေသာ္လည္းေႏြရာသီတြင္တူရင္မွထြက္ခြာမယ္လို႔သတင္းထြက္ေနပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုကိုအသင္းေဟာင္းစပို႔တင္းလစၥဘြန္းသို႔ေခၚေဆာင္ႏိုင္ေရးအတြက္နားခ်သြားမယ္လို႔မိခင္ျဖစ္သူကေျပာၾကားခဲ့ဖူးေပမယ့္ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္ကစပို႔တင္းသို႔ေျပာင္းမွာမဟုတ္ေၾကာင္းဆိုထားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအသင္ေဟာင္းမန္ယူ၊ပီအက္စ္ဂ်ီ(သို႔မဟုတ္)အေမရိကန္ေမဂ်ာလိဂ္သို႔သြားေရာက္ကစားႏိုင္ပါတယ္။