ပီယာလိုနှင့်ရော်နယ်ဒိုတို့ ဆက်ရှိမည်ဟု နက်ဗတ်အတည်ပြု

ပေဗယ်နက်ဗက်ကနည်းပြအင်ဒရေပီယာလိုနှင့်စူပါစတားကစားသမားခရစ္စတီယာနိုရော်နယ်ဒိုတို့မှာဂျူဗင်တပ်တွင်ပင်ဆက်ရှိနေမှာဖြစ်ကြောင်းနှင့်၎င်းတို့အသင်းမှာနောက်ဆုံးအထိတိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

ဂျူဗင်တပ်ဟာတနင်္ဂနွေနေ့တုန်းကအိမ်ကွင်းတွင်အေစီမီလန်ကို၃-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီးစီးရီးအေအမှတ်ပေးဇယားအဆင့်၅နေရာသို့အထိဆင်းပေးခဲ့ရကာချန်ပီယံလိဂ်ဝင်ခွင့်နှင့်လွဲချော်ရဖို့ရှိနေပါတယ်။အခြားတစ်ဖက်တွင်ခရစ္စတီယာနိုရော်နယ်ဒိုမှာလည်းဂျူဗင်တပ်နှင့်တစ်နှစ်စာချုပ်သက်တမ်းသာကျန်တော့ပြီဖြစ်ပြီးနွေရာသီတွင်အသင်းဟောင်းမန်ယူသို့ပြောင်းမယ်လို့သတင်းထွက်နေပါတယ်။

ဒါပေမယ့်ဂျူဗင်တပ်ဒုဥက္ကဌနက်ဗက်က “ခက်ခဲတဲ့အရာတစ်ချို့ရှိနေပါတယ်။ဒါပေမယ့်ကျွန်တော်တို့အဆုံးအထိတိုက်ပွဲဝင်သွားပါမယ်။ပီယာလိုနဲ့ရော်နယ်ဒိုတို့ဟာဂျူဗင်တပ်မှာဘဲဆက်ရှိနေပါမယ်”လို့ပြောကြားသွားပါတယ်။

ဂျူဗင်တပ်ဟာကြာသပတေးနေ့မှာဆက်စ်ဆူလိုအသင်းကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီးစနေနေ့မှာစကူဒက်တိုချန်ပီယံအင်တာမီလန်ကိုဧည့်ခံကစားရပါမယ်။

zawgyi

ပီယာလိုႏွင့္ေရာ္နယ္ဒိုတို႔ ဆက္ရွိမည္ဟု နက္ဗတ္အတည္ျပဳ

ေပဗယ္နက္ဗက္ကနည္းျပအင္ဒေရပီယာလိုႏွင့္စူပါစတားကစားသမားခရစၥတီယာႏိုေရာ္နယ္ဒိုတို႔မွာဂ်ဴဗင္တပ္တြင္ပင္ဆက္ရွိေနမွာျဖစ္ေၾကာင္းႏွင့္၎တို႔အသင္းမွာေနာက္ဆုံးအထိတိုက္ပြဲဝင္သြားမွာျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ဂ်ဴဗင္တပ္ဟာတနဂၤေႏြေန႔တုန္းကအိမ္ကြင္းတြင္ေအစီမီလန္ကို၃-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ၿပီးစီးရီးေအအမွတ္ေပးဇယားအဆင့္၅ေနရာသို႔အထိဆင္းေပးခဲ့ရကာခ်န္ပီယံလိဂ္ဝင္ခြင့္ႏွင့္လြဲေခ်ာ္ရဖို႔ရွိေနပါတယ္။အျခားတစ္ဖက္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုမွာလည္းဂ်ဴဗင္တပ္ႏွင့္တစ္ႏွစ္စာခ်ဳပ္သက္တမ္းသာက်န္ေတာ့ၿပီျဖစ္ၿပီးေႏြရာသီတြင္အသင္းေဟာင္းမန္ယူသို႔ေျပာင္းမယ္လို႔သတင္းထြက္ေနပါတယ္။

ဒါေပမယ့္ဂ်ဴဗင္တပ္ဒုဥကၠဌနက္ဗက္က “ခက္ခဲတဲ့အရာတစ္ခ်ိဳ႕ရွိေနပါတယ္။ဒါေပမယ့္ကြၽန္ေတာ္တို႔အဆုံးအထိတိုက္ပြဲဝင္သြားပါမယ္။ပီယာလိုနဲ႔ေရာ္နယ္ဒိုတို႔ဟာဂ်ဴဗင္တပ္မွာဘဲဆက္ရွိေနပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ဂ်ဴဗင္တပ္ဟာၾကာသပေတးေန႔မွာဆက္စ္ဆူလိုအသင္းကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရမွာျဖစ္ၿပီးစေနေန႔မွာစကူဒက္တိုခ်န္ပီယံအင္တာမီလန္ကိုဧည့္ခံကစားရပါမယ္။