ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ကျောနံပါတ် ၇ ကို ယူနိုက်တက်စတားသုံးဦး အပြိုင်လုနေကြ

ယူနိုက်တက်စတားသုံးဦးတို့ဟာလာမယ့်ရာသီတွင်လစ်လပ်နေတဲ့ဂန္ထဝင်ကျောနံပါတ်၇ကိုဝတ်ဆင်ခွင့်ရရှိရေးအပြိုင်တိုက်ပွဲဝင်နေကြပါတယ်။

ယူနိုက်တက်ရဲ့ကျောနံပါတ်၇မှာခရစ္စတီယာနိုရော်နယ်ဒို ထွက်ခွာသွားပြီးနောက်လစ်လပ်လျက်ရှိနေပါတယ်။

ယူနိုက်တက်စတားသစ်များဖြစ်ကြတဲ့ဝေါက်ဝက်ဟော့စ်နှင့်မာဆယ်ဆာဘစ်ဇာတို့ဟာကျောနံပါတ်၇ကိုရယူနိုင်ခဲ့ကြပေမဲ့လည်းကျောနံပါတ်၂၇နှင့်ကျောနံပါတ်၁၅တို့ကိုသာရွေးချယ်ခဲ့ကြပါတယ်။

ကျောနံပါတ်၇မှာယူနိုက်တက်ရဲ့ဂန္ထဝင်ကျောနံပါတ်တစ်ခုဖြစ်ပါတယ်။ယင်းကျောနံပါတ်ကိုခရစ္စတီယာနိုရော်နယ်ဒို နှစ်ကြိမ်တိုင်တိုင်ဝတ်ဆင်ခဲ့သလိုဒေးဗစ်ဘက်ဟမ်း၊အဲရစ်ကန်တိုနာ၊ဂျော့ဘက်စ်၊ဘရိုင်ယန်ရော့ဘ်ဆင်နှင်နိုဘီစတိုင်တို့ဝတ်ဆင်ခဲ့ကြပါတယ်။

ယူနိုက်တက်ပရိသတ်များကတော့ကျောနံပါတ်၇ပိုင်ရှင်သစ်ကိုမမ်ဖစ်ဒီပေး၊အိန်ဂျယ်ဒီမာရီယာကဲ့သို့ကျရှုံးသူမဖြစ်လာစေဖို့မျှော်လင့်နေပါတယ်။

ယူနိုက်တက်ရဲ့ကျောနံပါတ်၇ကိုဝတ်ဆင်ခွင့်ရရှိရေးရှေ့ဆုံးကတိုက်ပွဲဝင်နေသူကတော့ဂျာဒွန်ဆန်ချိုဖြစ်ပါတယ်။

ဆန်ချိုဟာဒေါ့မွန်မှာကစားတုန်းကကျောနံပါတ်၇ဝတ်ဆင်ခဲ့သူဖြစ်ပြီးယူနိုက်တက်သို့ပြောင်းလာတုန်းကကျောနံပါတ်၇ဝတ်ဆင်ခွင့်ရမယ်လို့ကတိပြုခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။

သူဟာယူနိုက်တက်တွင်ရုန်းကန်နေခဲ့ရတဲ့အပြင်စိတ်ပိုင်းဆိုင်ရာပြဿနာပါကြုံနေခဲ့ရပါတယ်။ဒါပေမဲ့သူဟာမနေ့ညတုန်းကလိဒ်နှင့်နှစ်ဂိုးစီသရေကျတဲ့ပွဲမှာအရန်အဖြစ်ဝင်ရောက်လာပြီးနောက်အဖိုးတန်ချေပဂိုးသွင်းနိုင်ခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ကျောနံပါတ်၇ကိုတိုက်ပွဲဝင်နေတဲ့အခြားတစ်ဦးမှာအလီဂျန်ဒရိုဂါနာချိုဖြစ်ပါတယ်။သူဟာကျောနံပါတ်၄၉ကိုဝတ်ဆင်နေသူဖြစ်ပြီးယခုတိုင်လူငယ်အသင်းစာရင်းဝင်သူတစ်ဦးဖြစ်ပါတယ်။

ဒါပေမဲ့အာဂျင်တီးနားပါရမီရှင်ဟာမကြာမီကာလအတွင်းတွင်ယူနိုက်တက်နှင့်လုပ်ခလေးဆတိုးပြီးစာချုပ်သစ်ချုပ်ဆိုလာဖို့ရှိနေတာကြောင့်လာမယ့်ရာ သီတွင်ကျောနံပါတ်အခိုင်အမာရရှိလာတော့မှာဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ကျောနံပါတ်၇ကိုလုနေတဲ့နောက်ဆုံးတစ်ဦးကတော့အန်တိုနီဖြစ်ပါတယ်။အန်တိုနီဟာဆာအိုပေါ်လိုမှာကစားတုန်းကကျောနံပါတ်၇ကိုဝတ်ဆင်ခဲ့သူဖြစ်ပြီးလက်ရှိအချိန်တွင်ကျောနံပါတ်၂၁ကိုဝတ်ဆင်နေပါတယ်။

ဒါ့အပြင်ယူနိုက်တက်ဟာနွေရာသီတွင်ဟယ်ရီကိန်း၊ဗစ်တာအိုဆမ်ဟန်၊ဂျူ့ဘယ်လင်ဂမ်တို့ကိုခေါ်ယူရန်ပစ်မှတ်ထားနေပြီး၎င်းတို့ထဲမှတစ်ဦးဦးသာယူနိုက်တက်သို့ရောက်လာပါကကျောနံပါတ်၇ကိုရယူလာနိုင်ပါသေးတယ်။ဒါပေမဲ့ယင်းကစားသမားတို့ဟာကျောနံပါတ်၇ကိုဝတ်ဆင်လေ့ရှိကြသူတွေမဟုတ်ပါဘူး။

ZawGyi

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေက်ာနံပါတ္ ၇ ကို ယူႏိုက္တက္စတားသုံးဦး အၿပိဳင္လုေနၾက

ယူႏိုက္တက္စတားသုံးဦးတို႔ဟာလာမယ့္ရာသီတြင္လစ္လပ္ေနတဲ့ဂႏၴဝင္ေက်ာနံပါတ္၇ကိုဝတ္ဆင္ခြင့္ရရွိေရးအၿပိဳင္တိုက္ပြဲဝင္ေနၾကပါတယ္။

ယူႏိုက္တက္ရဲ႕ေက်ာနံပါတ္၇မွာခရစၥတီယာႏိုေရာ္နယ္ဒို ထြက္ခြာသြားၿပီးေနာက္လစ္လပ္လ်က္ရွိေနပါတယ္။

ယူႏိုက္တက္စတားသစ္မ်ားျဖစ္ၾကတဲ့ေဝါက္ဝက္ေဟာ့စ္ႏွင့္မာဆယ္ဆာဘစ္ဇာတို႔ဟာေက်ာနံပါတ္၇ကိုရယူႏိုင္ခဲ့ၾကေပမဲ့လည္းေက်ာနံပါတ္၂၇ႏွင့္ေက်ာနံပါတ္၁၅တို႔ကိုသာေ႐ြးခ်ယ္ခဲ့ၾကပါတယ္။

ေက်ာနံပါတ္၇မွာယူႏိုက္တက္ရဲ႕ဂႏၴဝင္ေက်ာနံပါတ္တစ္ခုျဖစ္ပါတယ္။ယင္းေက်ာနံပါတ္ကိုခရစၥတီယာႏိုေရာ္နယ္ဒို ႏွစ္ႀကိမ္တိုင္တိုင္ဝတ္ဆင္ခဲ့သလိုေဒးဗစ္ဘက္ဟမ္း၊အဲရစ္ကန္တိုနာ၊ေဂ်ာ့ဘက္စ္၊ဘ႐ိုင္ယန္ေရာ့ဘ္ဆင္ႏွင္ႏိုဘီစတိုင္တို႔ဝတ္ဆင္ခဲ့ၾကပါတယ္။

ယူႏိုက္တက္ပရိသတ္မ်ားကေတာ့ေက်ာနံပါတ္၇ပိုင္ရွင္သစ္ကိုမမ္ဖစ္ဒီေပး၊အိန္ဂ်ယ္ဒီမာရီယာကဲ့သို႔က်ရႈံးသူမျဖစ္လာေစဖို႔ေမွ်ာ္လင့္ေနပါတယ္။

ယူႏိုက္တက္ရဲ႕ေက်ာနံပါတ္၇ကိုဝတ္ဆင္ခြင့္ရရွိေရးေရွ႕ဆုံးကတိုက္ပြဲဝင္ေနသူကေတာ့ဂ်ာဒြန္ဆန္ခ်ိဳျဖစ္ပါတယ္။

ဆန္ခ်ိဳဟာေဒါ့မြန္မွာကစားတုန္းကေက်ာနံပါတ္၇ဝတ္ဆင္ခဲ့သူျဖစ္ၿပီးယူႏိုက္တက္သို႔ေျပာင္းလာတုန္းကေက်ာနံပါတ္၇ဝတ္ဆင္ခြင့္ရမယ္လို႔ကတိျပဳျခင္းခံခဲ့ရသူလည္းျဖစ္ပါတယ္။

သူဟာယူႏိုက္တက္တြင္႐ုန္းကန္ေနခဲ့ရတဲ့အျပင္စိတ္ပိုင္းဆိုင္ရာျပႆနာပါႀကဳံေနခဲ့ရပါတယ္။ဒါေပမဲ့သူဟာမေန႔ညတုန္းကလိဒ္ႏွင့္ႏွစ္ဂိုးစီသေရက်တဲ့ပြဲမွာအရန္အျဖစ္ဝင္ေရာက္လာၿပီးေနာက္အဖိုးတန္ေခ်ပဂိုးသြင္းႏိုင္ခဲ့ပါတယ္။

ယူႏိုက္တက္ရဲ႕ေက်ာနံပါတ္၇ကိုတိုက္ပြဲဝင္ေနတဲ့အျခားတစ္ဦးမွာအလီဂ်န္ဒ႐ိုဂါနာခ်ိဳျဖစ္ပါတယ္။သူဟာေက်ာနံပါတ္၄၉ကိုဝတ္ဆင္ေနသူျဖစ္ၿပီးယခုတိုင္လူငယ္အသင္းစာရင္းဝင္သူတစ္ဦးျဖစ္ပါတယ္။

ဒါေပမဲ့အာဂ်င္တီးနားပါရမီရွင္ဟာမၾကာမီကာလအတြင္းတြင္ယူႏိုက္တက္ႏွင့္လုပ္ခေလးဆတိုးၿပီးစာခ်ဳပ္သစ္ခ်ဳပ္ဆိုလာဖို႔ရွိေနတာေၾကာင့္လာမယ့္ရာသီတြင္ေက်ာနံပါတ္အခိုင္အမာရရွိလာေတာ့မွာျဖစ္ပါတယ္။

ယူႏိုက္တက္ရဲ႕ေက်ာနံပါတ္၇ကိုလုေနတဲ့ေနာက္ဆုံးတစ္ဦးကေတာ့အန္တိုနီျဖစ္ပါတယ္။အန္တိုနီဟာဆာအိုေပၚလိုမွာကစားတုန္းကေက်ာနံပါတ္၇ကိုဝတ္ဆင္ခဲ့သူျဖစ္ၿပီးလက္ရွိအခ်ိန္တြင္ေက်ာနံပါတ္၂၁ကိုဝတ္ဆင္ေနပါတယ္။

ဒါ့အျပင္ယူႏိုက္တက္ဟာေႏြရာသီတြင္ဟယ္ရီကိန္း၊ဗစ္တာအိုဆမ္ဟန္၊ဂ်ဴ႕ဘယ္လင္ဂမ္တို႔ကိုေခၚယူရန္ပစ္မွတ္ထားေနၿပီး၎တို႔ထဲမွတစ္ဦးဦးသာယူႏိုက္တက္သို႔ေရာက္လာပါကေက်ာနံပါတ္၇ကိုရယူလာႏိုင္ပါေသးတယ္။ဒါေပမဲ့ယင္းကစားသမားတို႔ဟာေက်ာနံပါတ္၇ကိုဝတ္ဆင္ေလ့ရွိၾကသူေတြမဟုတ္ပါဘူး။