
လီယွန်နယ်မက်ဆီဟာခရစ္စတီယာနိုရော်နယ်ဒိုလောက်သာလုပ်အားအရမ်းကောင်းလျှင်မည်သူမှလိုက်မှီနိုင်မည်မဟုတ်တဲ့ Ballon d’Or ဆုဆွတ်ခူးနိုင်မယ်လို့ပြောကြားခြင်းခံခဲ့ရပါတယ်။
မက်ဆီနှင့်ရော်နယ်ဒိုတိ့ဟာပြီးခဲ့တဲ့ဘောလုံးလောကရဲ့၁၅နှစ်တာကာလကိုလွှမ်းမိုးလာခဲ့ကြသူများဖြစ်ပါတယ်။
မက်ဆီဟာ၂၀၂၁ခုနှစ်တုန်းက ခုနှစ်ကြိမ်မြောက် Ballon d’Or ဆုကိုဆွတ်ခူးခဲ့ပြီးအာဂျင်တီးနားကိုကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင်ဦးဆောင်နိုင်မှုနှင့်အတူရှစ်ကြိမ်မြောက် Ballon d’Or ဆွတ်ခူးရန်ရေပန်းစားနေပါတယ်။
ယခုအခါခရစ္စတီယာနိုရော်နယ်ဒိုရဲ့ယူနိက်တက်ကစားဖော်အီဗရာကမက်ဆီသာသူ့ကစားဖော်ဟောင်းလောက်အလုပ်ကြိုးစားမည်ဆိုပါကမည်သူမျှ လိုက်မမီနိုင်တဲ့ Ballon d’Or ဆုဆွတ်ခူးနိုင်လာမှာဖြစ်ကြောင်းဆိုလာပါတယ်။
ပြင်သစ်လက်ရွေးစင်ဟောင်းက “ဘာကြောင့်ခရစ္စတီယာနိုလို့ပဲအမြဲတမ်းပြောနေရသလဲဆိုတာရှင်းပြချင်တယ်။ကျွန်တော်တို့ကညီအစ်ကိုချစ်နေကြလို့ဆိုပြီးတော့မဟုတ်ဘူးဗျ။သူ့အလုပ်ကြိုးစားမှုကြောင့်။မက်ဆီကိုပါရမီရှင်ဆိုတာသိတယ်။ခရစ္စတီယာနိုကအလုပ်ကြိုးစားတယ်။သူ့(မက်ဆီ)မှာကပါ ရမီရှိတယ်။ဒါပေမဲ့သူ့မှာလုပ်အားမရှိဘူး။မက်ဆီမှာသာရော်နယ်ဒိုလိုလုပ်အားရှိရင်အခုဆိုရင် Ballon d’Or ၁၅ကြိမ်လောက်ရနေပြီးလောက်ပြီ”လို့ပြောကြားသွားပါတယ်။
ZawGyi
ခရစ္စတီယာနိုရော်နယ်ဒိုလောက် အလုပ်ကြိုးစားရင် Ballon d’Or ၁၅ကြိမ်အထိရရှိမယ်လို့ ပြောကြားခံခဲ့ရဖူးတဲ့လီယွန်နယ်မက်ဆီ