
အဲရစ်တန်ဟက်ဟာခါရာဘောင်ဖလားဗိုလ်လုပွဲအတွက်လက်မှတ်လက်ဆောင်ပေးရန်တောင်းဆိုလာတဲ့ယူနိုက်တက်ဂန္ထဝင်ရွိုင်ကိန်းကိုအလှပဆုံးတုံ့ ပြန်မှုပြုလုပ်လာခဲ့ပါတယ်။
ယူနိုက်တက်ဟာမနေ့ညတုန်းကနော်တင်ဟမ်ဖောရက်စ်ကို၂-၀ဂိုးဖြင့်အနိုင်ရရှိပြီးနှစ်ကျော့ပေါင်းရလဒ်၅-၀ဖြင့်အနိုင်ရရှိကာခါရာဘောင်ဖလားဗိုလ်လု ပွဲသို့တက်ရောက်ခဲ့ပါတယ်။
ယူနိုက်တက်ဟာလာမယ့်ဖေဖော်ဝါရီလ၂၆ရက်နေ့တွင်ဝင်ဘာလေကွင်းမှာနယူးကာဆယ်အသင်းနှင့်ခါရာဘောင်ဖလားဗိုလ်လုပွဲကစားရပါမယ်။
ပွဲပြီးအင်တာဗျူးတွင်ခါရာဘောင်ဖလားဗိုလ်လုပွဲသုံးသပ်ရန်လန်ဒန်တွင်ရှိနေမဲ့ရွိုင်ကိန်းဟာအဲရစ်တန်ဟက်ထံမှလက်မှတ်လက်ဆောင်ပေးရန်တောင်းဆိုခဲ့ပါတယ်။
ယင်းကိုဒတ်ချ်လူမျိုးနည်းပြကလည်းရယ်မောကာ “ပြဿနာမရှိဘူး”လို့ယူနိုက်တက်ဂန္ထဝင်အသင်းခေါင်းဆောင်ကိုတုံ့ပြန်ခဲ့ပါတယ်။
အစီအစဉ်တင်ဆက်သူမတ်ချက်မန်းကရွိုင်ကိန်းရဲ့ရယ်စရာကောင်းတဲ့အပြုအမူအတွက်တောင်းပန်မှုပြုလုပ်ခဲ့ပါတယ်။
အဲရစ်တန်ဟက်ဟာနွေရာသီတွင်အေဂျက်စ်မှရောက်လာပြီးနောက်ယူနိုက်တက်ကို၂၀၁၇ခုနှစ်နောက်ပိုင်းပထမဆုံးဆုဖလားရရှိနိုင်ရေးနိုင်ပွဲတစ်ပွဲတည်းသာလိုအပ်တော့တဲ့အနေအထားမျိုးသို့ရောက်အောင်စွမ်းဆောင်ထားနိုင်ပြီဖြစ်ပါတယ်။
ZawGyi
ခါရာေဘာင္ဖလားဗိုလ္လုပြဲအတြက္ လက္မွတ္လက္ေဆာင္ေတာင္းတဲ့ ႐ြိဳင္ကိန္းကို အလွပဆုံးတုံ႔ျပန္ခဲ့တဲ့ အဲရစ္တန္ဟက္
အဲရစ္တန္ဟက္ဟာခါရာေဘာင္ဖလားဗိုလ္လုပြဲအတြက္လက္မွတ္လက္ေဆာင္ေပးရန္ေတာင္းဆိုလာတဲ့ယူႏိုက္တက္ဂႏၴဝင္႐ြိဳင္ကိန္းကိုအလွပဆုံးတုံ႔ျပန္မႈျပဳလုပ္လာခဲ့ပါတယ္။
ယူႏိုက္တက္ဟာမေန႔ညတုန္းကေနာ္တင္ဟမ္ေဖာရက္စ္ကို၂-၀ဂိုးျဖင့္အႏိုင္ရရွိၿပီးႏွစ္ေက်ာ့ေပါင္းရလဒ္၅-၀ျဖင့္အႏိုင္ရရွိကာခါရာေဘာင္ဖလားဗိုလ္လုပြဲသို႔တက္ေရာက္ခဲ့ပါတယ္။
ယူႏိုက္တက္ဟာလာမယ့္ေဖေဖာ္ဝါရီလ၂၆ရက္ေန႔တြင္ဝင္ဘာေလကြင္းမွာနယူးကာဆယ္အသင္းႏွင့္ခါရာေဘာင္ဖလားဗိုလ္လုပြဲကစားရပါမယ္။
ပြဲၿပီးအင္တာဗ်ဴးတြင္ခါရာေဘာင္ဖလားဗိုလ္လုပြဲသုံးသပ္ရန္လန္ဒန္တြင္ရွိေနမဲ့႐ြိဳင္ကိန္းဟာအဲရစ္တန္ဟက္ထံမွလက္မွတ္လက္ေဆာင္ေပးရန္ေတာင္းဆိုခဲ့ပါတယ္။
ယင္းကိုဒတ္ခ်္လူမ်ိဳးနည္းျပကလည္းရယ္ေမာကာ “ျပႆနာမရွိဘူး”လို႔ယူႏိုက္တက္ဂႏၴဝင္အသင္းေခါင္းေဆာင္ကိုတုံ႔ျပန္ခဲ့ပါတယ္။
အစီအစဥ္တင္ဆက္သူမတ္ခ်က္မန္းက႐ြိဳင္ကိန္းရဲ႕ရယ္စရာေကာင္းတဲ့အျပဳအမူအတြက္ေတာင္းပန္မႈျပဳလုပ္ခဲ့ပါတယ္။
အဲရစ္တန္ဟက္ဟာေႏြရာသီတြင္ေအဂ်က္စ္မွေရာက္လာၿပီးေနာက္ယူႏိုက္တက္ကို၂၀၁၇ခုႏွစ္ေနာက္ပိုင္းပထမဆုံးဆုဖလားရရွိႏိုင္ေရးႏိုင္ပြဲတစ္ပြဲတည္းသာလိုအပ္ေတာ့တဲ့အေနအထားမ်ိဳးသို႔ေရာက္ေအာင္စြမ္းေဆာင္ထားႏိုင္ၿပီျဖစ္ပါတယ္။