မန်ယူတွင်ကစားစဉ်ရွန်းနီမုန်းတီးခဲ့တဲ့နေရာက

ဝိန်းရွန်းနီဟာမန်ယူအတွက်၂၅၃ဂိုးသွင်းယူကာမန်ယူသမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေတဲ့သူဖြစ်ပါတယ်။ဒါပေမယ့်သူဟာဗဟိုတိုက်စစ်မှူးတစ်ဦးအဖြစ်ကစားရတာကိုမုန်းတီးခဲ့သူဖြစ်ကြောင်းဝန်ခံပြောကြားလာပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဟာ BT Sport ရဲ့Between the Lines အစီအစဉ်တွင် မန်ယူဂန္ထဝင် နောက်ခံလူရီယိုဖာဒီနန်၊မန်ယူတိုက်စစ်မှူးမားကပ်စ်ရပ်ရှ်ဖို့ဒ်နှင့်အတူပါဝင်ခဲ့ပါတယ်။

ယင်းအစီအစဉ်မှာဝိန်းရွန်းနီကကျောနံပါတ်၉ကစားသမားအဖြစ်ကစားရတာကိုမုန်းတီးကြောင်းနှင့်အသင်းရဲ့ကစားကွက်တည်ဆောက်ရာမှာပါဝင်ရမှုကိုနှစ်သက်ကြောင်းဆိုသွားပါတယ်။

ဝိန်းရွန်းနီဟာ၂၀၀၈/၀၉၊၂၀၀၉-၁၀ရာသီတို့တွင်၉၃ပွဲကစားရာမှာ၅၄ဂိုးသွင်းခဲ့တဲ့အပြင်၂၀၁၀-၁၁ရာသီမှာလည်း၃၄ဂိုးအထိသွင်းနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်းမန်ယူအသင်းခေါင်းဆောင်ဟောင်းက “နှစ်ရာသီကို(၂၀၀၈-၀၉၊၂၀၀၉-၁၀)ကျောနံပါတ်၉ကစားသမားအဖြစ်ကစားခဲ့ပါတယ်။ကွဲပြားတဲ့ပွဲတွေမှာအထောင်တိုက်စစ်မှူးကစားလိုက်၊မကစားလိုက်လုပ်ခဲ့ပေမယ့်အဲဒီ၂နှစ်မှာတော့အထောင်တိုက်စစ်မှူးအဖြစ်ကစားခဲ့ရတယ်။အထောင်တိုက်စစ်မှူးအဖြစ်ကစားရတဲ့ပွဲတွေမှာလုံးဝမပျော်ခဲ့ဘူး။ကျွန်တော်ကကစားကွက်တည်ဆောက်ရာမှာပါဝင်ချင်တဲ့ကစားသမားတစ်ဦးပါ။မားကပ်စ်လည်းနောက်နှစ်အနည်းငယ်မှာသင်ယူလာရပါလိမ့်မယ်။ကျွန်တော်ဆိုရင်အဲဒီမှာကစားဖို့၇နှစ်၊၈နှစ်လောက်သင်ယူခဲ့ရတယ်။ဂိုးဘယ်လိုရယူရမလဲသင်ယူရတယ်။ကစားရတာအခက်ခဲဆုံးနေရာပါ။ကြီးမားတဲ့ဗဟိုခံစစ်မှူးတွေနဲ့ရင်ဆိုင်ရတယ်။ပြီးတော့ကိုယ်ကကိုယ်အစွမ်းနဲ့ကိုယ်ထိုးဖောက်ရတယ်။ကျွန်တော်လုံးဝမပျော်ဘူး။ဒါပေမယ့်အဲဒီရာသီတွေကကျွန်တော်ဂိုးတွေတဒိုင်းဒိုင်းသွင်းနိုင်ခဲ့တဲ့၂နှစ်တာကာလပါ။ကွင်းထဲကထွက်လာချိန်မှာ၂ဂိုးသွင်းခဲ့ရင်တောင်ကစားတာမကောင်းဘူးလို့ညဉ်းတွားခဲ့တယ်။ကျွန်တော်ဘောလုံးများများမထိတွေ့နိုင်ခဲ့ဘူးလေ”လို့ပြောကြားခဲ့ပါတယ်။

ဝိန်းရွန်းနီဟာ၂၀၀၉-၁၀ရာသီမှာပရီးမီးယားလိဂ်ဂိုး၂၆ဂိုးအထိသွင်းယူနိုင်ခဲ့ပြီးPFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။ယင်းရာသီမှာဝိန်းရွန်းနီထက်ဒီဒီယာဒရော့ဘာတစ်ဦးတည်းဘဲဂိုးအများဆုံးသွင်းနိုင်ခဲ့ပါတယ်။

zawgyi

မန္ယူတြင္ကစားစဥ္႐ြန္းနီမုန္းတီးခဲ့တဲ့ေနရာက

ဝိန္း႐ြန္းနီဟာမန္ယူအတြက္၂၅၃ဂိုးသြင္းယူကာမန္ယူသမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနတဲ့သူျဖစ္ပါတယ္။ဒါေပမယ့္သူဟာဗဟိုတိုက္စစ္မႉးတစ္ဦးအျဖစ္ကစားရတာကိုမုန္းတီးခဲ့သူျဖစ္ေၾကာင္းဝန္ခံေျပာၾကားလာပါတယ္။

အဂၤလန္အသင္းေခါင္းေဆာင္ေဟာင္းဟာ BT Sport ရဲ႕Between the Lines အစီအစဥ္တြင္ မန္ယူဂႏၴဝင္ ေနာက္ခံလူရီယိုဖာဒီနန္၊မန္ယူတိုက္စစ္မႉးမားကပ္စ္ရပ္ရွ္ဖို႔ဒ္ႏွင့္အတူပါဝင္ခဲ့ပါတယ္။

ယင္းအစီအစဥ္မွာဝိန္း႐ြန္းနီကေက်ာနံပါတ္၉ကစားသမားအျဖစ္ကစားရတာကိုမုန္းတီးေၾကာင္းႏွင့္အသင္းရဲ႕ကစားကြက္တည္ေဆာက္ရာမွာပါဝင္ရမႈကိုႏွစ္သက္ေၾကာင္းဆိုသြားပါတယ္။

ဝိန္း႐ြန္းနီဟာ၂၀၀၈/၀၉၊၂၀၀၉-၁၀ရာသီတို႔တြင္၉၃ပြဲကစားရာမွာ၅၄ဂိုးသြင္းခဲ့တဲ့အျပင္၂၀၁၀-၁၁ရာသီမွာလည္း၃၄ဂိုးအထိသြင္းႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္လည္းမန္ယူအသင္းေခါင္းေဆာင္ေဟာင္းက “ႏွစ္ရာသီကို(၂၀၀၈-၀၉၊၂၀၀၉-၁၀)ေက်ာနံပါတ္၉ကစားသမားအျဖစ္ကစားခဲ့ပါတယ္။ကြဲျပားတဲ့ပြဲေတြမွာအေထာင္တိုက္စစ္မႉးကစားလိုက္၊မကစားလိုက္လုပ္ခဲ့ေပမယ့္အဲဒီ၂ႏွစ္မွာေတာ့အေထာင္တိုက္စစ္မႉးအျဖစ္ကစားခဲ့ရတယ္။အေထာင္တိုက္စစ္မႉးအျဖစ္ကစားရတဲ့ပြဲေတြမွာလုံးဝမေပ်ာ္ခဲ့ဘူး။ကြၽန္ေတာ္ကကစားကြက္တည္ေဆာက္ရာမွာပါဝင္ခ်င္တဲ့ကစားသမားတစ္ဦးပါ။မားကပ္စ္လည္းေနာက္ႏွစ္အနည္းငယ္မွာသင္ယူလာရပါလိမ့္မယ္။ကြၽန္ေတာ္ဆိုရင္အဲဒီမွာကစားဖို႔၇ႏွစ္၊၈ႏွစ္ေလာက္သင္ယူခဲ့ရတယ္။ဂိုးဘယ္လိုရယူရမလဲသင္ယူရတယ္။ကစားရတာအခက္ခဲဆုံးေနရာပါ။ႀကီးမားတဲ့ဗဟိုခံစစ္မႉးေတြနဲ႔ရင္ဆိုင္ရတယ္။ၿပီးေတာ့ကိုယ္ကကိုယ္အစြမ္းနဲ႔ကိုယ္ထိုးေဖာက္ရတယ္။ကြၽန္ေတာ္လုံးဝမေပ်ာ္ဘူး။ဒါေပမယ့္အဲဒီရာသီေတြကကြၽန္ေတာ္ဂိုးေတြတဒိုင္းဒိုင္းသြင္းႏိုင္ခဲ့တဲ့၂ႏွစ္တာကာလပါ။ကြင္းထဲကထြက္လာခ်ိန္မွာ၂ဂိုးသြင္းခဲ့ရင္ေတာင္ကစားတာမေကာင္းဘူးလို႔ညဥ္းတြားခဲ့တယ္။ကြၽန္ေတာ္ေဘာလုံးမ်ားမ်ားမထိေတြ႕ႏိုင္ခဲ့ဘူးေလ”လို႔ေျပာၾကားခဲ့ပါတယ္။

ဝိန္း႐ြန္းနီဟာ၂၀၀၉-၁၀ရာသီမွာပရီးမီးယားလိဂ္ဂိုး၂၆ဂိုးအထိသြင္းယူႏိုင္ခဲ့ၿပီးPFA တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးႏိုင္ခဲ့ပါတယ္။ယင္းရာသီမွာဝိန္း႐ြန္းနီထက္ဒီဒီယာဒေရာ့ဘာတစ္ဦးတည္းဘဲဂိုးအမ်ားဆုံးသြင္းႏိုင္ခဲ့ပါတယ္။